#Local_News
Published _ 15 July 2022
ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်မည့် အာဇာနည်နေ့၌ အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်ပြတိုက်နှင့် အတွင်းဝန်ရုံးများကို လာရောက်ကြမည့် ပြည်သူများအနေဖြင့် လက်ကိုင်ဖုန်း ယူဆောင်ခွင့်မပြုကြောင်း အာဇာနည်နေ့အခမ်းအနား ဖြစ်မြောက်ရေးကော်မတီမှ ကြေညာထားသည်။
ယင်းနေရာ သုံးခုကို လာရောက်သူများသည်လက်ကိုင်ဖုန်းအပါအဝင် ဘောလ်ပင်၊ အလံ ၊ လက်ကိုင်အိတ်၊ ကင်မရာ၊ မီးခြစ်၊ ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်း၊ ဗီနိုင်း၊ ပုလင်း၊ ဘူး၊ တုတ်၊ ကော်ပိုက်နှင့် သံပိုက်စသည့် အရာများ ယူဆောင်လာလျင် ဝင်ရောက်ခွင့်မပြုဟု ကြေညာထားကြောင်း သိရသည်။
ဒရုန်းယာဉ်များ ယူဆောင်လွှတ်တင်ခြင်းများ မပြုလုပ်ရန်လည်း အသိပေးကြေညာထားသည်။ ယင်းအပြင် လာရောက်သူများအနေဖြင့် နှာခေါင်းစည်းများ မပျက်မကွက် တပ်ဆင်ထားရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် လက်ဆေးခြင်း၊ လက်သန့်ဆေးသုတ်လိမ်းခြင်းစသဖြင့် ဆောင်ရွက်ပြီးမှ ဝင်ရောက်ရမည်ဖြစ်ကြောင်း ကြေညာချက်အရသိရသည်။
သက်ဆိုင်ရာနေရာများမှာ ကိုယ်အပူချိန်တိုင်းတာမှုအပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများနှင့် ကိုယ်ရေးအချက်အလက်များကို စာရင်းပေးသွင်းရန်နှင့် နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် ကိုယ်ရေးအချက်အလက် စိစစ်နိုင်သည့် အသိအမှတ်ပြု ကတ်ပြားယူဆောင်လာရန် လိုအပ်ကြောင်း ကြေညာချက်အရ သိရသည်။
လာရောက်လေ့လာသူများ အနေဖြင့် တစ်ယောက်နှင့် တစ်ယောက် (၆)ပေခြားပြီး ခွင့်ပြုအရေအတွက် အတိုင်းဝင်ရောက်လေ့လာရန်နှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပေးချက်၊ သတိပေးချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရမည်ဟု သိရသည်။
ယင်းအပြင် သက်ကြီးရွယ်အိုများ၊ နာတာ ရှည်ရောဂါရှိသူများအနေဖြင့် လုံးဝ လာရောက်ခြင်းမပြုရန်နှင့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အင်အားကုန်ခန်းခြင်းစသည့် ရောဂါလက္ခဏာများဖြစ်ပွားလျင် လုံးဝလာရောက်ခြင်းမပြုရန် တားမြစ်ထားကြောင်း ယင်းမှသိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_15 July 2022
ဇူလိုင်လ၏ ရက်သတ္တ နှစ်ပတ်အတွင်း မလေးရှားထိန်းသိမ်းရေးစခန်းများမှ ပြည်တော်ပြန်ခွင့်ရသူ ၁၈၅ ဦးရှိပြီဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သိရသည်။
ဇူလိုင်လ ၆ ရက်က မလေးရှားနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး၍ Kemayan Camp နှင့် Pekan Nanas ထိန်းသိမ်းရေးစခန်းများ၌ ရောက်ရှိနေသူများအနက်မှ မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်မှန်ကန်သူ ၅၉ ဦး၊ ဇူလိုင်လ ၁၃ ရက်က မလေးရှားနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး၍ Kemayan Camp နှင့် Belantik ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသူများအနက်မှ မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်မှန်ကန်သူ ၅၄ဦး၊ဇူလိုင်လ ၁၄ ရက်က လင်ကင်းကန့်နှင့် Belantik ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသူများအနက်မှ မြန်မာနိုင်ငံသား ဖြစ်ကြောင်း စိစစ်မှန်ကန်သူ ၇၂ ဦးကို မြန်မာ့အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် မလေးရှားနိုင်ငံ Bukitjali ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၃၀ ဦးကိုလည်း သံရုံးအနေဖြင့် သွားရောက်တွေ့ဆုံ စစ်ဆေးခြင်းက နေရပ်ပြန်နိုင်ရေးအတွက် အားပေးစကားပြော၍ အထောက်အထားပြည့်စုံသူ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်းလည်း သိရသည်။
