#LocalNews
Published _ 11 September 2022

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို၌ စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပသော (၁၆)ကြိမ်မြောက် ဟိုချီမင်း နိုင်ငံတကာ ခရီးသွားပြပွဲနှင့် အဆင့်မြင့်ဖိုရမ်အတွင်း စီစဉ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဂျာမဏီနိုင်ငံ၌ ကျင်းပမည့် ITB Berlin ခရီးသွားပြပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လတွင် ကျင်းပမည်ဖြစ်ရာကမ္ဘောဒီးယား-မြန်မာနှစ်နိုင်ငံ အပြန်အလှန် လေ့လာရေးအဖွဲ့ (FAM Trip)များ စေလွှတ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

 

ယင်းအပြင် လာမည့် ၂၀၂၅ ခုနှစ်တွင် ဟိုချီးမင်းမြို့နှင့် ဗီယက်နမ်နိုင်ငံတွင် စီးပွားရေးအပန်းဖြေ ခရီးသွားဧည့်သည် (၁ ဒသမ ၇) သန်း ရရှိရေး မျှော်မှန်းချက်အရ ဟိုတယ်၊ ခရီးသွားကဏ္ဍနှင့် လေကြောင်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

စီးပွားရေး-အပန်းဖြေခရီးသွားလုပ်ငန်းကို ဆောင်ရွက်ရာတွင် ယဉ်ကျေးမှု၊ သဘာဝအရင်းအမြစ်၊ ဆန်းသစ်သော လူနေမှုအတွေ့အကြုံများကအထောက်အကူဖြစ်သည့်အပြင် တည်းခိုနေထိုင်ရေး ကဏ္ဍတွင်လည်း အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ခြင်း၊လေဆိပ်များနှင့် လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍများမှလည်း ခရီးသွားဧည့်သည်များတွက် ဘေးကင်းလုံခြုံပြီး လျှင်မြန်ချောမွေ့သော ခရီးစဉ်များကို ဖန်တီးပေးနိုင်ခြင်းတို့ကိုလုပ်ဆောင်ရန်လည်းလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

 

(၁၆)ကြိမ်မြောက် ဟိုချီမင်းနိုင်ငံတကာခရီးသွားပြပွဲနှင့် အဆင့်မြင့်ဝန်ကြီးများဖိုရမ်သို့ နိုင်ငံပေါင်း (၂၅)နိုင်ငံမှ ပြည်တွင်းပြည်ပ ပြခန်း(၂၆၀)ခန်း ပါဝင်ပြသခဲ့ကြောင်းလည်း သတင်းရရှိသည်။

 

photo-sggpnews
ymg/mt
#Yangon_Media_Group