#LocalNews
Published _ 11 September 2022

 

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၂၀၀ ကျော်အလုပ်ထုတ်ခံရကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

 

အဆိုပါ အလုပ်သမားများမှာ ထိုင်းနိုင်ငံ၊ အုန်းရိုင်ရှိ Big C ကုန်တိုက်အနီး အထည်ချုပ်စက်ချုပ်ရုံက လုပ်သက်ပြည့်မြန်မာလုပ်သားများဖြစ်ပြီး အကြောင်းမဲ့ နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းကြောင့် အလုပ်ထုတ်ခံရသော အလုပ်သမားများက စက်ရုံပိုင်ရှင်ကို တရားစွဲဆိုထားကြောင်း၊ပြီးခဲ့သည့် စက်တင်ဘာလ ၈ရက်က အဆိုပါစက်ရုံရှေ့တွင် အလုပ်ထုတ်ခံရသော အလုပ်သမားများက ဆန္ဒဖော်ထုတ်၍ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြကြောင်း၊လက်ရှိတွင် ထိုင်းနိုင်ငံဆိုင်ရာ တာဝန်ရှိသူများနှင့် ချိတ်ဆက် ကူညီနေကြကြောင်းလည်း သိရသည်။

 

photo-ym
ymg/mt
#Yangon_Media_Group