#Local_News
Published_6 December 2022

 

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် လက်နက်ကိုင်များထောင်ထားသည့် လက်လုပ်ရီမုမိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ရုံးဝန်ထမ်းတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့ကြကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၅ ရက် နံနက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သီနှင့် ဝန်ထမ်းများ ရုံးလုပ်ငန်းတာဝန်များထမ်းဆောင်လျက် ရှိစဉ် ရုံး၏လက်ယာဘက်ခြမ်း ပြတင်းပေါက်အနီး၌ အဆိုပါ လက်လုပ်ရီမုမိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရုံးဝန်ထမ်း အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့၍ နယ်မြေခံတပ်မတော် ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူခဲ့ခြင်း ဖြစ်ရာ အမျိုးသား ၁ ဦးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

ယခုအခါ ကျန်လူနာများအား လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပေါက်ကွဲမှုကြောင့် ရုံးအဆောက်အဦအနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group