#Local_News
Published - 14 September 2022
ဒီနေ့ စက်တင်ဘာလ ၁၄ ရက်မှာ ရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို ကျပ် ၂၉ သိန်း ၇ သောင်း ဝန်းကျင်ထိ ပြန်လည်ကျဆင်းလာတယ်လို့ ပြည်တွင်းရွှေဈေးကွက်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published-14 Setember 2022
ငရုပ်အစို ဝယ်ယူမှုများနေတာကြောင့် ငရုပ်ဈေးနှုန်းတွေဟာ ကျဆင်းလာခြင်းမရှိပဲ စံချိန်တင်မြင့်တက်လာခဲ့တယ်လို ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 14 September 2022
၁။ ငရုပ်အစိုဈေးနှုန်း စံချိန်တင်မြင့်တက်လာ
၂။ ရွှေဈေးနှုန်း ပြန်လည်ကျဆင်း
၃။ အသက်ကြီးသူများတွင် ရင်သားကင်ဆာနှင့် ဆီးကျိတ်ကင်ဆာများ အဖြစ်အများဆုံးတွေ့နေ
၄။ IS စစ်သွေးကြွများ၏ဖျက်ဆီးခြင်းကိုခံခဲ့ရသည့် အီရတ်ရှေးဟောင်းအပျက်အစီးနေရာအား ခရီးသွားဧည့်သည်များအတွက်ဖွင့်လှစ်လိုက်ပြီ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _14 September 2022
ထိုင်းနိုင်ငံမှာ ပြောင်းဆန်ထွက်တဲ့ ရာသီဖြစ်တာကြောင့် မြန်မာ့ပြောင်းဆန်ကို ဗီယက်နမ်နိုင်ငံကို ပို့နေတယ်လို့ ပြောင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published _14 September 2022
ရွှေဈေးဆက်တိုက်ကျဆင်းသွားမည်ကိုစိုးရိမ်၍ ဈေးကွက်အတွင်း လာရောက်ရောင်းချသူများနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေအရောင်းအဝယ် ပြုလုပ်သူများက ပြောသည်။
"ကမ္ဘာ့ဈေးက ကျတယ်။ ပြည်တွင်းဒေါ်လာဈေးလည်းကျတယ်။ လာရောင်သူတွေများတယ်။ နောက်ထပ်ဈေးကျလာမှာ စိုးလိုရောင်းတာ။လာမယ့်ဒီဇင်ဘာဆိုရင် တွင်းတွေက လှိုင်လှိုင်ထွက်ပြီလေ ရွှေက၊ ရွှေဈေးက ပြုကျမှာ။ အခုကလည်း ဒေါ်လာကစားတဲ့သူတွေကြောင့် ရွှေဈေးက တင်းနေတာလေ။ အခုကျတော့ အစိုးရက ဒေါ်လာထုတ်ရောင်းတဲ့အခါကျတော့ ဒေါ်လာဈေးကျတယ်။ အစိုးရက ရောင်းတဲ့ ရွှေဒင်္ဂါးပြားကလည်း ကမ္ဘာ့ဈေးအတက်အကျအပေါ်မှာပဲ မူတည်ပြီးရောင်းတာလေ"ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်က YMG ကို ပြောပြသည်။
ယနေ့ စက်တင်ဘာလ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၉၉၆၀၀၀ ကျပ်ဖြင့် အရောင်းပိတ်ခဲ့သော်လည်း ပြင်ပတွင်မူ ၂၉ သိန်း ခန့် ရှိနေကြောင်း၊ ကမ္ဘာ့ဈေးမှာ တစ်အောင်စလျှင် အမေရိကန် ၁၇၀၃ ဒေါ်လာ ရှိသောကြောင့် စက်တင်ဘာလ လဆန်းပိုင်းနှင့် နှိင်းယှဉ်ပါက သိသိသာသာ ကျဆင်းသည့် ဈေးမဟုတ်ကြောင်း၊စက်တင်ဘာလ ၅ ရက် က တစ်အောင်စ လျှင် ၁၇၁၉ ဒသမ ၅ နှင့် နှိင်းယှဉ်ပါက အနည်းငယ်ကျသည်ဟုဆိုနိုင်ကြောင်း၊ သို့သော်လည်း ကမ္ဘာ့ဈေးအတက်အကျကိစ္စမှာ ပြည်တွင်းရွှေ ပြင်ပပေါက်ဈေးအပေါ် သက်ရောက်မှု မရှိဟုလည်း ဆိုနိုင်ကြောင်း ရွှေအရောင်းအဝယ်ပြုလုပ်သူတစ်ဦးက YMG ကို ပြောသည်။
