#Local_News
Published_ 2 May 2022
မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား RCEP သဘောတူညီချက်အရ ကုန်ပစ္စည်း အမျိုးအစား ၆၀၀၀ ခန့်ကို အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်တဲ့ အခွင့်အရေးရရှိမယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
RCEP ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (Regional Comprehensive Economic Partnership Agreement) ရဲ့ သဘောတူ စာချုပ် အပိုဒ် (၂၀.၆) စာချုပ် အသက်ဝင်ခြင်းအရ မြန်မာနဲ့ တရုတ်တို့ အကြားတွင် ၂၀၂၂ ခုနှစ် မေ ၁ ရက်တွင် စတင်အသက်ဝင်ခဲ့တာ ဖြစ်ပါတယ်။

ထိုသို့ စတင်အသက်ဝင်တာကြောင့် မြန်မာ့လုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းအမျိုးအစား ၅၉၆၉ မျိုးကို အကောက်ခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့နိုင်တဲ့ အခွင့်အရေးရရှိမှာ ဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါ သဘောတူစာချုပ်အရ တရုတ်နိုင်ငံသို့ တင်ပိုတဲ့ ကုန်ပစ္စည်းများကို လျင်မြန်စွာ ထုတ်ယူနိုင်တဲ့ အကျိုးကျေးဇူးရရှိမှာ ဖြစ်ပါတယ်။
တင်ပိုခွင့်ရမယ့် ကုန်ပစ္စည်း အမျိုးအစားတွေကတော့ တိရစ္ဆာန်ထွက်ကုန်ပစ္စည်း ၃၆၈ မျိုး၊
စိုက်ပျိုးရေးထွက်ကုန်ပစ္စည်း ၃၈၉ မျိုး၊ ဆီထွက်ကုန်ပစ္စည်း ၁၀ မျိုး၊ အစားအစာနှင့် စပ်လျဉ်းတဲ့ ကုန်ပစ္စည်း ၁၆၃ မျိုး၊ တွင်းထွက်ကုန်ပစ္စည်း ၁၈၁ မျိုး၊ ဓာတုထွက်ကုန်နှင့် လုပ်ငန်းသုံးကုန်ပစ္စည်း ၁၁၂၇ မျိုး၊ ပလတ်စတစ်ပစ္စည်း ၁၂၅ မျိုး၊ သားရေထည် ပစ္စည်း ၆၇ မျိုး၊ သစ်တောထွက်ပစ္စည်း ၂၃၄ မျိုး၊ အထည်အလိပ်နှင့်စပ်လျဉ်းတဲ့ ကုန်ပစ္စည်း ၉၀၃ မျိုး၊ ဖိနပ်၊ ထီးအပါအဝင်ပစ္စည်းမျိုးစုံ ၂၉ မျိုး၊ ဘိလပ်မြေနှင့် ဘိလပ်မြေထွက်ပစ္စည်းများ၊ မှန်နှင့် မှန်ပစ္စည်း ၁၄၆ မျိုး၊ ပုလဲနှင့် အဖိုးတန်ကျောက်မျက်ပစ္စည်း ၆၂ မျိုး၊ သတ္တုနှင့် သတ္တု အခြေခံပစ္စည်း ၅၅၄ မျိုး၊ စက်နှင့်စက်ပစ္စည်းအစိတ်အပိုင်း ၁၀၅၈ မျိုး၊ မော်တော်ကား၊ လေယာဉ်၊ သင်္ဘောနှင့် သယ်ယူပို့ဆောင်ရေး အစိတ်အပိုင်းများ ၂၄ မျိုး၊ ဆေးပစ္စည်း၊ ရုပ်ရှင်လုပ်ငန်းသုံးပစ္စည်းနှင့် တူရိယာပစ္စည်း ၂၄၀ တို့ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
#Local News
Published-2 May 2022
လတ်တလောမှာ ကလေးငယ်တွေအနေနဲ့ ဖျားနာတာ၊ အပူကြီးတာ၊ အထက်လန်အောက်လျှောတာတွေ အဖြစ်များနေတယ်လို့ ဝေဘာဂီဆေးရုံကြီး၊ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာခင်ခင်ထားက YMG ကို ပြောပါတယ်၊၊
"ရာသီဥတုနည်းနည်းပူတော့ ဖျားကြတာပေါ့၊၊ အဖျား အပူကြီးကြတယ်၊၊ အချို့ကလေးတွေဆိုရင် အပူကြီးလို့ တက်တတ်တဲ့ ကလေးတွေဆိုရင် တက်လာတယ်၊၊ အထက်လန်အောက်လျှောလေးဖြစ်ကြတယ်၊၊ ရာသီချိန်ဖျားတယ်ပေါ့နော်၊၊ အထက်လန်အောက်လျှောကများတယ် အန်တယ်၊၊ဝမ်းလျောတယ်၊၊ အပူကြီးတယ် အပူကြီးတယ်ဆိုတာ ချောင်းဆိုးနှာစေးမဖြစ်ဘဲ အပူပဲတက်လာတာ၊၊ အစားအသောက်တွေမသန့်လို့ ယင်နားစာတွေစားလို့ အန်ကြတယ်၊၊ ဝမ်းလျှောတယ်ပေါ့ အဲဒါတွေအဖြစ်များနေပါတယ်"လို့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်ထားက ပြောပါတယ်၊၊
