#Local_News
Published_ 14 September 2022
အခုရက်ပိုင်းအတွင်းနေပြည်တော်ဇမ္ဗူသီရိမြို့နယ်နှင့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်များတွင် ကိုဗစ်ပိုးတွေ့လူနာများအများဆုံးတွေ့နေရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်၊၊
စက်တင်ဘာလ(၁၁)ရက်မှ(၁၃)အထိ ထုတ်ပြန်ချက်များအရ အဆိုပါမြို့နယ်များတွင် ကိုဗစ်ပိုးတွေ့လူနာ အများဆုံးတွေ့နေရကြောင်း သိရခြင်းဖြစ်သည်၊၊
စက်တင်ဘာလ(၁၁)ရက်ထုတ်ပြန်ချက်တွင် စုစုပေါင်း ကိုဗစ်လူနာ(၂၆၂)ဦးအနက် မြို့နယ်အလိုက်တွေ့ရှိမှု အနေဖြင့် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်တွင် ပြည်တွင်းကူးစက်မှုအနေနဲ့ ကိုဗစ်ပိုးတွေ့သူ(၃၀)ဦး၊ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်တွင်(၁၅)ဦး၊ လှိုင်သာယာမြို့နယ်(၁၃)ဦးဖြင့် ကိုဗစ်ပိုးတွေ့လူနာအများဆုံးတွေ့ရသည့် မြို့နယ်များဖြစ်ခဲ့သည်၊၊
စက်တင်ဘာလ(၁၂)ရက်ထုတ်ပြန်ချက်တွင် ကိုဗစ်လူနာ စုစုပေါင်း(၁၈၉)ဦးအနက် မြို့နယ်အလိုက်တွေ့ရှိမှုအနေဖြင့်နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ပြည်တွင်းကူးစက်မှုအနေနဲ့ ကိုဗစ်ပိုးတွေ့သူ(၁၉)ဦး၊ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်တွင် ပြည်ပကူးစက်မှုအနေဖြင့်(၁၉)ဦး၊ လှိုင်သာယာမြို့နယ်တွင် ပြည်တွင်းကူးစက်မှုအနေဖြင့်(၃၆)ဦးဖြင့် ကိုဗစ်ပိုးတွေ့လူနာအများဆုံးတွေ့ရသည့် မြို့နယ်များဖြစ်ခဲ့သည်၊၊
စက်တင်ဘာလ(၁၃) ထုတ်ပြန်ချက်တွင် ကိုဗစ်လူနာ စုစုပေါင်း(၂၀၄)ဦးအနက် မြို့နယ်အလိုက်တွေ့ရှိမှုအနေဖြင့် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်တွင် ပြည်တွင်းကူးစက်မှုအနေနဲ့ ကိုဗစ်ပိုးတွေ့သူ(၂၀)ဦး၊ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်တွင်(၁၄)ဦး၊ လှိုင်သာယာမြို့နယ်(၁၀)ဦးဖြင့် ကိုဗစ်ပိုးတွေ့လူနာအများဆုံးတွေ့ရသည့် မြို့နယ်များဖြစ်ခဲ့သည်၊၊
အခုရက်ပိုင်းအတွင်းတွင် လူများ ဖျားနာ၊ ချောင်းဆိုခြင်းများ ဖြစ်ပွားနေကြပြီး ရိုးရိုးတုတ်ကွေးကြောင့် ဖျားနာကြတာလား ကိုဗစ်ကြောင့် ဖျားနာတာလား မသဲကွဲသဖြင့် ကိုဗစ်သံသရှိပါက စစ်ဆေးရန်လိုအပ်ကြောင်းနှင့် ဘတ်စ်ကားများ လူထူထပ်သောနေရာများတွင် မဖြစ်မနေ Mask တပ်ကြရန် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာသန်းစိန်က အကြံပြုပြောထားသည်၊၊
#ymg/tthl
#Yangon_Media_Group