#LocalNews
Published_24 July 2022
မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊၁၂၅လမ်း၊၅၈ လမ်းနှင့် ၅၉ လမ်းကြားရှိ (စ)ဈေးမြောက်ဘက် တိုက်တန်းတွင် ဖွင့်လှစ်ထားသော မောသစ်ရွှေဆိုင်ကို ယနေ့ ဇူလိုင်လ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်က ဓားပြတိုက်ခဲ့ကာ ရွှေ(၁)ပိဿာကျော်နှင့် ငွေကျပ်သိန်း ၆၀ ကို ယူဆောင်သွားကြောင်း သိရသည်။
မောသစ်ရွှေဆိုင်သို့ အမည်မသိအမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းသို့ ဝင်ရောက်ကာ ပစ္စတိုသေနတ်ဖြင့် ၃ ချက်ခန့်ပစ်ခတ်၍ ယူဆောင်ပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်းနှင့် ပစ်ခတ်မှုကြောင့် ရွှေဆိုင်လုံခြုံရေးဝန်ထမ်းတစ်ဦး၏ ခြေဖမိုးတွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မန္တလေးတွင် မောသစ်အမည်ဖြစ် ဖွင့်လှစ်ထားသော ရွှေဆိုင်များအနက် ယင်းရွှေဆိုင်မှာ ဒုတိယအကြိမ်မြောက်ဓားပြတိုက်ခံရခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်ဓားပြတိုက်ခံရသော ဆိုင်မှာ ပြည်ကြီးတံခွန်မြို့နယ်၊၆၂လမ်းနှင့် ၁၃၄လမ်းထောင့်ရှိ ဆိုင်ဖြစ်ကာ ယင်းအချိန်က ရွှေ ၆၅ ကျပ်သားနှင့် ငွေကျပ်(၁၁၈၀)သိန်း ယူဆောင်သွားကြကြောင်း သိရသည်။
ယမန့်ကလည်း မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊နန္ဒာကျေးရွာအုပ်စု၊နန္ဒမြောက်ကျေးရွာတွင် အမည်မသိအမျိုးသားသုံးဦးက သေနတ်ပစ်ဖောက်၍ လင်မယားနှစ်ယောက်ထံမှ ငွေနှင့်ဖုန်းများကို ဓားပြတိုက်ယူမှုတစ်ခု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_24 July 2022

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ တောင်ရပ် ရပ်ကွက်၌ ယနေ့(ဇူလိုင်လ ၂၄ ရက်) နံနက်အစောပိုင်းက မုန့်တီအခြောက်ခံနေရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဦးလှမိုးအောင်(ဘ)ဦးမောင်စိုးအောင် ၏ မုန့်တီခြောက်လုပ်ငန်းလုပ်ကိုင်သည့် အဆောက်အဦးအတွင်း မုန့်တီများကို လျှပ်စစ်မီးဖြင့် အခြောက်ခံနေစဉ် ပန်ကာဖြင့် ဆက်သွယ်ထားသည့် ဝါယာကြိုးအဟောင်း အပူလွန်ကဲ၍ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အနီးရှိမျက်နှာကြက် တာလပတ်စကို ကူးစက်ကာ အဆောက်အဦးအား ဆက်လက်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦး ကာလတန်ဖိုး ၁၉၆၀၀၀၀ ကျပ်၊ တရုတ်နိုင်ငံလုပ်လက်ဆွဲမီးစက်အသေး ၁ လုံး ကာလတန်ဖိုး ၁၀၀၀၀၀ ကျပ်၊ စုစုပေါင်း ၂၀၆၀၀၀၀ ကျပ်ခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး လူ၊တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ယခုအခါ မီးပေါ့ဆသုံးစွဲသူ ဦးလှမိုးအောင်အား မြောက်ဦးမြို့မရဲစခန်း၌ အမှုဖွင့်လှစ်၍ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းလည်း ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 24 July 2022
သံလွင်မြစ်ဝှမ်း စီမံကိန်းများ၊ ဧရာဝတီမြစ်ဝှမ်းမှာရှိတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။
အဲဒီရေအားလျှပ်စစ်စက်ရုံတွေဟာ ယခင်က ဖြစ်မြောက်နိုင်စွမ်းတိုင်းတာပြီး ဆွေးနွေးနေဆဲအဆင့် စီမံကိန်းတွေဖြစ်တယ်လို့လည်း သူကပြောပါတယ်။