"ရွှေဒင်္ဂါးပြားတွေကို ကမ္ဘာ့ရွှေဈေးအပေါ်မှာ အခြေခံပြီးတော့ တွက်တယ်၊လက်ခံလိုရတယ်။ လက်ရှိ YGEA က သတ်မှတ်ဈေးနဲ့ ပြင်ပ ပေါက်တာနဲ့က ကွာနေတယ်၊ ဒါက ဘယ်လိုမျိုး ဖြစ်ရတာလဲကို ပြောမတတ်ပါဘူးခင်ဗျ။ ဒီနေ့ဆိုရင် ပြင်ပရွှေ တစ်ကျပ်သားကို ၂၉ သိန်း ကနေ ၂၉ သိန်း ခွဲ ဝန်းကျင်လောက် ရှိနေတယ်။ ဒေါ်လာက အပြင်မှာ အရောင်းကို ၃၂၅၀ လောက် ရှိပြီးတော့ အဝယ်ကို ၃၄၀၀ စွန်းစွန်း ရှိနေတယ်။ဒါတွေကြောင့် ဈေးကွက်က မငြိမ်မသက် ဖြစ်နေတဲ့ အနေအထားလိုပဲ သုံးသပ်လို ရပါတယ်"ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published-14 Setember 2022
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံခန့် ကုန်သွယ်မှုပြုလုပ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။
အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်ပမာဏအရ မူဆယ်နယ်စပ်ဂိတ်တွင် ကန်ဒေါ်လာ သန်း ၈၆၀ ကျော်၊ လွယ်ဂျယ်နယ်စပ်ဂိတ်တွင် ကန်ဒေါ်လာ ၆၄ သန်းခန့်၊ ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ကန်ဒေါ်လာ ၄၈ သန်းခန့်၊ ကံပိုက်တီနယ်စပ်ဂိတ်တွင် ကန်ဒေါ်လာ ၄၁ သန်းခန့်နှင့် ကျိုင်းတုံနယ်စပ်ဂိတ်တွင် ကန်ဒေါ်လာ ၅ သန်းခန့်နီးပါး ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး မူဆယ်နယ်စပ်ဂိတ်တွင် အများဆုံးကုန်သွယ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု စာရင်းအရ ပြီးခဲ့သည့်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၁၀၆ ဒသမ ၅၇၀ သန်းတင်ပို့မှုလျော့ကျခဲ့ပြီး သွင်းကုန်တန်ဖိုးမှာလည်း ၁၇၂ ဒသမ ၀၆၄ သန်းလျော့ခဲ့ကာ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၇၈ ဒသမ ၆၃၄ သန်းလျော့ကျခဲ့ကြောင်း စာရင်းများအရ သိရသည်။
လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးသည် ၅၀ ရာခိုင်နှုန်းသာ လည်ပတ်မှုရှိနေကြောင်း၊ ကုန်ကားများအနေဖြင့် နေ့စဉ်အစီးရေ ၄၀ ခန့်တရုတ်ပြည်ဘက်သို အဝင်ရှိသလို တရုတ်ပြည်ဘက်မှလည်း နေ့စဉ်အစီးရေ ၄၀ခန့် ပြန်လည်ဝင်ရောက်လာကြောင်း မူဆယ်နယ်စပ်ကုန်စည်ဒိုင်၏ ပြောပြချက်အရ သိရသည်။
မြန်မာဘက်မှ ဆန်၊ ဆန်ကွဲ၊ ရေထွက်ပစ္စည်း၊ ရော်ဘာ၊ ကွမ်းသီးခြောက်၊ စားသောက်ကုန်စသည့် ကုန်ပစ္စည်းများ တင်ပို့သလို တရုတ်ပြည်ဘက်မှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေသြဇာ၊ ဆေးဝါးပစ္စည်းများကို ပြန်လည်တင်သွင်းကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published_ 14 September 2022
