#Local_News
Published_10 August 2022
ထိုင်း-မလေးရှားနယ်စပ်မှာ မေလ ၃၁ ရက်နေ့က ထိုင်းနိုင်ငံသားတစ်ယောက် သေဆုံးခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ လက်ဗွေရာတွေ့ခဲ့တယ်ဆိုတဲ့ မြန်မာနိုင်ငံသား အောင်ကိုဝင်းကို ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကတည်းက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။
#Yangon_Media_Group
#Local_News
Published_10 August 2022
တောင်ငူမြို့ရှိ ကေတုမတီမျက်မမြင်ဘိုးဘွားရိပ်သာမှာ စောင့်ရှောက်ထားတဲ့ မျက်မမြင်ဘိုးဘွားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ လိုအပ်နေတယ်လို့ ရိပ်သာရဲ့ကြီးကြပ်မှုကော်မတီအတွင်းရေးမှူးဦးရဲမင်းအောင်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_10 August 2022
ရန်ကုန်ရဲ့အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ တိုက်ခန်းဝယ်လိုသူတွေများ လာတဲ့အတွက် မြို့နယ်အချို့မှာ တိုက်ခန်းဈေးတွေ (၃၀) ရာခိုင်နှုန်းလောက် တက်လာတယ်လို့ မြန်မာနိုင်ငံအိမ်၊ ခြံ၊ မြေ အသင်းဝင်၊ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဒေါ်နှောင်းဝဿန်က ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 10 August 2022
၁။ ရန်ကုန်တွင် တိုက်ခန်းများ အဝယ်လိုက်လာ၍ မြို့နယ်အချို့၌ဈေးတက်
၂။ မျက်မမြင်ဘိုးဘွားရိပ်သာရှိမျက်မမြင် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်နေ
၃။ ထိုင်းနိုင်ငံသားတစ်ဦးသေဆုံးမှုတွင် လက်ဗွေရာတွေ့သည်ဆိုကာ အဖမ်းခံထားရသော မြန်မာနိုင်ငံသားအပြစ်မရှိ၍ လွတ်တော့မည်ဟုသိရ
၄။ နိုက်ဂျီးရီးယားတွင် အခြေခံလူသုံးကုန်ပစ္စည်းများအား တစ်ခါသုံးအထုပ်ငယ်များဖြင့် ဝယ်ယူသုံးစွဲလာကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published -10 August 2022
ပြည်တွင်းတွင် အထွက်နှုန်းလျော့ကျနေတဲ့ ငရုတ်သီးခြောက်ဈေးနှုန်း တစ်ပတ်အတွင်း ထက်ဝက်ကျော်ထိ မြင့်တက်နေတယ်လို့ ငရုတ်သီးကုန်သည်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_10 August 2022
မိုင်းဖုန်းဆရာတော် အားနည်းကာကျန်းမာရေးမကောင်းဖြစ်နေ၍ ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
မိုင်းဆတ်မြို့နယ် မိုင်းကျက်ဂူတွင် (၃) နှစ် (၃) လ (၃) ရက် အဓိဌာန်ဝင် ဂူအောင်းကာ တရားဘာဝနာ ကျင့်ကြံပြီးနောက် သြဂုတ်လ(၁) ရက်တွင် ဂူမှထွက်လာပြီး လာရောက်ဖူးမျှော်ကြသည့် ရပ်နီးရပ်ဝေးမှ ဒကာ ဒကာမများအား (၃) ရက် (၃) ည တရားဟောကြားပေးခဲ့သည့်အပြင် ရှမ်းပြည်တောင်ပိုင်း မြို့နယ်တချို့သို့ သာသနာပြုခရီးများ ကြွရောက်ခဲ့ကြောင်း သိရသည်။