ဇူလိုင် ၂၃ ရက်က နစက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးသောင်းဟန်ဟာ အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းတွေ စစ်ဆေးကြည်ရှုစဉ်မှာ အဆိုပါကိစ္စ ပြောကြားခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ နေပြည်တော်၊ ပျဉ်းမနားမြို့အရှေ့ဘက် ၂၆ မိုင်အကွာရှိ ပေါင်းလောင်းမြစ်ပေါ်တွင်တည်ရှိပြီး စက်တပ်ဆင်အင်အား ၁၄၀ မဂ္ဂါဝပ်ထွက်ရှိကာ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ၄၅၄ ကီလိုဝပ် နာရီသန်းပေါင်းဖြစ်ကြောင်း သိရပါတယ်။
ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာတဲ့ ဓာတ်အားများကို ၂၃၀ ကေဗွီ ဓာတ်အားလိုင်းဖြင့် နန်ချိုဓာတ်အားပေးစက်ရုံနှင့် ပေါင်းလောင်းဓာတ်အားပေးစက်ရုံများမှ တစ်ဆင့် ပျဉ်းမနားခွဲရုံသို့ ပို့လွှတ်ကာ နိုင်ငံတော်ဓာတ်အားစနစ်သို့ စက်စွမ်းအားပြည့် ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိပါတယ်။
အထက်ပေါင်းလောင်း မဂ္ဂါဝပ် (၁၄၀)၊ နန်ချို မဂ္ဂါဝပ် (၄၀) နှင့် အောက်ပေါင်းလောင်းမဂ္ဂါဝပ် (၂၈၀)တို့ကို အဆင့်ဆင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေသကဲ့သို့ အလယ်ပေါင်းလောင်းစီမံကိန်း (၁၆၆) မဂ္ဂါဝပ်ကိုလည်း ထပ်မံထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိတဲ့အပြင် Hydromatrix အနိမ့်တမံစနစ်ဖြင့်လည်း ထပ်မံထုတ်လုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။
ဒုဌဝတီမြစ်ဝှမ်းတွင်လည်း အထက်ရဲရွာစီမံကိန်းမဂ္ဂါဝပ် (၂၈၀)၊ ရဲရွာစီမံကိန်း မဂ္ဂါဝပ်(၇၉၀)တို့ကိုလည်း အဆင့်ဆင့်ထုတ်လုပ်နေသကဲ့သို့ နမ္မတူသီပေါစီမံကိန်း မဂ္ဂါဝပ် (၂၁၀)၊ အလယ်ရဲရွာစီမံကိန်း (၇၃၅) မဂ္ဂါဝပ်နှင့် ဒီးဒုတ်စီမံကိန်း မဂ္ဂါဝပ် (၆၀)တို့ကို ထပ်မံထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။
ymg-mnn
#Yangon_Media_Group
၁။ မော်တော်ယာဉ်မောင်းနှင်သူများသည် အောက်ပါနေရာများတွင် မည်သည့်မော်တော်ယာဉ်မျှ “ဂ” ကွေ့ မကွေ့ရပါ-
(၁) ခြေကျင်လျှောက်သူများဖြတ်ကူးရန် ခွင့်ပြုထားသောနေရာ၊
(၂) လမ်းအလယ်တွင် အလျားလိုက် တစ်ဆက်တည်းရေးဆွဲထားသော မျဉ်းဖြူ၊ မျဉ်းဝါတစ်ကြောင်း သို့မဟုတ် နှစ်ကြောင်းရှိသောလမ်း၊
(၃) ခွင့်မပြုသော လမ်းဆုံလမ်းခွ၊
(၄) လမ်းထောင့်၊ လမ်းကွေ့၊
(၅) ကုန်းထိပ်နှင့် ယင်းမှ ၃၂၈ ပေ (၁၀၀ မီတာ) အတွင်း၊
(၆) တံတားအဝင်ဝနှင့် တံတားပေါ်၊
(၇) တစ်လမ်းမောင်းလမ်း၊
(၈) “ဂ” ကွေ့ မကွေ့ရဟု တားမြစ်ထားသောနေရာ၊
(၉) “လမ်းမပိတ်ရ” အဝါရောင်မျဉ်းကွက် (Yellow Box) နေရာ၊
(၁၀) ကျောင်း၊ ဆေးရုံ၊ မီးသတ်စခန်းတို့၏ရှေ့။
၂။ “ဂ” ကွေ့ ကွေ့နိုင်သောနေရာတွင် ကွေ့လိုလျှင် မိမိ ရှေ့၊ နောက် မော်တော်ယာဉ် အသွားအလာရှင်းမှ ကွေ့ရမည်။ လမ်းကျဉ်း၍ ရှေ့တိုးနောက်ဆုတ် ကွေ့ရပါက အခြားမော်တော်ယာဉ်များ အသွားအလာကို တားဆီးပိတ်ဆို့ခြင်းမဖြစ်စေရ။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
#LocalNews
Published_24 July 2022
