#Local_News
Published_ 6 September 2022

 

ရန်ကုန်ဆိပ်ကမ်းများ၌ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတကာသင်္ဘောလိုင်း ၁၄ လိုင်းမှ ကုန်သေတ္တာတင်သင်္ဘော ၅၅ စင်း ဆိုက်ကပ်မှာဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ပြီးခဲတဲ့ ဇန်နဝါရီမှ သြဂုတ်လကုန်အထိ ရှစ်လတာအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများမှ ကုန်သေတ္တာတင် သင်္ဘော ၄၁၀ စင်းဆိုက်ကပ်ခဲ့ပါတယ်။

 

ရန်ကုန်ဆိပ်ကမ်းများ၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် သင်္ဘောလိုင်း ၁၃ လိုင်းမှ ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်း၊ ဖေဖော်ဝါရီတွင် သင်္ဘောလိုင်း ၁၃ လိုင်းမှ ၄၈ စင်း၊ မတ်လတွင် ၅၀ စင်း၊ ဧပြီလတွင် သင်္ဘောလိုင်း ၁၄ လိုင်းမှ ၅၂ စင်း၊ မေလတွင် ၁၂ လိုင်းမှ ၅၄ စင်း၊ ဇွန်လတွင် ၁၅ လိုင်းမှ ၅၃ စင်း ၊ ဇူလိုင်လတွင် ၁၅ လိုင်းမှ ၄၉ စင်း၊ သြဂုတ်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၅ စင်း ဆိုက်ကပ်၍ ကုန်တင်ကုန်ချလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

 

ယခုအခါ ရန်ကုန်ဆိပ်ကမ်း၏ ရေလမ်းကြောင်းတိုးတက်ကောင်းမွန်မှုကြောင့် ရေစူး ၁၀ မီတာနှင့် တန်ချိန် ၃၀,၀၀၀ အထိတင်နိုင်သော ကုန်သေတ္တာတင် သင်္ဘောကြီး များ၊ စက်သုံးဆီသင်္ဘောကြီးများနှင့် အထွေထွေကုန်စည်တင်သင်္ဘောကြီးများကို လက်ခံဝန်ဆောင်မှုပေးလျှက်ရှိကြောင်း သတင်းရရှိပါတယ်။

 

#ygm_mnn
#Yangon_Media_Group