ကလေးငယ်တွေကို ပန်းခြံထဲမှာ ကစားခိုင်းထားချိန်မှာ အပူရှပ်နေတာ၊ အပူကြီးနေတာဖြစ်ပွားနေတာဖြစ်ပြီး နေ့ခင်းနေ့လယ် အပူချိန်ပြင်းတဲ့အခါမှာ အပြင်ခေါ်သွားတာမျိုး၊ ကစားခိုင်းထားမျိုးမပြုလုပ်သင့်ဘူးလို့ ဒေါက်တာခင်ခင်ထားက အကြံပြုပြောပြထားပါတယ်၊၊
ကလေးငယ်တွေအနေနဲ့ မနက်(၁၀)နာရီမှနေ့လယ်(၃)နာရီအတွင်း အပူတိုက်ရိုက်ကျမယ့် နေရာတွေမှာနေထိုင်တာ၊ သွားလာတာတွေ မလုပ်သင့်သလို မသန့်ရှင်းတဲ့အစားအစာတွေကိုလည်း မစားသင့်ဘူးလို့လည်း သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 2 May 2022
မြန်မာနိုင်ငံမှာ အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်တဲ့ ရောဂါများကို ကာကွယ်ပေးနိုင်တဲ့ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုနှုန်း နိမ့်ကျနေတဲ့အတွက် ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တဲ့ ရောဂါများ အစုလိုက်ဖြစ်ပွားနိုင်တဲ့ အန္တရာယ်မြင့်မားနေတယ်လို့ ယူနီဆက်က ထုတ်ပြန်ထားပါတယ်။
ယူနီဆက်အနေနဲ့ နိုင်ငံတစ်ဝန်းရှိ ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံပေးဖို့နဲ့ အားလုံးအသက်ရှည်ရှည်နေနိုင်အောင် ပံ့ပိုးပေးနိုင်ဖို့အတွက် ထပ်တိုးရန်ပုံငွေများ လိုအပ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရှိ ကလေးငယ် ၇ သိန်းနီးပါးဟာ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုများ မရရှိခဲ့တဲ့အတွက် ကလေးငယ်များမှာ ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တဲ့ရောဂါများ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်များ ကြုံတွေ့နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယူနီဆက်ရဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ ပထမဆုံးကြီးမားတဲ့ အောင်မြင်မှုတွေထဲက တစ်ခုကတော့ ၁၉၅၀ ပြည့်နှစ်များမှာ ပြုလုပ်ခဲ့တဲ့ အစုလိုက် တီဘီရောဂါကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုကို ပံ့ပိုးပေးနိုင်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အားလုံးအသက်ရှည်ရှည်နေနိုင်ဖို့ရည်မှန်းချက်နဲ့အတူ နှစ်စဉ် မွေးကင်းစကလေး ၈၀% အထိ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပါတယ်။
ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တဲ့ရောဂါများဖြင့် ကလေးငယ်များသေဆုံးရခြင်းကို ရပ်တန့်ဖို့အတွက် ကာကွယ်ဆေးက အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေပြီး အသက်ရှည်ရှည်နေထိုင်နိုင်အောင် ပံ့ပိုးပေးဖို့အတွက် ကာကွယ်ဆေးထိုးနှံဖို့ ယူနီဆက်က တိုက်တွန်းထားပါတယ်။
ymg-mnn
#Yangon_Media_Group.
