#Local_News
Published - 9 September 2022

 

ဘုရင်မကြီးကွယ်လွန်ခြင်းအတွက် ဝမ်းနည်းပူဆွေးမှုကို အများပြည်သူများအနေဖြင့် ဗြိတိသျှသံရုံးရန်ကုန်၌ ဝမ်းနည်းမှတ်တမ်းလာရောက်ရေးသားနိုင်ကြောင်း သိရသည်၊၊

 

ဝမ်းနည်းမှတ်တမ်းစာအုပ်ကို ယနေ့စက်တင်ဘာလ (၉) ရက် ညနေ (၅) နာရီအထိ အမှတ် ၈၀ ၊ ကမ်းနားလမ်း ဗြိတိသျှသံရုံးရန်ကုန်၌ ဖွင့်လှစ်ထားပြီး စက်တင်ဘာ (၁၂) ရက်မှစက်တင်ဘာလ (၁၅) ရက်နေ့ နံနက် (၉) နာရီမှ ညနေ(၅)နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်သည်၊၊

 

အွန်လိုင်းမှတဆင့် ရေးသားလိုသူများအတွက် ဝမ်းနည်းခြင်း မှတ်တမ်းစာအုပ်ကို https://www.royal.uk/send-message-condolence တွင်ဖွင့်လှစ်ပေးထားကြောင်း သိရသည်၊၊

 

ဘုရင်မကြီးကွယ်လွန်ခြင်းအတွက် ဝမ်းနည်းရကြောင်းကို ဗြိတိသျှသံရုံးရန်ကုန်မှအကြီးအကဲရူရစ်ခ် မာစ်ဒန်ကလည်း"ဘုရင်မကြီး ကွယ်လွန်ခြင်းအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်မိပါတယ်။ သူမသည် ဘဝတစ်လျှောက်လုံးကို တိုင်းပြည်အတွက် အလုပ်လုပ်ပေးခဲ့သည်သာမက စစ်မှန်တဲ့ ကရုဏာ၊ အကြင်နာတရားနဲ့ ဉာဏ်ပညာအစရှိတဲ့ သမိုင်းဝင်အမွေအနှစ်တွေကိုပါ ချန်ထားခဲ့ပါတယ်။ တော်ဝင်မိသားစုဝင်အားလုံးအတွက် စိတ်ထဲရင်ထဲမှလာသော ဝမ်းနည်းမှုမျိုးဖြင့် ဝမ်းနည်းမိပါကြောင်း ဗြိတိသျှသံရုံး ရန်ကုန်ကိုယ်စားဖော်ပြအပ်ပါတယ်"ဟု ရေးသားထုတ်ပြန်ခဲ့သည်၊၊

#ymg/tthl
#Yangon_Media_Group