#LocalNews
Published - 7 June 2022
သွေးလွန်တုပ်ကွေးမဖြစ်အောင် မော်လမြိုင်မြို့၊ စမ်းကြီးလူငယ်သင်တန်းကျောင်းတွင် ခြင်ဆေးဖျန်းခြင်းများကို ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ဆောင်ရွက်ပေးနေကြောင်းသိရသည်၊၊
မွန်ပြည်နယ်ဟာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ဒုတိယအများဆုံးဒေသဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များက ဖော်ပြထားသည်၊၊
ဇွန်လ(၇)ရက်တွင် မော်လမြိုင်မြို့၊စမ်းကြီးလူငယ်သင်တန်းကျောင်းဝင်းရှိ အထူးပြုစုစောင့်ရှောက်ရန် လိုအပ်နေသောကလေးများသင်ကြားရေး ကျောင်းအားခြင်ဆေးဖျန်းပေးပါရန်ကူညီတောင်းခံလာသည့်အတွက် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်၊၊
ခြင်ဆေးဖြန်းပေးခြင်းနှင့်ပတ်သက်၍ "ကျွန်တော်တို့ ခြင်ဆေးဖြန်းပေးတာကိုဆောင်ရွက်ပေးနေပါတယ်၊၊ လုံးဝအခမဲ့ချည်းတော့မဟုတ်ဘူး၊၊ အလှူငွေထည့်လိုသူတွေထည့်နိုင်ပါတယ်၊၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ ကားဆီဖိုးလည်းကုန်ကျတာရှိလို့ပါ၊၊ ခြင်ဆေးဖြန်းလိုသူတွေဆက်သွယ်အကူအညီတောင်းခံနိုင်ပါတယ် "လို့ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ဦးက YMG ကို ပြောပါတယ်၊၊
ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ သွေးလွန်တုပ်ကွေးရာသီတွင် ခြင်ဆေးဖျန်းခြင်းများ ကူညီဆောင်ရွက်နေပြီး မော်လမြိုင်ရှိ စာသင်ခန်းများ၊ အိမ်သာများ၊ ရုံးခန်းများကို ခြင်ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#WorldHealth
Published 8 June 2022
လူတစ်ယောက်ဘယ်လောက်အထိ အထီးကျန်နေသလဲဆိုတာကို သွေးထဲမှာမြင်တွေ့နိုင်ပါတယ်။
ဂျပန်သိပ္ပံပညာရှင်များက လူ ၃၈ ဦးထံမှ သွေးနမူနာများဆန်းစစ်လေ့လာခဲ့ရာ လူမှုဆက်ဆံရေးအလွန်ကင်းကွာနေတဲ့သူတွေမှာ အချို့ဒြပ်ပေါင်းတွေ တွေ့ရှိခဲ့ကြပါတယ်။
သူတို့မှာ နှလုံးပြဿနာဖြစ်နိုင်ချေရှိတဲ့ long-chain acylcarnitine အဆီဓာတ် များပြားနေပါတယ်။
အထီးကျန်ဆန်တဲ့ အမျိုးသားတွေမှာ bilirubin နဲ့ arginine ဓာတ်နည်းသွားပြီး စိတ်ဓာတ်ကျဝေဒနာဖြစ်ခြင်းနဲ့ ဆက်စပ်နေပါတယ်။
ဒီအခြေအနေရဲ့ ဇီဝသက်ရှိဆိုင်ရာအရင်းအမြစ်တွေကို ဖော်ထုတ်နိုင်မယ့်ပထမဆုံးခြေလှမ်းဖြစ်ကြောင်း သုတေသီတို့က Dialogues In Clinical Neuroscience ဂျာနယ်မှာ သူတို့ရဲ့လေ့လာချက်ကို ဖော်ပြသွားပါတယ်။
စိတ်ရောဂါဝေဒနာရှိသူတွေရဲ့ ဦးနှောက်ဟာ ပုံမှန်လူတွေနဲ့ တည်ဆောက်ပုံကွဲပြားခြားနားပါတယ်။
MRI စကင်ဖတ်ပြီး လူ ၁၂၀ ကိုလေ့လာခဲ့ရာမှာ စိတ်ရောဂါဝေဒနာရှိလာနိုင်တဲ့သူတွေမှာ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်နေရာဖြစ်တဲ့ striatum က ၁၀ ရာခိုင်နှုန်း ပိုကြီးနေတာကိုတွေ့ခဲ့ရပါတယ်။