သြဂုတ်လ (၈) ရက်နနက်အစောပိုင်း ကျိုင်းတောင်းမှ နမ့်စန်မြို့သို့ ထွက်ခွာခဲ့ပြီးနောက်ပိုင်း နမ့်စန်မှ မိုင်းဖုန်းသို့ မရပ်မနားဘဲ ခရီးထွက်လာခဲ့ရာ အားနည်း၍ ကျန်းမာရေးမကောင်း ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ဆရာတော်အနေဖြင့် ဂူမှထွက်လာပြီးနောက် သြဂုတ်လ (၄) ရက်ညနေပိုင်းတွင် မိုင်းကျက်ဂူမှ မိုင်းဆတ်မြို့သို့ လည်းကောင်း၊ သြဂုတ်လ (၅) ရက်တွင် မိုင်းတုံမြို့ကမ္မဌာန်းကျောင်းဝင်းအတွင်းရှိ စေတီတော်အား ထီးတင်၊ တရားဟောကြားတော်မူခြင်း၊ ညပိုင်းတွင်မူ မိုင်းတုံမြို့နယ် မိုင်းဟန်အုပ်စုရှိ သဗ္ဗေညုမင်္ဂလာစုမ့်မိန်း စေတီတော်အား ထီးတင်ခခြင်းတို ပြုလုပ်ခဲ့ကြောင်း၊ သြဂုတ် (၇) ရက် နားကောင်းမူးမှတစ်ဆင့် သျှမ်းပြည်တောင်ပိုင်း မိုင်းပန်၊ လင်းခေး၊ မိုးနဲသို့ ရောက်ရှိတရားဟောကြားပြီး အဆိုပါနေရာမှ ရေအားလျှပ်စစ်ထုတ်လုပ်ရာ ကျိုင်းတောင်းမြို့ ရေတံခွန်ရှိ ကျောင်း၌ ကျိန်းစက်ခဲ့ကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော်သည် မိုင်းဖုန်းကျောင်းတိုက်၌ ဝါခေါင်လပြည့်နေ့တွင် ဝါဆိုမည် ဖြစ်ကြောင်း၊ တပည့် ဒကာများဖြင့် တွေ့ဆုံမှု၊ တရားပွဲများကိုလည်း ခေတ္တရပ်နားထားကာ ဝစီပိတ် ကျင့်ကြံသွားမည် ဖြစ်ကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော်သည် သြဂုတ်လ (၆) ရက် လင်းခေး ခရီးစဉ်ကစ၍ ဒကာများအား နှုတ်ဖြင့်တရားဟောကြားမှု မပြုလုပ်တော့ဘဲ လက်ဟန်ဖြင့်သာဟောကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published -10 August 2022
ဗဟိုဘဏ်မှနိုင်ငံခြား ငွေကြေးစျေးကွက်တွင် ရောင်းချခြင်း၊ ၀ယ်ယူခြင်း၊ လဲလှယ်ခြင်းနှင့်ပတ်သက်၍ ၀ယ်စျေးနူန်း၊ ရောင်းစျေးနူန်း နှင့် စပ်လျဉ်းပြီး Trading Band သတ်မှတ်ခြင်း (ညွန်ကြားချက် အမှတ် ၁၁/၂၀၂၂) တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
နိုင်ငံခြားသုံးငွေ များရောင်း၀ယ်ဖောက်ကားခွင့်ရသည့် လုပ်ငန်း( AD) များ ၊ လိုင်စင်ရဘဏ်၊ နိုင်ငံခြားငွေများ ၀ယ်ယူရောင်းချခွင့် (MC) လိုင်စင်ရဘဏ်၊ လိုင်စဉ်ရဘဏ် မဟုတ်သည့် ကုမ္ပဏီ အဖွဲ့အစည်းများက ဖြစ်စေ၊ နိုင်ငံခြားငွေ ရောင်းချခြင်း၊ ၀ယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်သည့်အခါမှာလည်းကောင်း၊ ငွေလွဲလုပ်ငန်းလိုင်စင်ရ ကုမဏီများက ပြည်ပကိုနိုင်ငံခြား ငွေလွှပြောင်းခြင်း နှင့်လွှဲပိုခြင်းတို့ ဆောင်ရွက်သည့်အခါ မြန်မာနိုင်ငံ ဗဟိုဘဏ်က +_ သတ်မှတ်ထားသည့် ရည်ညွန်းငွေလဲလှယ်နူန်း ၀.၃ ရာခိုင်နှုန်း (CBM reference rate +_ 0.3) ဘောင် အတွင်း သတ်မှတ်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ဖော်ပြထားသည်။
အဆိုပါ အမိန့် ကြေညာစာသည် ယနေ့(သြဂုတ် ၁ဝ ရက်) တွင်စတင်အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းသတ်မှတ်ထားချက်အား ကျော်လွန်ဆောင်ရွက်မည်ဆိုပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမူ ဉပဒေ၊ စည်းမျဉ်းတွေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဌ ဉီး၀င်းသော်လက်မှတ်နှင့် ထုတ်ပြန်ထားရှိသည်။
ymg/sth
#Yangon_Media_Group
Page 2027 of 2411