#LocalNews
Published - 16 May 2022
ဧပြီလ(၁)ရက်မှ မေလဒုတိယအပတ်အထိ အချိန်ကာလတစ်လကျော်အတွင်း တစ်နိုင်ငံလုံးအတိုင်း အတာလေဘေးသင့်ပြည်သူ (၄၀၀၀၀)ကျော်ရှိပြီး ဆန်ရိက္ခာ၊ ငွေကြေးနဲ့ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်ဖြူလဲ့လဲ့ထွန်းက YMG ကို ပြောပါတယ်၊၊
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ လေဘေးသင့်ပြည်သူ(၄၀၀၀၀)ကျော်ကို ဆန်ရိက္ခာ၊ ငွေကြေးထောက်ပံ့မှုနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေထောက်ပံ့ပေးခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ်သိန်းငါးထောင်နဲ့ ကိုးဆယ့်သုံးသိန်းကျော် ထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်၊၊
"တစ်လကျော်ကာလအတွင်း လေဘေးသင့်ပြည်သူ (၄၀၀၀၀)ကျော်ရှိပါတယ်၊၊ ဧပြီလ(၁)ရက်ကနေ မေလ(၁၃)ရက်အထိစာရင်းတွေအရ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်လုံးဝပြိုကျ ပျက်စီးသွားတာ (၂၁၀၀)ကျော်၊ တစ်စိတ်တစ်ပိုင်းပျက်စီးတာ (၁၀၀၀၀)ကျော်၊ သေဆုံးသူ(၆)ဦး၊ ဒဏ်ရာရသူ (၁၃)ဦးရှိပါတယ်၊၊ အစ်မတို့ဝန်ကြီးဌာနအနေနဲ့ ဆန်ရိက္ခာ(၇)ရက်စာပေးအပ်ထောက်ပံ့တာ၊ပျက်စီးသွားတဲ့အိမ်တွေရဲ့ နှုန်းထားအတိုင်းသတ်မှတ်ငွေကြေးထောက်ပံ့ပေးတာတွေဆောင်ရွက်ပါတယ်၊၊သေဆုံးသူတစ်ဦးကို ကျပ်သုံးသိန်း၊ ထိခိုက်ဒဏ်ရာရသူတစ်ဦး(ဆေးရုံတက်ကုသရသူ)ကို ကျပ်ငါးသောင်းပေးအပ်ပါတယ်၊၊ အဲဒီလိုကူညီထောက်ပံ့မှုတွေအနေနဲ့ တန်ဖိုးကျပ်သိန်းငါးထောင်ကျော် ထောက်ပံ့ပေးခဲ့ပါတယ်၊၊ ကယ်ဆယ်ရေးပစ္စည်းတွေလည်းပေးအပ်ခဲ့ပါတယ်"လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်၊၊
တိုင်းဒေသကြီးပြည်နယ်(၁၅)ခုမှာ (၁၄)ခုမှာ လေပြင်းတိုက်ခတ်မှုတွေဖြစ်ခဲ့တာဖြစ်ပြီး မန္တလေး၊ပဲခူး၊ မကွေးနဲ့နေပြည်တော်တို့မှာ လေပြင်းတိုက်ခတ်မှုတွေများပြားခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 16 May 2022
နိုင်ငံဖြတ်ကျော်ပေးချေမှုများဆိုင်ရာ ဆန်းသစ်တီထွင်မှုများ ပိုမိုတိုးတက်လာစေရေး အာရှဗဟိုဘဏ်များ ငွေစာရင်းရှင်းလင်းရေးအဖွဲ့ (အေစီယူ) ဒါရိုက်တာအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းသည် အကြိမ် (၅၀) မြောက် အာရှဗဟိုဘဏ်များ ငွေစာရင်းရှင်းလင်းရေးအဖွဲ့ (အေစီယူ) ဒါရိုက်တာအဖွဲ့အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အစည်းအဝေးတွင် အေစီယူနိုင်ငံများအကြား ပြည်တွင်းသုံးငွေကြေးဖြင့် ပေးချေမှုများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးနှင့် အေစီယူစနစ် ပိုမိုကျယ်ပြန့် အားကောင်းခိုင်မာလာစေရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း ဦးဆောင်၍ ညွှန်ကြားရေးမှူးချုပ်ဒေါ်ခိုင်ရွှေဝါ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော်တို ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မေ ၁၂ ရက်မှ ၁၃ ရက်အထိ ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့တွင် တက်ရောက်ခဲ့တာဖြစ်ပါတယ်။
