#Local_News
Published_ 12 September 2022

 

မယ်ဆိုင်မြစ်သည်ရှမ်းပြည်နယ်၊ တာချီလိတ်မြို့(လွယ်တော်ခမ်းရပ်ကွက်)တွင် စိုးရိမ်ရေအမှတ်အထက် ပေဝက်ခန့်ကျော်လွန်နေပြီး နောက်ထပ်ဆက်တက်လာနိုင်သဖြင့် တာချီလိတ်နေပြည်သူများ သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသတိပေးချက်ထုတ်ပြန်လိုက်သည်၊၊

 

မယ်ဆိုင်မြစ်ရေလျှံမှုကြောင့် တာလော့ရပ်ကွက်၊ ဆန်းဆိုင်းရပ်ကွက်ရှိ လမ်းမကြီးနှင့် နေအိမ်အချို့ကို ရေများဝင်ရောက်နေသဖြင့် သက်ဆိုင်ရာက ကူညီဆောင်ရွက်ပေးလျက်ရှိသည်၊၊

 

မယ်ဆိုင်မြစ်သည် နောက်တစ်ရက်အတွင်း (၂)ပေခန့်ဆက်လက်တက်နိုင်သည့်အတွက် တာချီလိတ်ဒေသနေပြည်သူများ၊ မြစ်ကမ်းအနီး မြေနိမ့်ပိုင်းနေထိုင်ကြသူများ အထူးသတိပြုနေထိုင်ကြဖို့ မိုးလေဝသ
နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ (၁၂)ရက်တွင် သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်၊၊

 

မယ်ဆိုင်မြစ်ရေသည် သြဂုတ်လအတွင်းတွင်လည်း စိုးရိမ်ရေအမှတ်အထက်သို့ ရောက်ရှိခဲ့ပြီး တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်၊၊

#ymg/tthl
#Yangon_Media_Group