#Local_News
Published _ 6 September 2022

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က သက်မှတ်ထားသည့် နိုင်ငံတကာခြေစမ်းပွဲများ ကစားမည့်ရက် (International “ A” Friendly Match Day)တွင် မြန်မာ့လက်ရွေးစင် အသင်းနှင့် ဟောင်ကောင်လက်ရွေးစင် အသင်းတို့ ခြေစမ်းပွဲ (၂)ပွဲ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သိရသည်။

 

မြန်မာ (FIFA Ranking-158) နှင့် ဟောင်ကောင်လက်ရွေးစင် (FIFA Ranking- 147) အသင်းတို့အနေဖြင့် စက်တင်ဘာ ၂၁ ရက်တွင် ပရိသတ်မပါဘဲ (Behind Closed Door) အဖြစ်လည်းကောင်း၊ စက်တင်ဘာ ၂၄ ရက်တွင် ပရိသတ် ဝင်ရောက်ကြည့်ရှုခွင့်ရှိမည့် (Open to Spectators) အဖြစ် လည်းကောင်း ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းကြောင့် မြန်မာ့လက်ရွေးစင် အသင်းက စက်တင်ဘာလ ၁၅ ရက်တွင် သုဝဏ္ဏအားကစားကွင်း၌ စတင်၍ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ရာ နည်းပြချုပ် အန်တွမ်နီဟေးလ်က ပဏာမ ကစားသမား စာရင်းကို မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ် ဒီဇင်ဘာလအတွင်း အာဆီယံချန်ပီယံရှစ် (AFF Mitsubishi Electronic Cup 2022) ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စု(ခ)တွင် ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ လာအို အသင်းများနှင့်အတူ ကျရောက်လျက်ရှိကြောင်းလည်း သိရသည်။

Hong Kong National Football Team (Photo-HKFA)
#ymg/mt
#Yangon_Media_Group