အေစီယူအဖွဲ့ဝင်နိုင်ငံ ကိုးနိုင်ငံဖြစ်တဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ မြန်မာ၊ ဘူတန်၊ မော်လ်ဒိုက်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
အေစီယူအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနှင့် အလားအလာများ၊ ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အေစီယူ၏ဆောင်ရွက်ချက်များနှင့် တိုးတက်အောင်မြင်မှုများ၊ အေစီယူ ကျွမ်းကျင်မှုကော်မတီမှ အကြံပြုတင်ပြချက်များကို အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_16 May 2022
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး ကျောက်လုံးတော်ကြီးအား ယနေ့ မေလ ၁၆ ရက် နံနက် ၂ နာရီခန့် မိုးကြိုးအနည်းခ(စက်ကွင်း) မိသွားကြောင်း စေတီတော် ဂေါပကအဖွဲ့က YMG ကို ပြောသည်။
"ဒီနေ့ မနက်ပိုင်းပေါ့။ ၂ နာရီလောက်က မိုးသည်းသည်းထန်ထန်ရွာတယ်။ အဲအချိန်မှာ မိုးကြိုးစက်ကွင်း မလွတ်တာပေါ့။ ရွှေသင်္ကန်းနည်းနည်း ကွာကျသွားတယ်။ ဂေါပကအဖွဲ့က အခု သွားပြီးတော့ စစ်ဆေးနေကြပြီ၊ ဘာမှတော့ အများကြီးမဖြစ်ဘူး"ဟု ဂေါပက အဖွဲ့ဝင်တစ်ဦးကပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ခေလ ၁၅ ရက် ညပိုင်းကလည်း စမတောင်နှင့် ဝိဇ္ဇာတောင်ကြားရှိ လျှိုထဲသို့ မိုးကြိုးပစ်ချလိုက်သောကြောင့် စေတီတော်တွင် ကပ်လှူထားသည့် အလေးချိန် ၇၂ ကျပ်သားခန့်ရှိ ရွှေသင်္ကန်းအချို့ကွာကျခဲ့ကာ ကျိုက်ထီးရိုးဘုရားအဝင်အနီးရှိ ကျောက်သမံစေတီ အနီးခြေနင်းကျောက်ပြား အနည်းငယ်ပျက်စီးခဲ့သေးသည့် ဖြစ်စဉ်ရှိခဲ့ဖူးသည်။
"လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ပြီး မိုးကြိုးခတာ ဒါနဲ့ဆိုရင် နှစ်ကြိရှိပြီ။ မိုးကြိုးပစ်တာကြောင့် ကျောက်လုံးတော်ကြီး တုန်သွားတဲ့အတွက် ရွှေသရိုးဖတ်တွေ ကွာကျသွားတာပေါ့။ အများကြီး ဖြစ်တာမဟုတ်ဘူး။ ကျောက်လုံးတော်ကြီးပတ်လည်မှာ ကွာကျတဲ့ ရွှေသရိုးဖတ် ၄၀ ကျပ်သားလောက်ရတယ်လို့ ကြားပါတယ်။ အမှိုက်ရောရာ ရွှေမှုန်ရွှေစတွေက ၂၄ကျပ်သားလို့ သိရတယ်"ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။
ယင်းအပြင် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၅ ရက်၊ ညနေ ၆ နာရီ ခွဲခန့်က ကျိုက်ထီးရိုးတောင်ပေါ် ရင်ပြင်တော်စခန်းရှိ မုဆိုးတောင်စေတီတော် မိုးကြိုးခမှုဖြစ်ပွားခဲ့သေးကြောင်း၊ ၂၀၁၅ ခုနှစ်တွင်လည်း စေတီတော်ကျောက်လုံးတော်ကြီး မိုးကြိုးကြောင့် ရွှေသင်္ကန်း ၇ ပိဿာကျော် ကွာကျခဲ့ဖူးကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 16 May 2022
