#Local_News
Published_ 10 July 2022
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ဇူလိုင်၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ ဆက်လက်ကျင်းပခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အဖွဲ့ဝင်များ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)မှအထွေထွေအတွင်းရေးမှူး ကျောဆော်လမွန်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြပါတယ်။

ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃) ပါ သဘောတူညီချက်များနှင့် ပတ်သက်၍လည်းကောင်း၊ အစိတ်အပိုင်း(၃)မှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန်အချက်များနှင့် ပတ်သက်၍လည်းကောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ လေ့လာဆန်းစစ် ဖော်ထုတ်စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များအား ညှိနှိုင်းရေး ကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြသည်။
ထို့နောက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများအား နှစ်ဖက်ဆွေးနွေး ညှိနှိုင်းကြပြီး ၃ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များကို အတည်ပြု လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
ယင်းနောက် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) အထွေထွေအတွင်းရေးမှူး ဆော်လမွန်နှင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်တို့က နိဂုံးချုပ်အမှာစကားများပြောကြားခဲ့ကြောင်း သတင်းရရှိ ပါတယ်။

ymg-mnn
#Yangon_Media_Group
#Health_Matters
Published - 9 July 2022
-ရာသီဥတု အကျပ်အတည်းတွေကို One Health ဘက်က ချည်းကပ်ရင် ဘာတွေအကျိုးပိုရှိလာနိုင်မလဲ??
#Yangon_Media_Group
#LocalNews
Published_9 July 2022
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ပြန်လာသည့် နယ်စပ်ကုန်သွယ်ရေးစက်လှေသမား ၅ ဦးတွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
စစ်တွေမြို့၊ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းသို့ပြန်လာသည့် စက်လှေသမား ၅၅ ဦးကို Quarantine ထားရှိပြီး ကိုဗစ်ရောဂါပိုးကူးစက်ခံရခြင်း ရှိ၊ မရှိစစ်ဆေးခဲ့ရာ ဇူလိုင်လ (၇ )ရက်တွင် ၂ ဦး၊ ဇူလိုင်လ (၈)ရက်တွင် (၃)ဦး တို့တွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့ကရောဂါပိုးတွေ့တဲ့ စက်လှေသမား ၃ ဦးရှိခဲ့တာကြောင့် ကျန်တဲ့ စက်လှေသမားတွေကို Quarantine ထားရှိပြီး စစ်ဆေးခဲ့တာမှာတွေ့တာပါ၊ အခုဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ ကျန်းမာရေး ကောင်းပါတယ်။မကြာခင် ဆေးရုံက ဆင်းရမှာပါ"ဟု အဆိုပါ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူကပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သည့် စက်လှေသမား ၃ ဦးမှာလည်း ကျန်းမာရေးကောင်းမွန်သည့်အတွက် ဆေးရုံမှဆင်းခွင့်ရသွားပြီဖြစ်ကြောင်း သိရသည်။
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တစ်ကျော့ပြန်ကိုဗစ် ဖြစ်ပွားနေသောကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်နေကြသူများအနေဖြင့် သတိထားနေထိုင်ကြရန် ရခိုင်ပြည်နယ်အစိုးရက ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်က တိုက်တွန်းခဲ့သေးသည်။
ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးကို ပြီးခဲ့သည့် ကိုဗစ် ပထမလှိုင်းနှင့် ဒုတိယလှိုင်းကာလ ၂ဝ၂ဝ ပြည့်နှစ် သြဂုတ်လအတွင်းက ပိတ်ထားခဲ့ပြီး ၂ဝ၂၁ ခုနှစ်၊ ဧပြီလတွင် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ်တတိယလှိုင်းဖြစ်ပွားမှုများလာတာကြောင့် ဇူလိုင်လ ၁၅ ရက်မှ အောက်တိုဘာလ ၁၂ ရက်ထိ ပိတ်ထားခဲ့ကာ အောက်တိုဘာလ ၁၃ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#Health_Matters
Published - 9 July 2022
-ရာသီဥတုအကျပ်အတည်းတွေကို သိပ္ပံပညာရှုထောင့်ကနေပဲ ဖြေရှင်းရင် လုံလောက်ပါ့မလား??
#Yangon_Media_Group
#Health_Matters
Published - 9 July 2022
-ရာသီဥတုအကျပ်အတည်းက ကျန်းမာရေးပြဿနာတွေကို ဘယ်လောက်အထိများပြားလာစေပါသလဲ??