စင်ကာပူရှိ နန်ယန်းနည်းပညာတက္ကသိုလ်မှ 'အိုလီဗီယာချွိင်'က "လူမှုဆက်ဆံရေးမရှိတဲ့ လူနဲ့ ဆက်ဆံရေးကောင်းသူတို့မှာ ဇီဝဗေဒဆိုင်ရာကွဲပြားချက်အရ ဦးနှောက်တည်ဆောက်ပုံအရွယ်အစားမတူညီပါဘူး" လို့ ပြောပြသွားပါတယ်။
Source: DailyMail
#Yangon_Media_Group
#LocalNews
Published -1 June 2022
တာဝန်ပြန်လည်ထမ်းဆောင်ရန် သတင်းပေးပို့သည့် ဆရာ၊ ဆရာမ အရေအတွက် ၂၉၆၀ ဦး သတင်းပို့ ဆက်သွယ်ခဲ့ကာ လက်ရှိတွင် ဆက်သွယ်သတင်းပေးပို့နိုင်သည့် ရက်ကို ထပ်မံတိုးမြှင့်ထားကြောင်း နစက က ထုတ်ပြန်ထားသည်။
ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုကြောင့်လည်းကောင်း၊ ငြိမ်းချမ်းစွာဆန္ဒပြမှုများတွင် ပါဝင်ခဲ့မိသောကြောင့်လည်းကောင်း၊ သွားလာမှုခက်ခဲခြင်းကြောင့်လည်းကောင်း စိုးရိမ်ကြောင့်ကြမှုများကြောင့် တာဝန်မှကင်းကွာခဲ့သည့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထားရသည့် ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံသားမျိုးဆက်သစ်လူငယ်များအတွက် သင်ကြားရေးတာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်ရန် မိမိတို့ သဘောဆန္ဒအလျောက် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သော ကျောင်းတည်ရှိသည့် မြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ၊ လက်ရှိနေထိုင်ရာဒေသရှိ နီးစပ်ရာမြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ ဇွန်လ ၇ ရက် မတိုင်မီ သတင်းပို့နိုင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇွန်လ ၇ရက်မှစ၍ သတ်မှတ်ရက်အတွင်း သတင်းပို့နိုင်ခြင်းမရှိသော ဆရာ၊ ဆရာမများအတွက် သတင်းပို့ဆက်သွယ်ရမည့်ရက်ကို ဇွန်လ ၁၄ ရက်ထိ ထပ်မံ၍တိုးမြှင့်သတ်မှတ်ပေးထားခြင်းဖြစ်သည်။
စတင်ဖိတ်ခေါ်ခဲ့သည့် မေလ ၃၁ ရက်တွင် သတင်းပေးပို့သူ ဦးရေ (၂၄၈၂)ဦးရှိပြီး ဇွန်လ ၇ရက်ထိ သတင်းထပ်မံပေးပို့သူဦးရေ ၄၇၈ ဦး ထပ်တိုးလာခြင်းဖြစ်ကြောင်းလည်း နစက၏ စာရင်းများအရ သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published - 8 June 2022
ထိုင်းနိုင်ငံတွင် ၁၃ နှစ်ကြာ လုပ်ခလစာမရဘဲ ပိတ်လှောင်ခံရပြီး အိမ်ဖော်အဖြစ်အခိုင်းခံခဲ့ရသည့် မသဉ္ဇာဝင်း၏ဇာတိမှာ ထားဝယ်ဖြစ်ပြီး လိပ်စာမမှတ်မိသည့်အတွက် သိရှိသူများဆက်သွယ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးမှ ထုတ်ပြန်ထားသည်။
