#LocalNews
Published_8 August 2022

 

ရှမ်းပြည်နယ်၊ကျောက်မဲခရိုင်၊ မန်တုံမြို့နယ်တွင်ယ‌နေ့ ဩဂုတ်လ ၈ ရက်နံနက် ၃ နာရီခန့်အချိန်က ချောင်းရေမြင့်တက်၍ အိမ်ခြေ(၅၀)ခန့်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။

 

နမ့်ကုန်ချောင်းရေမြင့်တက်မှုကြောင့် မန်တုံမြို့နယ်၊ မြို့မရပ်ကွက်ရှိ နေအိမ်များကို ရေဝင်ခဲ့ရာ မန်တုံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြရကြောင်းသိရသည်။

 

အဆိုပါရေဘေးသင့်သူများအား လက်ရှိတွင်ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်း‌ပေးထားကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group