#Local_News
Published 11 Sept 2022

 

ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် စိုးရိမ်ရေမှတ် အထက်ကျော်လွန်ခဲ့သော်လည်း ယနေ့ နံနက်အစောပိုင်းမှစ၍ ရေများတဖြည်းဖြည်းပြန်လည်ကျဆင်းလျက်ရှိကြောင်း သိရသည်။

 

ယမန်နေ့ညပိုင်းအချိန်က မိုးများအဆက်မပြတ်ရွာသွန်းခဲ့ရာ ယနေ့နံနက်အစောပိုင်း ၁ နာရီကျော်အချိန်ခန့်တွင် ရေချိန်မှတ် ၃၉၀ cm ကျော်မြင့်တက်ခဲ့ပြီး စိုးရိမ်ရေမှတ်အထက် ကျော်လွန်ခဲ့ကြောင်း၊သို့ရာတွင်နံနက် ၂ နာရီကျော်အချိန်ခန့်တွင် ရေများတ ဖြည်းဖြည်းပြန်လည်ကျဆင်းခဲ့ကြောင်းသိရသည်။

 

ရေကြီးရေလျှံမှုဖြစ်ပေါ်ပါက ကူညီကယ်ဆယ်ရေးအတွက် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးမင်းမင်းထွန်းဦးဆောင်သောတပ်မတော်သားများ၊ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်ဦးကျော်နှင့်တာဝန်ရှိသူများ၊လူမှုကူညီရေးပရဟိတအသင်းဝင်များက ရေကြီးရေလျှံမှု အဆိုးဝါးဆုံးဖြစ်ပေါ်တတ်သော နေရာများတွင် ကူညီကယ်ဆယ်ရေးအတွက် အသင့်စောင့်ဆိုင်းခြင်း၊ရေကင်းများချထားခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် မြို့တွင်းရပ်ကွက်များနှင့် လမ်းမကြီးပေါ်တွင် ရေတင်မှုများရှိသေးသော်လည်း ပုံဆက်သွယ် သွားလာလှုပ်ရှားလျက်ရှိပြီး တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးအတွက် အရေးပေါ်အစည်းအဝေးပြုလုပ်လျက်ရှိကြောင်းသိရှိရသည်။

 

ymg/ys-tcl
#Yangon_Media_Group