ယင်းအပြင် မသဉ္ဇာဝင်းအတွက် တရားစွဲဆိုနိုင်ရန် ထိုင်းအာဏာပိုင်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး ထားပြီး အလုပ်သမားသံအရာရှိရုံးမှ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအချိန်မှ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မသဉ္ဇာဝင်းအနေဖြင့် ၎င်း၏ မိဘအမည် ဦးရွှေ၊ ဒေါ်မူးဝေနှင့် အမဖြစ်သူ မအေးမွန်၊ ညီမ မချိုဝင်း၊ မသန်းရွှေအေးတို့ကိုသာမှတ်မိပြီး အငယ်ဆုံးညီမအမည်ကို မမှတ်မိဖြစ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးအနေဖြင့် လက်ရှိတွင် တရားစွဲနိုင်သည့် အချက်အလက်များ စုဆောင်းရရှိပြီးသော်လည်း မသဉ္ဇာဝင်းမှာ အကြားအာရုံအားနည်းနေပြီး ဆေးကုသမှုခံယူနေရသည့်အတွက် တရားစွဲဆိုနိုင်မည့်ရက် စောင့်ဆိုင်းနေရကြောင်း သိရသည်။
သံအရာရှိရုံး၏ ထုတ်ပြန်ချက်တွင် မသဉ္ဇာဝင်းအား ပိတ်လှောင်ခဲ့သည့် အလုပ်ရှင်နှင့် နေရပ်ကိုဖော်ပြထားခြင်းမရှိသည့်အပြင်အမှုအတွက် အခက်အခဲ၊ အတားအဆီးပေါ်ပေါက်လာနိုင်သည့်အတွက် နေရာ၊ လူပုဂ္ဂိုလ်၊ ဌာန၊အဖွဲ့အစည်းအမည်များကို ကန့်သတ်ဖော်ပြထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ymg/sth
#Yangon_Media_Group
#WorldHealth
Published 8 June 2022
Mirati Therapeutics ကုမ္ပဏီကစမ်းသပ်နေတဲ့ဆေးဟာ မျိုးရိုးဗီဇပြောင်းလဲမှုကို ပစ်မှတ်ထားထုတ်လုပ်ထားတာဖြစ်ပြီး လက်တွေ့စမ်းသပ်မှုပြုလုပ်ရာမှာ အဆုတ်ကင်ဆာကနေ ဦးနှောက်အထိပျံ့ပွားနေတဲ့လူနာ ၃ ပုံ ၁ ပုံခန့်မှာ ထိရောက်မှုရှိခဲ့ကြောင်း တနင်္လာနေ့ကဖော်ပြခဲ့ပါတယ်။
Adagrasib ဆေးဖြင့် လူနာ ၁၉ ဦးကိုစမ်းသပ်ခဲ့ရာမှာ ၃ ဦးက ပင်မအာရုံကြောစနစ်ကင်ဆာပျံ့ပွားခြင်း လုံးဝသက်သာသွားခဲ့ပြီး နောက် ၃ ဦးကတော့ အကျိတ်သေးကျုံသွားကြောင်း တွေ့ရှိခဲ့ရတယ်လို့ American Society of Clinical Oncology နှစ်ပတ်လည်အစည်းအဝေးမှာ Mirati ကတင်ပြခဲ့ပါတယ်။
၆ လကျော်ထပ်မံစောင့်ကြည့်ခဲ့ရာမှာ နောက်ထပ်လူနာ ၁၀ ဦးက ဦးနှောက်ကင်ဆာအကျိတ်ပျံ့ပွားခြင်းအခြေအနေ တည်ငြိမ်သွားခဲ့ပါတယ်။
adagrasib ဆေးအသုံးပြုတဲ့လူနာ ၃၆ ရာခိုင်နှုန်းမှာ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားခဲ့ရပါတယ်။
အဆိုပါသောက်ဆေးဟာ အဖြစ်အများဆုံးအဆုတ်ကင်ဆာအမျိုးအစားရဲ့ ၁၃ ရာခိုင်နှုန်းလောက်မှာတွေ့ရတတ်တဲ့ KRAS လို့ခေါ်တဲ့ မျိုးရိုးဗီဇပြောင်းလဲမှုကို ပစ်မှတ်ထားထုတ်လုပ်ထားတာဖြစ်ပါတယ်။
ဗီဇပြောင်း KRAS အဆုတ်ကင်ဆာရှိတဲ့ လူနာ ၃ ပုံ ၁ ပုံကျော်လောက်က ဦးနှောက်ကင်ဆာပျံ့ပွားခြင်းဖြစ်ပေါ်တတ်ကြောင်း Mirati အမှုဆောင်ချုပ်'ဒေးဗစ်မိခ်'က အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။
ဒီလူနာတွေမှာ အသက်ရှင်နေထိုင်နိုင်ချိန် ၅ လခန့်ရှိတယ်လို့ နယူးယော့ခ်မှ သုတေသီဒေါက်တာ'ဂျိုရှူအာဆာဘာရီ'က ဆိုပါတယ်။
adagrasib ဆေးဖြင့် စမ်းသပ်ချက်များအရ အဆုတ်ကင်ဆာလူနာ ၁၁၂ ဦးမှာ ၄၃ ရာခိုင်နှုန်းက အကျိတ်ကျုံသေးသွားခဲ့ပါတယ်။
