#LocalNews
Published - 17 March 2022
ကြိုးဝိုင်၊ ကြိုးပြင် ကာကွယ်တော ဧရိယာ ၄၃,၁၁၁,၇၀၅ ဧက အဖြစ် နိုင်ငံဧရိယာရဲ့ ၂၅ ဒဿမ ၇၅ ရာခိုင်နှုန်းကို သတ်မှတ်နိုင်ခဲ့တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
တစ်နှစ်အတွင်း သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော ၄၀၄,၁၅၈ ဧက ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ်မှာ ကြိုးပြင်ကာကွယ်တော အသစ် နှစ်ခုကို ဖွဲ့စည်းထားပြီး စစ်ကိုင်းတိုင်းဒေသကြီးမှာ ကြိုးပြင်ကာကွယ်တော တစ်ခုကို အသစ်သတ်မှတ်ခဲ့ပါတယ်။
ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိတဲ့ ၁၃,၈၀၃ ဧကရှိတဲ့ ကိုးကွေ့တောင်ကြိုးပြင်ကာကွယ်အဖြစ် မတ်လ ၁၁ ရက်နေ့က စတင်သတ်မှတ်ခဲ့ပြီး တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်မှာရှိတဲ့ ၁၅,၀၀၀ ဧက ကျယ်ဝန်းတဲ့ ဟန်လင်းတောင်ကြိုးပြင်ကာကွယ်တောအဖြစ် မတ်လ ၁၁ ရက်က ကြိုးပြင်ကာကွယ်တောအသစ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒ့ါအပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်အတွင်းရှိတဲ့ ဧက ၁၂,၃၃၅ ဧက ရှိ ခါချဉ်တောင်ကြိုးပြင်ကာကွယ်တောကိုလည်း မတ်လ ၁၁ ရက်နေ့က ကြိုးပြင်ကာကွယ်တော အသစ်အဖြစ် သတ်မှတ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် တစ်နှစ်အတွင်း ၅၈၁,၈၀၄ ဧက ဖွဲ့စည်းနိုင်ခဲ့ပြီး ဒီကနေ့အထိ သဘာဝထိန်းသိမ်းရေးနယ်မြေဧရိယာ ၁၀,၇၅၀,၆၂၅ ဧက နိုင်ငံ့ဧရိယာရဲ့ ၆ ဒဿမ ၄၃ ရာခိုင်နှုန်း ဖွဲ့စည်းသတ်မှတ်နိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ymg/ei
#Yangon_Media_Group
#LocalNews
Published - 17 March 2022
စပါးခွံကနေ လျှပ်စစ်ထုတ်လုပ်ဖို့နဲ့ ဖွဲနုကနေ စားသုံးဆီထုတ်လုပ်လိုတဲ့ ဆန်စက်လုပ်ငန်းတွေ၊ ကုမ္ပဏီတွေအနေနဲ့ နည်းပညာအကူအညီ၊ ချေးငွေရရှိရေးအကူအညီတိုအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF ကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ဆက်သွယ်ပေးဖို ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
စပါးခွံမှ လျှပ်စစ်ထုတ်တဲ့ ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်စွမ်းအင်ထုတ်စက်ရုံ၊ ဖွဲနုမှ ဆီကြမ်းထုတ်လုပ်ရေးစက်ရုံ၊ ဖွဲနုဆီသန့်စင်စက်ရုံတို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် အသင်းဝင်ကုမ္ပဏီတွေ၊ ဆန်စက်များလုပ်ငန်းရှင်တွေအနေနဲ့ တစ်ဖွဲ့တည်းဖြစ်စေ၊ စုပေါင်းပြီးဖြစ်စေ ရင်းနှီးမြှုပ်နှံနိုင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ စပါးခွံနဲ့ ဖွဲနုတို့ကနေ တန်းဖိုးမြှင့် ထွက်ကုန်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံလိုသူတွေ ကာလလတ်၊ နှစ်ရှည်ချေးငွေတွေရရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒ့ါအပြင် ပြည်တွင်းကုန်ထုတ်လုပ်မှု၊ အလုပ်အကိုင်ဖန်တီးပေးနိုင်မှု၊ နည်းပညာတိုးတက်ရရှိနိုင်မှုနဲ့ စီးပွားရေးအရ အကျိုးအမြတ်ရရှိမှုတို့ကို ဖော်ဆောင်ပေးနိုင်မှာဖြစ်ပြီး ချေးငွေရရှိရေးနဲ့ ခေတ်မီနည်းပိုင်းဆိုင်ရာတိုမှာ နိုင်ငံတကာအဖွဲ့အစည်းတွေ ဖွံ့ဖြိုးရေးမိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အသင်းချုပ်က ချိတ်ဆက်ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
