#Local_News
Published -10 August 2022
ယနေ့ နံနက်ပိုင်းတွင် လှိုင်သာယာ စက်မှုဇုန် ၂ ၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး Level 2 အဆင့် ငြိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲက ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ နံနက် ၆ နာရီခွဲအချိန်ခန့် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊ ဆိပ်ကမ်းသာလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးကုန်တွဲရုံ ၃ ရုံနှင့် နံဘေးရှိ ကျောပိုးအိတ်စက်ရုံပါ မီးကူး၍ တစ်ခြမ်းပါသွားကြောင်း သိရသည်။
ယင်းမီးလောင်မှုဖြစ်စဉ်ကို level 2ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၈ နာရီခန့်တွင် မီးငြိမ်းသွားသော်လည်း မီးလောင်မှုဖြစ်စဉ်နှင့် ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးကို မသိရသေးကြောင်း သိရသည်။

ymg/NN
#Yangon_Media_Group
#Local_News
Published -9 August 2022
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်အသစ် လျှောက်ထားလိုသူများအနေဖြင့် သတ်မှတ်ချက်တွေနှင့်အညီ လျှောက်ထားနိုင်ကြောင်း အလုပ်သမားညွန် ကြားရေးဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်လျှောက်မည်ဆိုပါက ကုမ္ပဏီမန်နေဂျာ ကိုယ်တိုင်လက်မှတ်ရေးထိုး၍ လျှောက်ထားစာ တင်ပြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းအပြင်ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွန်ကြားမှု ဦးစီးဌာနမှ ထုတ်ပေးထားသည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ မှတ်ပုံတင်ထားစဉ်က တင်ပြအတည်ပြုထားသည့် ကုမ္ပဏီ Profile၊ ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များ၏ အစည်းအဝေးမှတ်တမ်းတို့ကို တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီမန် နေဂျင်းဒါရိုက်တာတစ်ဦးတည်းနာမည်ဖြင့် ကျပ်သိန်းတစ် ထောင်တန်ဖိုးရှိသည့်မရွှေ့ပြောင်းနိုင်သော ပစ္စည်းပိုင်ဆိုင်မှုစာရင်း၊ အထောက်အထားတင်ပြရမည်ဟု ဖော်ပြထားသည်။
မန်နေဂျင်းဒါရိုက်တာတစ်ဦးတည်းအမည်ဖြင့် အနည်းဆုံး ကျပ်သိန်း ၁,၀၀၀ ကို ထည့်သွင်းစုဆောင်းစေပြီး ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရပြီးနောက် ယင်းငွေထည့်သွင်းထားကြောင်းအထောက်အထားကို ဌာနသို့ ခြောက်လကြာ လစဉ်တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ခြောက်လပြည့်ပြီးပါက ကျပ်သိန်း ၁,၀၀၀ ကို ကြားကာလသုံးစွဲခွင့်ရှိပြီးနောက် မှတ်ပုံတင်သက်တမ်းတိုးပါက အဆိုပါငွေပမာဏကို ဘဏ်ထဲပြန်ထည့်ရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။
လက်ရှိတွင် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ ၃၀၀ ကျော်ရှိပြီး အလုပ်သမားစေလွှတ်ခြင်းကို ၂၀၂၂ ခုနှစ် နှစ်ဆန်းကစပြီး ပြန်လည် လုပ်ဆောင်နေကြကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 9 August 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်နေ့ကနေ ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံတွေဆီ ပျားရည် မက်ထရစ်တန်ချိန်ပေါင်း ၇၀၀ခန့် တင်ပိုထားပြီးဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_8 August 2022
လတ်တလောမှာ မွန်ပြည်နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းနေပြီး သစ်ပင်ပြိုလဲတာ၊ ရေကြီးရေလျှံတာ၊ တောင်ပြို၊ မြေပြိုတာတွေစတဲ့ သဘာဝဘေးအန္တရာယ်တွေကြုံတွေ့နိုင်တဲ့အတွက် ပြည်နယ်အတွင်းရှိကယ်ဆယ်ရေးအဖွဲ့တွေက ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားတယ်လို့ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုအဖွဲ့မှသိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_9 August 2022
ထိုင်းနိုင်ငံကို MoU စနစ်နဲ့ သွားကြတဲ့ အလုပ်သမားတွေထဲမှာ မူလ စာချုပ်ပါ အလုပ်နဲ့ မကိုက်ညီတာတွေကို ကြုံနေရတဲ့ အလုပ်သမားတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_9 August 2022
မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေဖြစ်ကြတဲ့ ကန်ပိုက်တီနဲ့ လွယ်ဂျယ် နယ်စပ်ဂိတ်တွေကို နိုင်ငံတကာအဆင့်မီအောင် မြှင့်တင်ဖို လုပ်နေပါတယ်။
#Yangon_Media_Group
#DailyNews
Published - 9 August 2022
၁။ မြန်မာ-တရုတ် နယ်စပ်ဂိတ်များဖြစ်သည့် ကန်ပိုက်တီနှင့် လွယ်ဂျယ်ကို အဆင့်မြှင့်တင်မည်
၂။ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် သွားရောက်သည့်အလုပ်သမားများ စာချုပ်ပါအတိုင်း မကိုက်ညီမှုရှိနေသည်ဟုဆို
၃။ မွန်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး သဘာဝဘေးကြုံတွေ့နိုင်၍ ကြိုတင်ပြင်ဆင်နေ
၄။ ရေခဲပြင်များ အရည်ပျော်ကျလာခြင်းနှင့် ပတ်သက်၍ ဩစတြီးယားသိပ္ပံပညာရှင်များ လျှို့ဝှက်ချက်တွေ ဖော်ထုတ်နိုင်ရန်ကြိုးပမ်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 2029 of 2411