ဒါပေမဲ့ ၄၆ ရာခိုင်နှုန်းသောသူတွေမှာ အသည်းအဆိပ်သင့်ခြင်း၊ သွေးအာနည်းခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးများ ခံစားရပြီး ကုမ္ပဏီရှယ်ယာတန်ဖိုးအတော်လေးကျဆင်းသွားခဲ့ပါတယ်။
Mirati ကနေ အရင်ထုတ်လုပ်ထားတဲ့ Lumakras ကင်ဆာဆေးကို ပြီးခဲ့တဲ့နှစ်က အမေရိကန် FDA က အသိအမှတ်ပြု ခဲ့ပါတယ်။
ဒီဆေးတွေက ဘယ်အင်္ဂါကနေ ကင်ဆာအစပြုသည်ဖြစ်စေ မျိုးရိုးဗီဇပြောင်းလဲခြင်းကို ပစ်မှတ်ထားတဲ့ဆေးတွေ ဖြစ်ပါတယ်။
Mirati ရဲ့ဆေးကို ဒီဇင်ဘာလလယ်လောက်မှာ FDA အသိအမှတ်ပြုခွင့်ရဖို့ မျှော်မှန်းထားပါတယ်။
ကယ်လီဖိုးနီးယားအခြေစိုက် Mirati ကုမ္ပဏီက ကင်ဆာကုသရေးအတွက် adagrasib ဆေးကို သူတစ်မျိုးတည်းရော၊ Merck & Co ကထုတ်လုပ်တဲ့ Keytruda နဲ့ပါပေါင်းစပ်စမ်းသပ်နေပါတယ်။
Source: Reuters.
#Yangon_Media_Group
#Local_News
Published_ 8 June 2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၃၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၆ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ဇွန် ၃ ရက် မွန်းလွဲ ၂ နာရီအချိန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ မန္တလေး-လားရှိုးသွားကားလမ်း၊ နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် သီပေါမှ မန္တလေးဘက်သို့ရဲကျော်သူရ မောင်းနှင်လာသည့် FUSO ၁၂ ဘီး မော်တော်ယာဉ်အား သတင်းအရရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ မန္တလေး တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။
ဖမ်းဆီးရမိသူအား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများ အား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ် ပြန်ထားပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_ 8 June 2022
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ မြန်မာရွှေ့ ပြောင်းလုပ်သား ၁၅၉ ဦး ဇွန်လ ၇ ရက်က ပြည်တော်ပြန်ခွင့် ရရှိခဲ့ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိ ဦးရဲလင်းထက်၊ နယ်ခြားကော်မတီမှ တာဝန်ရှိသူများ၊ ရနောင်းခရိုင်လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ၊ နယ်စပ်ဖြတ်ကျော်အထူးတပ်ဖွဲ့မှ တာဝန်ရှိသူများက ယင်းတို့အား ရနောင်းမြို့မှ ကော့သောင်းမြို့သို့ ပဲ့ချိတ်လှေ (၁၀) စီးဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြန်လည်ရောက်ရှိလာခဲ့ကြသော မြန်မာရွှေ့ ပြောင်းလုပ်သားအရေအတွက်မှာ အမျိုးသား ၉၂ ၊အမျိုးသမီး ၆၇ ဦး တို့အပြင် ကလေး (ကျား) ၄ ဦး၊ (မ) ၆ ဦး တို့လည်းပါဝင်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 2035 of 2269