#Local_News
Published_ 23 November 2022

 

ဓနုဖြူရှိပြည်လုံးချမ်းသာစေတီတော်ကြီးအတွက် ရတနာကိုးသွယ် ကျောက်မျက်ရတနာများ အမည်မသိအလှူရှင်မှထူးဆန်းစွာလာရောက်လှူဒါန်းသွားသည်ဟု ဂေါပကအဖွဲ့ဝင်ဦးအောင်မျိုးက YMG ကိုပြောသည်၊၊

 

နိုဝင်ဘာ(၂၂)ရက်နေ့လယ်၂ နာရီခန့်တွင် ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးဂေါပကရုံးအတွင်း ရတနာမျိုးစုံပါဝင်သော ပလပ်စတစ်ဗူးကိုအလှူရှင်မည်သူလာရောက်လှူဒါန်းသွားမှန်းမသိဘဲ ထူးဆန်းစွာလက်ခံရရှိခဲ့ခြင်းဖြစ်သည်။

 

"ဟုတ်တယ်ခင်ဗျာ၊ မနေ့ကနေ့လယ်(၂)နာရီခွဲလောက်မှာဖူဂျီဆပ်ပြာဖူးလေးနဲ့တံခါးဝလေးတွေမှာတွေ့တာဗျ၊၊ ကိုယ်က ဗုံးထင်လို့၊၊ သေချာကြည့်တော့မှ အထဲမှာ ကျောက်တွေတွေ့ရတယ်၊၊ ဖွင့်ကြည့်လိုက်တော့ အဲဒီ့ရတနာတွေတွေ့ရတာ၊၊ အလှူရှင်က အမည်မသိဘူး၊၊ ဘုရားသိုက်တွေက လာလှူပေးထားလို့ပြောတာပေါ့၊၊ ကျောက်မျက်ကျွမ်းကျင်သူတစ်ဦးက နဝရတ်နားကပ်တစ်ဖက်ကို နားကပ်တစ်ဖက်ကို သိန်း၂၀လောက်ပြောသွားတယ်၊၊ ကျန်တာတော့မပြောသွားဘူး၊ ရွှေပန်းတိမ်ဆရာကတော့ပြောပါတယ် တော်တော်များများက အစစ်တွေလို့ပြောပါတယ်၊၊ ဒီမှာ ပတ္တမြားစေတီတည်နေတဲ့အတွက် အဲဒီ့ထဲမှာထည့်ပြီးဌာပနာဖို့ရှိပါတယ်"ဟု ဂေါပကအဖွဲ့ဝင်ဦးအောင်မျိုးကYMG ကို ပြောသည်၊၊

 

လာရောက်လှူဒါန်းထားသည့် ကျောက်မျက်ရတနာ များမှာငွေဒင်္ဂါးများနှင့်စိန်၊ ပတ္တမြား၊ ကျောက်စိမ်း၊ မဟူရာ၊ ပုလဲရတနာမျိုးစုံအရေအတွက်များစွာ ပါဝင်ကြောင်း သိရသည်၊၊

#ymg/tthl
#Yangon_Media_Group