အဆိုပါ ရင်းနှီးမြှုပ်နှံလိုတဲ့သူတွေအနေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် စပါးခွံနဲ့ ဖွဲနုတို့မှ သုတေသနနှင့် ဖွံ့ဖြိုးရေးကော်မတီကို ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
ymg/ei
#Yangon_Media_Group
#Local_News
Published_ 17 March 2022
နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွှတ်မြောက်လာသည့် မြန်မာနိုင်ငံသား အလုပ်သမား (၁၃၇) ဦးသည် မနေ့က မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရပါတယ်။
အဆိုပါ မြန်မာနိုင်ငံသား ၁၃၇ ဦးတွင် ခလေးငယ် ၁ ဦး၊ အမျိုးသား ၁၁၃ ဦး၊ အမျိုးသမီး ၂၃ ဦးတို့ဖြစ်ကြပြီး ထိုင်းနိုင်ငံမှတာဝန်ရှိသူများက မြန်မာနိုင်ငံ ကော့သောင်းမြို့မှ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လာရောက်လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတစ်လျောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်အတွင်း ပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများ ဖြစ်ကြပါတယ်။
ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု သံသယရှိသူများ ပါဝင်လာခြင်းရှိ မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်းရှိမရှိ၊ မူးယစ်ဆေးဝါး သယ်ဆောင်လာခြင်း ရှိ/မရှိ စစ်ဆေးလက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်တဲ့ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ပြန်လည်ဝင်ရောက်လာသူများမှ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် နေထိုင်သူများကို မော်တော်ယာဉ်များဖြင့် မိမိနေရပ်အသီးသီးသို့ ချက်ခြင်းပို့ဆောင်ပေးကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေး အသွားအလာကန့်သတ် စောင့်ကြည့်မှု ခံယူကြရမှာ ဖြစ်ပါတယ်။
ကော့သောင်းခရိုင်အတွင်း နေထိုင်သူများနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နေထိုင်သူများကို ကော့သောင်းမြို့ရှိ Quarantine Center (၂) ခုတွင် အမျိုးသားအမျိုးသမီး သီးခြားစီ ခွဲခြားထားရှိကာ (၁၀) ရက် အသွားအလာကန့်သတ်ထားရှိစောင့်ကြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခြင်းမရှိမှသာ မိမိတို့ရဲ့ နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။
#ymg_mnn
#Yangon_Media_Group
#LocalNews
Published - 17 March 2022
အလှူသွားသည့် လိုက်ထရပ်ယာဥ် တိမ်းမှောက်ရာမှ လူ ၅ ဦး သေဆုံးပြီး ယာဥ်ပေါ်ပါသူအများအပြား ထိခိုက်ဒဏ်ရာရခဲ့သည့် ဖြစ်စဥ်တစ်ခု ဒီကနေ့ (မတ်လ ၁၇ ရက်)၊ နေ့လည်ပိုင်းအချိန်က နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဇဗ္ဗူသီရိအထူးကုဆေးရုံရှေ့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။