ယင်းတို့မှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံထားပြီးသူများသာ ဖြစ်ကြောင်းလည်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားခြင်းဖြစ်သည်။


ymg/mt
#Yangon_Media_Group
#Local_News
Published_14 July 2022
လာမယ့် နေကြာစိုက်ရာသီမှာ နေကြာစိုက်ပျိုးတဲ့ ဧကတိုးပြီးတော့ စိုက်ပျိုးသွားဖို့ ရှိနေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 14 July 2022
ကမ္ဘာ့ရွှေဈေးကျဆင်းနေပေမဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ ဓာတ်ဆီ၊ ဒီဇယ်ဈေးမြင့်တက်နေတဲ့အတွက် ဈေးအကျနှေးနေတာဖြစ်တယ်လို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 14 July 2022
၁။ ဓာတ်ဆီ၊ ဒီဇယ်ဈေးမြင့်တက်လာသည့်အတွက် ပြည်တွင်းရွှေဈေးအကျနှေးနေဟုဆို
၂။ ယခုနှစ်တွင် နေကြာစိုက်ပျိုးမှုတိုးမြှင့်မည်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကေပေါ့ပ်လောက ကမ္ဘာကြီးကိုလွှမ်းမိုးနိုင်ရန် ကမ္ဘာ့နေရာအနှံအပြားမှအရည်အသွေးရှိ လူငယ်များအား ရှာဖွေစုဆောင်းလျက်ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_14 July 2022
မြန်မာနိုင်ငံတဝှမ်းတွင် ဇူလိုင်လ ၄ ရက်ထိ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူ အသစ် ၇၆၉၄၀၀ ဦးအပါအဝင် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူဦးရေ ၁၁၁၆၀၀၀ ဦးခန့်ရှိပြီဖြစ်ကြောင်း UNHCR မှ ထုတ်ပြန်လိုက်သည်။
UNHCR နှင့် မိတ်ဖက်အဖွဲ့အစည်းများက အရှေ့တောင်ပိုင်းဒေသရှိ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့) တို့တွင် လူဦးရေ ၁၄၀၀၀ အတွက် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေကူညီခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် ကယားပြည်နယ်တို့ရှိလူဦးရေ ၈၅၀ ဦးထံ အမိုးအကာများဆောက်လုပ်ရန် CGI သွပ်ပြားများထောက်ပံ့ပေးအပ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် ကယားပြည်နယ်တွင် မြေမြှုပ်မိုင်းနှင့်ပတ်သက်သည့်ဖြစ်စဉ်များကို သိရသည့်အတွက် UNHCR အနေဖြင့် UNICEF နှင့် ပူးပေါင်း၍ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒါဏ်ရာရရှိပါက ကြိုတင်ကာကွယ်နိုင်ရန်နှင့် အသိပညာပေးခြင်းကို တိုးမြှင့်လုပ်ဆောင်ရန်ရည်ရွယ်၍ နေရပ်စွန့်ခွာပြည်သူများအား မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ပေါင်း ၇၅၀ ကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း လူဦးရေ ၆၃၀၀ ဦးထံ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ ဆက်လက်ဖြန့်ဝေလျက်ရှိကြောင်း၊ မုတ်သုံရာသီကာလဖြစ်သောကြောင့် နေရပ်စွန့်ခွာ စခန်းများနှင့်နေရပ်စွန့်ခွာနေရာများရှိ လူဦးရေပေါင်း ၁၉၇၅၀ ဦးခန့်အတွက်အရေးပေါ် နေအိမ်အမိုးအကာဆိုင်ရာများလည်း ထောက်ပံ့ကူညီမှုများရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် အမိုးအကာဆိုင်ရာဆက်စပ်ပစ္စည်းများကို AA နေရပ်စွန့်ခွာသူများနေထိုင်ရာစခန်းများရှိ လူဦးရေ ၅၀၀၀ ခန့်ထံ ဖြန့်ဝေရန်စီစဉ်လျက်ရှိကြောင်း၊ COVID-19 ရောဂါကာကွယ်တုံပြန်မှု အစီအစဉ်အရ UNHCR နှင့် မိတ်ဖက်အဖွဲအစည်းများက လူဦးရေ ၃ ၄၀၀ ဦးထံ PPE ဝတ်စုံများပေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ် (မြောက်ပိုင်း)တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများရောက်ရှိနိုင်ရန်ကန့်သတ်ချက်များ ဆက်လက်ဖြစ်ပေါ် နေပြီး၊ အထူးသဖြင့်နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများနေထိုင်ရာနေရာများရှိ အိမ်ထောင်စု ၁၄၀၀ မှာ အခက်အခဲများ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် UNHCR နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ လက်ရှိနေအိမ်အမိုးအကာများ ပြုပြင်ထိန်းသိမ်းရန်နှင့် မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားသည့်နေအိမ်အမိုးအကာများပြန်လည်တည်ဆောက်ရန်အတွက် CGIသွပ်ပြား အချပ် ၂၇၀အား ပံ့ပိုးခဲ့သည့်အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နေရပ်စွန့်ခွာ ၁၀ ခုရှိ နေရပ်စွန့်ခွာ နေထိုင်နေရသူ ၃၂၇၅ ဦးကိုလည်း ဆိုလာမီးအိမ်များပေးခဲ့ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_14July 2022
မြန်မာ့စာပေသမိုင်း၏ အထင်ကရ အမျိုးသားစာပေတစ်သက်တာဆုရှင် စာရေးဆရာကြီး မောင်သာနိုး၏ ဈာပနကို ယနေ့ ဇူလိုင်လ ၁၄ ရက်တွင်ရေဝေးသုဿာန်၌ ပြုလုပ်ပြီး မီးသင်္ဂြိုလ်ပြီးစီးခဲ့ပြီဖြစ်သည်။
ယင်း၏ ဈာပနသို့ စာပေလောကသားများက ဝမ်းနည်းကြောင်း ပန်းခြင်းများပေးပိုခြင်း၊လိုက်ပါပိုဆောင်ခြင်းများပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။
ဆရာကြီးသည် ကွယ်လွန်စဉ်တွင် အသက် ၈၈ နှစ်ရှိပြီဖြစ်ပြီး ဇူလိုင်လ ၁၂ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်အချိန်က ရွှေဂုံတိုင်(SSC) ဆေးရုံ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
စာရေးဆရာကြီး မောင်သာနိုးသည် စစ်ကိုင်းဇာတိဖြစ်ပြီး မန္တလေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် စာပေသင်ကြားကာ မြန်မာစာဖြင့် မဟာဝိဇ္ဇာဘွဲရခဲ့ကာ၁၉၆၈ ခုနှစ်တွင် ခေတ်ပေါ်နိုင်ငံတကာကဗျာများကို ဘာသာပြန်၍ ထင်းရှူးပင်ရိပ် အမည်ဖြင့် မြန်မာစာ ဖတ်ပရိတ်သတ်များအားမိတ်ဆက်ပေးခဲ့သူလည်းဖြစ်သည်။
"သိဒ္ဓတ္တ မာန်ဝင့် ခေါင်းကို အသာဆွဲချ ၊လည်ဝင်းဝင်းကို ပွတ်သပ်ပေးပြီး 'ငြိမ်း’ တော့၊ ကဏ္ဍကဖြူ ၊ ငြိမ် ၊ မြင်းသည်တော် စီးဖူးသမျှအဝေးဆုံးခရီးမှာ ငါ့ကို ခု သယ်ဆောင်တော့။ ကနေ့ည သစ္စာရှာဖို ငါ မြင်းစီးမယ်။ ရှာပုံတော် ဘယ်မှာ ဆုံးမယ် ငါ မသိဘူး။မတွေ့မချင်း လမ်း မဆုံးမှာ တစ်ခုပဲ ငါ သိရဲ့။ ဒီတော့၊ မြင်းကောင်း ။ ကနေ့ည စွမ်းစေ၊ ရဲစေ၊ဓားသွားတစ်ထောင်က လမ်းမပေး ဆိုစေဦးတော့၊ မတန့်လေနဲ့၊ ဘယ်တံတိုင်း ဘယ်ကျုံးကမှ ငါတို့ခရီးကို မတားစေနဲ့” ဟူသော စာပိုဒ်ပါ
ဆာအက်ဒွင်အန်းလ်ဒ် (Sir Edwin Arnold )၏ "အာရှတိုက်၏အလင်းရောင်" မဟာကဗျာမှာ ဆရာကြီး၏ ဘာသာပြန်လက်ကောင်းဖြစ်ကြောင်းနှင့် စာပေလောကအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ကြောင်း ကဗျာတစ်ပိုင်းတစ်စ ကောက်နှုတ်ကာ တိုးမြစ်စာအုပ်တိုက်က ဝမ်းနည်းစကားဆိုထားသည်။
ယင်းအပြင် ဆရာကြီး၏ ဘာသာပြန်ဆိုမှုတွင် တောမှော်ရုံလမ်း၊ ဗမာစာဗမာစကား၊ ထင်းရှုးပင်ရိပ်၊ အိုမာခိုက်ယမ်ရဲ့ ရှုဘိုက်ယတ်၊ ဘာသာပြန်လက်တွေ့ (၁-၂)၊ ဟိုက္ကူကဗျာ ခရီးသည်၊ ဆိုဖီရဲ့ကမ္ဘာတို့မှာ အောင်မြင်ထင်ရှားကာ ဘာသာပြန်ကဗျာများသာမက ဘာသာဗေဒဆိုင်ရာများကို ရေးသားခဲ့ပြီး အင်္ဂလိပ်စာလေ့လာသည့် ကျောင်းသားများအတွက် ENGLISH THE EASY WAY၊ENGLISH GRAMMAM FOR ALL စာအုပ်များကို ရေးသားခဲ့သူဖြစ်သည်။
၂၀၁၆ ခုနှစ် အမျိုးသားစာပေ တသက်တာဆုချီးမြှင့်ခံခဲ့ရပြီး မကွယ်လွန်မီ နောက်ပိုင်းနှစ်များတွင် ဆရာကြီးအနေဖြင့် မှီငြမ်းသည့် ပဠိနှင့် ပတ်သက်သော အဘိဓာန်များ၊ ဘာသာ ရေးစာအုပ်များကို သံဃာတို့အတွက် ပညာဒါနအဖြစ် လှူဒါန်းခဲ့ကြောင်း သိရသည်။


ymg/mt
#Yangon_Media_Group
Page 2033 of 2358