မေ ၁၆ ရက် ဒီကနေ့မှစ၍ မြန်မာနိုင်ငံသားများဘဏ် (MCB)က အကောင့်ဟောင်းများမှ Online Booking ဖြင့် တိုကင်ရယူရန် မလိုတော့ဘဲ ငွေထုတ်ယူနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
တိုကင်ရယူရန်မလိုတော့ဘဲ ငွေထုတ်ယူနိုင်မယ့် အစီအစဉ်မှာ ၁ ပတ်လျှင် Personal Account တစ်ခုလျှင် ၃ သိန်းကျပ်၊ Company Account တစ်ခုလျှင် ၃၀ သိန်းဖြစ်ကြောင်း MCB က အသိပေးထားပါတယ်။
မေ ၁၆ ရက်မှ စတင်ကာ CBM Net ဖြင့် Account Transfer ပြုလုပ်သော အကောင့်များ မပါဝင်ကြောင်း သိရပြီး တိုကင်ရယူရန်မလိုတော့ဘဲ ငွေထုတ်ယူမှုကို ဖွင့်လှစ်ထားတဲ့ MCB ဘဏ်ခွဲတိုင်းမှာ ဆောင်ရွက်နိုင်တယ်လို ဆိုပါတယ်။
ymg-mnn
#Yangon_Media_Group
#TV Yangon Times Mattersအစီအစဉ်
Published - 14 May 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်က စာရေးဆရာအကြီးကိုကို (ကသာ) နှင့်အတူ
_ ဆရာအကြီးကိုကို (ကသာ) ရဲ့ ထွက်ရှိထားတဲ့ စာအုပ်များအကြောင်းနဲ့ စာရေးဆရာဖြစ်လာပုံများ။
_ ဆရာရဲ့ အကြီးကိုကို(ကသာ)စာကြည့်တိုက် များတည်ထောင်ဖြစ်ဖို့ပုံအကြောင်းများ။
_ ဆရာအကြီးကိုကို(ကသာ) ရဲ့ လစဉ် အမေကိုကန်တော့ဖြစ်တဲ့အကြောင်းများ" စတဲ့ စိတ်၀င်စားဖွယ် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#TV Yangon Times Mattersအစီအစဉ်
Published - 14 May 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်က စာရေးဆရာအကြီးကိုကို (ကသာ) နှင့်အတူ
_ ဆရာအကြီးကိုကို (ကသာ) ရဲ့ ထွက်ရှိထားတဲ့ စာအုပ်များအကြောင်းနဲ့ စာရေးဆရာဖြစ်လာပုံများ။
_ ဆရာရဲ့ အကြီးကိုကို(ကသာ)စာကြည့်တိုက် များတည်ထောင်ဖြစ်ဖို့ပုံအကြောင်းများ။
_ ဆရာအကြီးကိုကို(ကသာ) ရဲ့ လစဉ် အမေကိုကန်တော့ဖြစ်တဲ့အကြောင်းများ" စတဲ့ စိတ်၀င်စားဖွယ် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published - 15-5-2022
မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းက စင်ကာပူအမျိုးသမီးဘောလုံးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရထားသည်။
ယင်းကြောင့် ရမှတ် ၇ မှတ်ဖြင့် အကြို ဗိုလ်လုပွဲကို တက်ရောက်သွားပြီဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းအနေဖြင့် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရာတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး နောက်တစ်ဆင့် တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။
ယနေ့ ညနေ ၆ နာရီ ခွဲ အချိန်တွင်ကစားမည့် ထိုင်းအသင်းနှင့် လာအိုအသင်းတို့၏ ရလဒ်ကိုလည်းစောင့်ကြည့်ရဦးမည်ဖြစ်သည်။
ymg-mt
#Yangon_Media_Group
Page 1789 of 1973