အဆိုပါ ယာဥ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၅ ဦးအထိရှိခဲ့ပြီး ထိုအထဲမှ ၅ ဦးဟာ ဆေးရုံအရောက်တွင် ကွယ်လွန်သွားခဲ့ပြီး ကျန်လူနာများကိုတော့ နေပြည်တော်ရှိ ကုတင်(၁၀၀၀) ဆေးရုံကြီးတွင် ဆက်လက်၍ ဆေးကုသမှုတွေကို ပြုလုပ်ပေးနေတယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
"သူတို့က အလှူသွားကြတာလို့ပြောပါတယ်။ လယ်ဝေးမြို့ထဲက သူတွေပေါ့။ ကားက ဘီးပေါက်ပြီး တိမ်းမှောက်သွားခဲ့တာပါ။ ကျွန်တော်တို့ ကူညီကယ်ဆယ်ရေးသွားရောက်တဲ့အချိန်မှာ ရရှိစာရင်းအရ ဒဏ်ရာရသူ ကျား ၁၄ ယောက်၊ မ ၁၁ ယောက်ရှိခဲ့ပါတယ်။
အခု ကျွန်တော်တို့ကယ်ဆယ်ရေးအဖွဲ့ကို သတင်းဝင်တာက ဒဏ်ရာရလူနာတွေထဲက ၅ ဦးကတော့ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။"လို့ M.RESCUE Naypyitaw မှ တာဝန်ရှိသူတစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။
အဆိုပါ ယာဥ်တိမ်းမှောက်မှုဖြစ်ပွားရာသို နေပြည်တော်ဒေသခံလူမှုကူညီရေးအဖွဲ့တွေက သွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကာ ဒဏ်ရာရလူနာများကိုလည်း နေပြည်တော်ရှိ ကုတင်(၁၀၀၀) ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
#LocalNews
Published_17 March 2022
မြန်မာနိုင်ငံဘက်က ပို့ကုန် (၇)မျိုးကို တရုတ်က ယာယီပိတ်လိုက်တာကြောင့် လက်ရှိမှာ တရုတ်ကိုပို့ဖို့တန်းစီနေတဲ့ ကုန်ကားတွေ နောက်ကြောင်းပြန်လှည့်နေကြရတယ်လို့ မူဆယ်ကုန်သည်လုပ်ငန်းရှင်တွေက ပြောကြပါတယ်။
#Yangon_Media_Group
#LocalNews
Published - 17 March 2022
စစ်ကိုင်းမြို့ပေါ်မှ သံဃာအပါး(၅၀၀)အား ဆွမ်းလောင်းလှူဒါန်းပွဲကို ဒီကနေ့(မတ်လ ၁၇ ရက်)၊ နံနက်ပိုင်းအချိန်က စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ ရတနာစေတီဆင်များရှင်ဘုရားကြီး ပုရဝုဏ်အတွင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သံဃာအပါး(၅၀၀) ဆွမ်းလောင်းလှူဒါန်းပွဲကို သီတဂူဆရာတော်ကြီး၏ သက်တော်(၈၅)နှစ်ပြည့် ဝိဇာတမွေးနေ့ အထိမ်းအမှတ်အဖြစ် အလှူရှင်များကစုပေါင်း၍ ကျင်းပပြုလုပ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ ဆွမ်းလောင်းလှူဒါန်းပွဲတွင် အလှူရှင်များက သံဃာတော်များအတွက် သပိတ်အလုံး(၅၀၀)၊ ဆွမ်း၊ဆွမ်းဟင်း(၅)မျိုး၊ မုန့်၊ သစ်သီးနှင့် လှူဖွယ်ပစ္စည်း အစုစုတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ ရတနာစေတီဆင်များရှင်စေတီတော်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်ကို တင်လှူပူဇော်သည့် မင်္ဂလာအခမ်းအနားကိုလည်း တပေါင်းလဆန်း(၁၃)ရက် နံနက်တွင် သီတဂူဆရာတော်ဘုရားကြီးကိုယ်တိုင်ဦးဆောင်၍ ပြုလုပ်ခဲ့ပြီး
ယမန်နေ့ကလည်း ရတနာစေတီဆင်များရှင် ဘုရားကြီး၏ ဗုဒ္ဓဘိသေကအနေကဇာတင်လှူပူဇော်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ သီတဂူ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published - 17 Mar 2022
အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့တို့ မတ်လ ၆ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံခဲ့ကြပြီးနောက် UPDJC ကနေ ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နုတ်ထွက်လိုက်ပါတယ်။
#Yangon_Media_Group
Page 1830 of 1913