#TV Yangon Times Mattersအစီအစဉ်
Published - 1 May 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ် က ငယ်စဉ်ကတည်းက အနုပညာ အထုံဝါသနာပါလာသူ အောင်ကျော်ထွန်း(လင်္ကာဒီပ)နှင့် အတူ
_ "ဆရာရဲ့ ငယ်စဉ်ကတည်းက အနုပညာစိတ်များသန္ဓေတည်လာဖြစ်ပုံအကြောင်းများ။
_ ဆရာဖန်တီးခဲ့တဲ့ အနုပညာလက်ရာများနှင့်
_ လင်္ကာဒီပ ဩခက်စတြာ တည်ထောင်ဖြစ်ပုံများ" စတဲ့ စိတ်၀င်စားစရာအကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#TV Yangon Times Mattersအစီအစဉ်
Published - 1 May 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ် က ငယ်စဉ်ကတည်းက အနုပညာ အထုံဝါသနာပါလာသူ အောင်ကျော်ထွန်း(လင်္ကာဒီပ)နှင့် အတူ
_ "ဆရာရဲ့ ငယ်စဉ်ကတည်းက အနုပညာစိတ်များသန္ဓေတည်လာဖြစ်ပုံအကြောင်းများ။
_ ဆရာဖန်တီးခဲ့တဲ့ အနုပညာလက်ရာများနှင့်
_ လင်္ကာဒီပ ဩခက်စတြာ တည်ထောင်ဖြစ်ပုံများ" စတဲ့ စိတ်၀င်စားစရာအကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#TV Yangon Times Mattersအစီအစဉ်
Published - 1 May 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ် က ငယ်စဉ်ကတည်းက အနုပညာ အထုံဝါသနာပါလာသူ အောင်ကျော်ထွန်း(လင်္ကာဒီပ)နှင့် အတူ
_ "ဆရာရဲ့ ငယ်စဉ်ကတည်းက အနုပညာစိတ်များသန္ဓေတည်လာဖြစ်ပုံအကြောင်းများ။
_ ဆရာဖန်တီးခဲ့တဲ့ အနုပညာလက်ရာများနှင့်
_ လင်္ကာဒီပ ဩခက်စတြာ တည်ထောင်ဖြစ်ပုံများ" စတဲ့ စိတ်၀င်စားစရာအကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 1 May 2022
ရန်ကုန်မြို့တွင် ဒုတိယမြောက်နေ့အဖြစ် မေ(၁)ရက်မွန်းလွဲပိုင်းမှာ မိုးတွေဆက်လက်ရွာသွန်းခဲ့ပါတယ်။ မေ(၁)ရက်နေ့မှာ မိုးရောလေရော သည်းထန်စွာရွာသွန်းခဲ့တာဖြစ်ပါတယ်။
"မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးကြိုကာလဖြစ်သည့်မေလမှ မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေမဝင်ရောက်မီ ကာလ အတွင်းလေထုမငြိမ်မသက်မှုများကြောင့်လည်းကောင်း၊နေ့အပူချိန်များ တစ်ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ် များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းခြင်းကြောင့်လည်းကောင်း၊ လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်း ရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ် နိုင်ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်” လို့ မိုး/ဇလဌာနက မေ(၁)ရက်မှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
Page 2039 of 2197