#Yangon_Media_Group
#Local_News
Published _ 9 July 2022
မနက်ဖြန် ဇူလိုင်လ ၁၀ ရက်မှစ၍ လာမည့် ငါးရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့်ပြည်နယ် ခုနစ်ခုတွင် မိုးကြီးမည့်အပြင် လေပြင်းပါတိုက်ခတ်မည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဇူလိုင်လ ၁၀ ရက်မှ ဇူလိုင်လ ၁၄ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တိုတွင် မုတ်သုံလေအား ကောင်းလာနိုင်သောကြောင့် ပဲခူးတိုင်းဒေသကြီး ၊ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးကြီးပြီးလေပြင်းတိုက်ခတ်မည်ဟု သိရသည်။
လာမည့် ငါးရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၃ လက်မ (၇၇-မီလီမီတာ) နှင့်အထက် မိုးရွာသွန်းနိုင်သည်ဟုလည်း သိရသည်။
မုတ်သုံလေအားကောင်းလာနိုင်သောကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ် များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများလည်း သတိ ပြုနိုင်ရန်လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အကြံပြုနှိုးဆော်ထားသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 9 July 2022
အခြေခံပညာစာသင်ကျောင်းများပိတ်ထားပြီး ၂ နှစ်ကျော်အကြာတွင် စာသင်ကျောင်းများ ပြန်ဖွင့်သည့်အတွက် စည်းကမ်းပိုင်းဆိုင်ရာထိန်းသိမ်းမှု အားနည်းပြီး မကြာခဏ ခိုက်ရန်ဖြစ်ပွားခြင်းဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။
ယခုရက်ပိုင်းအတွင်း အခြေခံပညာစာသင်ကျောင်းများ၌ အုပ်စုဖွဲခိုက်ရန်ဖြစ်ပွားမှု မကြာခဏဖြစ်ပေါ်နေကြောင်း သိရသည်။
"နှစ်စဥ်ကတော့ ကျောင်းဖွင့်ရာသီတွေမှာ ဖြစ်လေ့ဖြစ်ထလေးတွေရှိတယ်။ ဒီနှစ်မှာတေ့ာ နေပြည်တော်မှာဆိုရင် အသေအပျောက်တွေဘာတွေရှိတာ ကျွန်တော်တို့တွေ့ရပါတယ်။ ကြားကာလမှာလည်း ကျောင်းပိတ်ထားတဲ့အနေအထား ကိုဗစ်နဲ့ပိတ်ထားတဲ့ကာလ။ ပြီးတော့ နည်းနည်းလေးလည်း အသက်အရွယ်ရလာပြီး တေ့ာမှ ဆရာ၊ ဆရာမရဲ့ အုပ်ထိန်းမှုတွေ လွတ်လာတယ်လို့ ကျွန်တော်သုံးသပ်တာပေါ့။ ကျောင်းသား ကျောင်းသူတွေကလည်း အရင်ကထက်စာရင် အများကြီးကျောင်းအပ်လာတော့ ကျောင်းနဲ့ ကင်းကွာသွားတဲ့အချိန်မှာ နည်းနည်းလေး စည်းကမ်းပိုင်းဆိုင်ရာ အားနည်းသွားတယ်လို့ သုံးသပ်ရတယ်။ ရုတ်တရက်ဆရာ၊ ဆရာမတွေက လတ်တလောမှာ တချို့မထိန်းနိုင်တာလေးတွေလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်မိတယ်"ဟု အ ခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ လမ်းပျဉ်းမနားရွာမ ရပ်ကွက်မှာရှိသည့် အထက-၁၉ ကျောင်းတွင် ကျောင်းသားများ အုပ်စုလိုက်ရန်ဖြစ်ပွားမှုတွင် တစ်ဦးသေဆုံးခဲ့ကြောင်း၊ ယင်းအပြင် ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း အထက်တန်းကျောင်းတစ်ခုတွင် ကျောင်းသားတစ်ဦးကို တခြားကျောင်းသားတွေများမှ အဖွဲ့လိုက် ဝိုင်းဝန်းထိုးကြိတ်နေသည့် ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်၌ ပျံ့နှံခဲ့ကြောင်း သိရသည်။
"ထိန်းချုပ်မှုတွေက သက်ဆိုင်ရာကျောင်းတိုင်းကျောင်းတိုင်းမှာ ကျောင်းစည်းကမ်း ထိန်းသိမ်းရေး ကော်မတီဆိုတာရှိတယ်။ ကျောင်းအုပ်ကြီးက ဥက္ကဌပေါ့။ ကျန်တာက ကျောင်းမှာရှိတဲ့ အထက်တန်းပြ၊ အလယ်တန်းပြတွေပါတဲ့ အဖွဲပေါ့။ ပြီးတော့ကော်မတီထဲမှာ ရပ်မိရပ်ဖတို့ ကျောင်းအကျိုးတော်ဆောင်တွေလည်းပါတယ်။ ဒါတွေလည်း ကျောင်းစည်းကမ်းထိန်း သိမ်းဖို့အတွက် အတွင်းမှာရောအပြင်မှာရော အရင်တုန်းကတော့ ဆောင်ရွက်ခဲ့တာပဲ။ လက်ရှိလည်း ဒီတိုင်းသွားနေတာပါ" ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
ymg/sth
#Yangon_Media_Group
Page 2044 of 2359