မြန်မာနိုင်ငံရှိ နွမ်းပါးသည့်မိခင်နှင့်ကလေးငယ်များကို ကူညီရန်အတွက် နေ့စဉ်ကျောင်း(အစိုးရကျောင်းများ)၌ အခမဲ့နေ့လယ်စာကျွေးသည့် စီမံကိန်းတစ်ခုကို တရုတ်နိုင်ငံကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFRD)(မူလတရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်း)မှ ဖော်ဆောင်လျက်ရှိကြောင်း သိရသည်၊၊
ယင်းဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံရုံးခန်းဝန်ထမ်းများက ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှ အစိုးရမူလတန်းကျောင်း (၂၃)ကျောင်းအား လေ့လာအကဲဖြတ်ရာ ကျောင်းသားကျောင်းသူပေါင်း (၇၀)% ခန့်သည် နေ့လယ်စာမစားနိုင်ဘဲ အချို့သောကလေးများက ယင်းအတွက်ကြောင့် ကျောင်းထွက်ကာ အလုပ်လုပ်ကိုင်နေရသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်၊၊
အဆိုပါ ကလေးများငတ်မွတ်သည့် ပြဿနာကို ကူညီဖြေရှင်းပေးရန်အတွက် ၂၀၂၀ ပြည့်နှစ်တွင် CFRD ကမြန်မာနိုင်ငံတွင် Smiling Children စီမံကိန်းကို စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ ကပ်ရောဂါကြောင့် Smiling Children စီမံကိန်းသည် စားနပ်ရိက္ခာအိတ်ပေးဝေသည့်နည်းလမ်းဖြင့် ကျောင်းသားကျောင်းသူများအား နေ့လယ်စာထောက်ပံ့ပေးကြောင်း သိရသည်၊၊
၂၀၂၂ ခုနှစ် ဇူလိုင်လ(၄)ရက်တွင် Smiling Children စီမံကိန်းသည် မြန်မာနိုင်ငံအထည်ချုပ် စက်ရုံများ စုစည်းရာ ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်ရှိ ကျောင်းပေါင်း (၁၀)ကျောင်းအား ရွေးချယ်အတည် ပြုပြီး ကျောင်းအနီးတဝိုက်မှ ဆင်းရဲနွမ်းပါးသော အမျိုးသမီးအယောက် (၆၀)ကို စုစည်း၍ ၎င်းတို့အတွက် လေ့ကျင့်ရေးနှင့်လစာများပေးကာ ၎င်းတို့ဖြင့်ဖွဲ့စည်းထားသော 'မေမေအုပ်စု'က ကျောင်းသား ကျောင်းသူများအတွက် နေ့လယ်စာချက်ပြုတ်ပေးခဲ့သည်ဟု ဆိုသည်၊၊
အဆိုပါ စီမံကိန်းသည် ကျောင်းသား ကျောင်းသူပေါင်း (၄၅၀၀)နီးပါး နေ့စဉ်ကျောင်း၌အခမဲ့ နေ့လယ်စာစားသုံးခွင့်ရစေခဲ့ပြီး အနာဂတ်တွင် စီမံကိန်းကအကျိုး အမြတ်ခံစားခွင့်ရသော လူဦးရေကို တစ်ဆင့်ချင်းတိုးချဲ့၍ ငတ်မွတ်မှုကြောင့် ကျောင်းထွက်ရသော ကလေးသူငယ်များကို ကျောင်းပြန်တက်စေပြီး တစ်ချိန်တည်းတွင် ပိုများသည့် မြန်မာနိုင်ငံဆင်းရဲနွမ်းပါးသောမေမေများ တည်ငြိမ်သည့်ဝင်ငွေရရှိကာ အနာဂတ်မျှော်လင့်ချက် လင်းရောင်ခြည်များရရှိစေရန်မျှော်မှန်းထားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်၊၊
#ymg/tthl
#Yangon_Media_Group
Page 1844 of 2306