အဆိုပါ ခရီးသွားများမှာ ဇူလိုင်လ ၂၃ ရက် က တံတားဦး လေဆိပ်သို့ ရောက်ရှိခဲ့ကြသူများဖြစ်ပြီး အသက် ၁၈ နှစ်မှ ၇၀ ကျော်အရွယ်ရှိ အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၅ ဦးတို့ဖြစ်ကြပြီး လူမှုကူညီရေးအသင်းများမှ မော်တော်ယာဉ်များဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်(တံတားဦး)တွင် ပြည်ပနိုင်ငံများမှ ရောက်ရှိလာသူများအား Covid-19ရောဂါပိုး ရှိ ၊ မရှိ စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၀ ရက်တွင် ပိုးတွေ့လူနာ ၂ဦး၊ဇူလိုင်လ ၁၃ ရက်တွင် ပိုးတွေ့လူနာ ၂ ဦး၊ဇူလိုင်လ ၁၄ ရက်တွင် ပိုးတွေ့လူနာ ၁ ဦး၊ဇူလိုင်လ ၁၅ ရက်တွင် ပိုးတွေ့လူနာ ၂ ဦး၊ဇူလိုင်လ ၁၆ ရက်တွင် ပိုးတွေ့လူနာ ၄ ဦး၊ဇူလိုင်လ ၁၉ ရက်တွင် ပိုးတွေ့လူနာ၂ ဦး၊ဇူလိုင်၂၂ရက်တွင် ပိုးတွေ့လူနာ ၁ ဦးနှင့်ဇူလိုင်၂၃ရက်တွင် ပိုးတွေ့လူနာ ၁၇ ရှိပြီဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_24 July 2022

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ပို့ဆောင်ပေးမည်ဟုဆိုကာ အလုပ်သမား ၃၀၀ ကျော်ကို ငွေလိမ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မြဝတီအခြေစိုက် အလုပ်သမားအရေးဆောင်ရွက်သူများထံမှ သိရသည်။
"လူတစ်ယောက်ကို ၉ သိန်း နဲ့ အယောက် ၃၀၀ ကျော်ဆီမှာ ငွေလိမ်ပြီးယူတာဖြစ်ပါတယ်၊ဒီနေ့ မနက်ပိုင်းကြီးမှာ ဖမ်းဆီးနိုင်ခဲ့တာပါ"ဟု MMG ရွှေ့ပြောင်းလုပ်သား စောင့်ကြည့်လေ့လာရေးအဖွဲ့ တာဝန်ရှိသူကပြောသည်။
အဆိုပါ အဖွဲ့အနေဖြင့် ဖမ်းဆီးရမိသူများထံမှ ငွေကျပ် ၃၃၈ သိန်းကိုလည်း သိမ်းဆည်းရမိကြောင်းနှင့် နစ်နာခဲ့ကြသည့် အလုပ်သမားများအား ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group
#Local_News
Published_ 24 July 2022
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေလက်ကျန်မှ ကျပ် ၄၀၀ ဘီလီယံကို သီးသန့်ရန်ပုံငွေထူထောင်၍ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား ထုတ်ချေးမှာဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသုံးစရိတ်များကို အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်ဖြင့် စနစ်တကျ စိစစ်သုံးစွဲလျက်ရှိပြီး ဇူလိုင်လ ၁၄ ရက်နေ့ ရန်ပုံငွေလက်ကျန်မှာ ကျပ် ၄၉၁.၉၇၈ ဘီလီယံဖြစ် တယ်လို့ ဆိုပါတယ်။
ယခုအခါ မိမိတို့နိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုအခြေအနေမှာ များစွာကျဆင်းသွားပြီဖြစ်ရာ ကိုဗစ် ၁၉ ကပ်ရောဂါနှင့် နိုင်ငံတကာဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများအရ ထိခိုက်ကျဆင်းခဲ့ရသော နိုင်ငံတော်ရဲ့ စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ပုံငွေလက်ကျန်မှ ကျပ် ၄၀၀ ဘီလီယံကို သီးသန့်ရန်ပုံငွေထူထောင်၍ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အရေးပါတဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများနှင့် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်ပေးနိုင်တဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား အတိုးနှုန်းသက်သာသော ချေးငွေများကို စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုဖြင့် စိစစ်ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1832 of 2177