#Local_news
Published_ 12 September 2022

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

စက်တင်ဘာ ၁၀ ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ (တွင်း)၊ လိုမာဟော်တယ်လမ်း၊ အိမ်အား ဝင်ရောက်ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။

 

ထိုသို့ရှာဖွေရာ နေအိမ်အတွင်းမှ နိုင်းခုန်ဆတ်လတ်စနာရိုတင်း (ခ) နိုင်းကိန် (ခ) ဖုန်ဆပ်(ခ) Mr. PHON SUB နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၃၇၂ သိန်း)၊ ပစ္စတိုသေနတ် ၁ လက် (မကောင်း) နှင့် ဆက်စပ်ပစ္စည်းများ၊ ၎င်းကျည် ၁၃ တောင့်၊ ကျည်အိမ် ၃ ခုနှင့် ခြောက်လုံးပြူးသေနတ် ၁ လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

 

နိုင်းခုန်ဆတ်လတ်စနာရိုတင်း(ခ)နိုင်းကိန်(ခ)ဖုန်ဆပ်(ခ)Mr. PHON SUB (၄၂) နှစ်အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

#ygm_mnn
#Yangon_Media_Group