#Local_News
Published_ 25 Aug 2022
ရန်ကုန်စတော့အိပ်ချိန်း၌ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများတွင် စာရင်းဖွင့် လှစ်ထားသူ ဦးရေမှာ ၄၄,၈၀၉ ဦးရှိကာ တစ်နှစ်တိုးတက်မှုနှုန်း ၄ ဒသမ ၁ ရာခိုင်နှုန်း ရှိကြောင်းနှင့် စာရင်းဝင်ကုမ္ပဏီ ၇ ခု၏ ဇူလိုင်လကုန်ရှိ ဈေးကွက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ ငွေကျပ် ၅၈၁ ဒသမ ၅၁၅ ဘီလီယံရှိကြောင်း သိရပါတယ်။
YSX ၌ စာရင်းဝင်ထားသောအများနှင့် သက်ဆိုင်သည့် ကုမ္ပဏီ ၇ ခု၏ ရှယ်ယာများ ကို ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ ၆ ခုမှ တစ်ဆင့် ရောင်းဝယ်လျက်ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၏ (၇/၂၀၂၂) ကြိမ်မြောက် အစည်အဝေးကို နေပြည်တော်၌ ကျင်းပရာ ဝန်ကြီး ဦးဝင်းရှိန်က အရင်းအနှီးဈေးကွက်သည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အဓိကအရေးပါသည့် မောင်းနှင်အားတစ်ခု ဖြစ်၍ နိုင်ငံအသီးသီးက အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ရန်ကုန်စတော့အိပ်ချိန်း (Yangon Stock Exchange – YSX) ကို ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီးနောက် ယခုအခါ စာရင်းဝင်ကုမ္ပဏီ (၇) ခု၏ ရှယ်ယာများအား နေ့စဉ် ရောင်း/ဝယ်လျက်ရှိကြောင်း သိရပါတယ်။
တစ်ဖက်တွင်လည်း ငွေချေးစာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒုတိယဈေးကွက် (Secondary Market) ကို ထူထောင်ဆောင်ရွက်ခဲ့ရာ ယင်းဈေးကွက်တွင် အစိုးရငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များကို ရင်းနှီးမြှုပ်နှံသူများက ဝယ်ယူရင်းနှီးမြှုပ်နှံလျက်ရှိသော်လည်း နိုင်ငံ၏အရင်းအနှီးဈေးကွက်တွင် ပါဝင်ရင်းနှီး မြှုပ်နှံသူနှင့် အရင်းအနှီးစုဆောင်းသူများမှာ အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက လွန်စွာနည်းနေသေးတယ်လို့ ဝန်ကြီးက ပြောပါတယ်။
စာရင်းဝင်ကုမ္ပဏီများ တိုးပွားလာစေရေးရည်ရွယ်၍ ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင် အကြိုဈေးကွက် (Pre Listing Board – PLB) ကို ဒုတိယဈေးကွက်အဖြစ် ထူထောင်ခွင့်ပြုထားပြီးဖြစ်ရာ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် လက်ရှိစာရင်းဝင်စံသတ်မှတ်ချက်များကိုလျှော့ချပြီး အနည်းဆုံးလိုအပ်ချက်များဖြင့် စာရင်းဝင်အကြိုဈေးကွက်တွင် မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်ပေးထားပြီးဖြစ်ပါတယ်။
စာရင်းဝင်အကြိုဈေးကွက်မှတဆင့် စာရင်းဝင်ကုမ္ပဏီများဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေမည်ဖြစ်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။

ygm_mnn
#Yangon_Media_Group
#Local_News
Published-24 August 2022
မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းကနေ ရန်ကုန်မြို့တွင်းမှာရှိတဲ့ ဆင်ခြေဖုံးရပ်ကွက်တွေကို စားအုန်းဆီတစ်ပိသာ ၅၀၀၀ ကျပ်နဲ့ လိုက်လံရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 24 August 2022
ရွှေအသင်းက ရွှေဈေးနှုန်း သတ်မှတ်မှု တွေလုပ်ဆောင်နေပေမယ့် ဈေးကွက်အတွင်းမှာတော့ ပြင်ပရွှေပေါက်ဈေးနှင့် (၇) သိန်းနီးပါး ကွာဟနေတာပဲ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_24 August 2022
ရခိုင်ပြည်နယ် ဘူးသီးတောင်မောင်တောဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရွှေ့ပြောင်းပြီးသွားတဲ့ လူအရေအတွက်ဟာ ငါးသိန်းနီးပါး ရှိတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published-24 August 2022
ယခုရက်ပိုင်းအတွင်းမှာ ကိုဗစ်- ၁၉ ပြည်တွင်းကူးစက်မှု ပြန်ဖြစ်လာတာကိုတွေ့ရှိပေမဲ့ ကိုဗစ်ကန့်သတ်ချက်တွေကိုတော့ လတ်တလော ထုတ်ပြန်ဖို့မရှိသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 24 August 2022
၁။ ပြည်တွင်းကူးစက်မှုရှိသော်လည်း ကန့်သတ်ချက်ထုတ်ပြန်ဖို့ မရှိသေးဟုဆို
၂။ မြန်မာနိုင်ငံကလက်ခံပေးရမည့် ရွှေ့ပြောင်းဘင်္ဂါလီ ငါးသိန်းခန့်ရှိဟုဆို
၃။ ရွှေအသင်းမှ ရည်ညွှန်းဈေး သိန်းနှစ်ဆယ် သုံးသောင်းကျော် သတ်မှတ်သော်လည်း ဈေးကွက်တွင် (၇) သိန်းခန့်ကွာဟမြင့်တက်နေ
၄။ ဆိုက်ပရပ်စ်တွင် အိမ်မွေးခွေးစွန့်ပစ်မှုများပြားလာ၍ ခွေးစောင့်ရှောက်ရေးဂေဟာများ ပြည့်လျှံလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published-24 August 2022
စက်သုံးဆီအရောင်းဆိုင်တွေရဲ့ ထုတ်ပြန်ထားတဲ့ဈေးနှုန်းတွေအရ ဓာတ်ဆီတစ်လီတာ ကျပ် ၅၀ နဲ့ ဒီဇယ်မျိုးစုံတစ်လီတာ ကျပ် ၁၄၀ အထိဈေးတက်လာပါတယ်။
#Yangon_Media_Group
Page 1841 of 2257