#LocalNews
Published - 17 May 2022
အမေရိကန်နိုင်ငံသို့ ပညာတော်သင်သွားရောက်ဖို့ စိတ်ဝင်စားသူတွေအတွက် ဟမ်ဖရီနဲ့ ဖူးဘရိုက်ပညာတော်သင်အစီအစဥ်တွေအကြောင်းကို အမေရိကန်သံရုံးက အွန်လိုင်းကနေတစ်ဆင့်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်၊၊
အဲဒီ့အစီအစဥ်ကို မြန်မာဘာသာနဲ့ ထုတ်လွှင့်သွားမှာဖြစ်ပြီး အရင်ပညာတော်သင်အဟောင်းတွေက သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေပေးကြမယ်လိုဆိုပါတယ်၊၊
ဟမ်ဖရီနဲ့ ဖူးဘရိုက်ပညာတော်သင်အစီအစဥ်တွေအကြောင်းလေ့လာလိုသူတွေအနေနဲ့
မေလ(၂၀)ရက် ညနေ(၄:၃၀)မှာအမေရိကန်သံရုံးက ပေးထားတဲ့ Zoom Link - https://tinyurl.com/ FH2023zoom/Meeting ID - 161 683 4400
Passcode - 821021မှာ တက်ရောက်နိုင်မှာဖြစ်ပါတယ်၊၊
ဖူးဘရိုက်နဲ့ ဟမ်ဖရီပညာတော်သင်အစီအစဥ်တွေအကြောင်း ကြေညာချက်နဲ့အသေးစိတ်အချက်အလက်တွေကို https://go.usa.gov/xus7f နဲ့ မိမိတို၏ သံရုံးဝက်ဘ်ဆိုက် https://mm.usembassy.gov မှာလည်း ဖတ်ရှုနိုင်ပြီး ဇူလိုင်(၁)ရက်လျှောက်လွှာပိတ်ရက်မတိုင်ခင် အခုကစပြီးလျှောက်ထားလိုရတယ်လိုသိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_17 May 2022
သရုပ်ဆောင်ရဲတိုက်ရင်ဆိုင်နေရသော မူးယစ်အမှုကို လာမယ့် မေလ ၁၉ ရက် ကြာသပတေးနေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း သူ၏အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူတစ်ဦးက YMG ကို ပြောသည်။
ရဲတိုက်ကို မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် မူးယစ်ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ ၁၆(ဂ)/၂၃ ဖြင့် စွဲဆိုထားခြင်းဖြစ်သောကြောင့် လက်ရှိတွင် အဆိုပါအမှုကို ရင်ဆိုင်နေရခြင်းလည်း ဖြစ်သည်။
၎င်းကို မေလ ၁၂ ရက်က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ အပြီးသတ်လျှောက်လဲချက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်ထိ ချမှတ်နိုင်ကြောင်းလည်း သိရသည်။
ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရသော ၅၀၅ (က) အမှုကိစ္စအတွက် ပြီးခဲ့သည့် မတ်လ ၂ ရက်တွင် နစက၏ ၅၀၅ (က) လွတ်ငြိမ်းစာရင်း၌ သရုပ်ဆောင် ရဲတိုက်ပါဝင်ခဲ့သောကြောင့် လက်ရှိတွင် မူးယစ်ဆေးဝါးအမှုတစ်ခုသာ ကျန်ရှိတော့ကြောင့် သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 17 May 2022
ကချင်ပြည်နယ်၊ ပူတာအိုဒေသတွင် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေမှုကြောင့် ဒေသခံများ အနေနဲ့အခက်တွေ့နေရတယ်လို့ သိရပါတယ်။
ယင်းကဲ့သို့ ကုန်စျေးနှုန်းများမြင့်တက်ရတာဟာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် ကုန်ပစ္စည်းများ ပြတ်လပ်မှုတို့ကြောင့်ဖြစ်တယ်လို့ ပူတာအိုဒေသခံတွေက ပြောပါတယ်။
"တောင်ပေါ်ဘက်မှာဆိုတော့ လမ်းပန်းဆက်သွယ်ရေး အရေးကြီးတယ်။ တချို့နေရာမှာ စားဝတ်နေရေး ခက်ခဲတာတွေရှိတယ်။ လမ်းပန်းဆက်သွယ်ရေးက တောင်ပေါ်ဘက်မှာ နှင်းမုန်တိုင်းတွေကျပြီးတော့ လမ်းတွေပျက်တာပေါ့၊ လမ်းတွေပျက်တယ် အဲ့လိုရှိတာပေါ့။ အခု မိုးတွင်းဆိုရင် ပိုဆိုးတယ်။ လမ်းတွေပြင်ထားတယ်ဆိုပေမယ့် သစ်ပင်တွေလဲ နေတဲ့အတွက် ရှင်း နေရတယ်။
အဲ့လိုတွေကြောင့် ကုန်စည်စီးဆင်းမှုအပိုင်းမှာလဲ အခက်အခဲရှိတယ်။ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေ ကျေးရွာတွေဆို ပိုဆိုးတာပေါ့နော်။"လို့ ပူတာအိုမြို့ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။
လက်ရှိ ပူတာအိုဒေသတွင် ဆန်တစ်အိတ်လျှင် ကျပ် ၄၀၀၀၀ မှ ကျပ် ၇၀၀၀၀ အထိ ပေါက် စျေးရှိနေပြီး စားဆီတစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ နှင့် စက်သုံးဆီ ဓါတ်ဆီတစ်ဂါလံလျှင် ကျပ် ၁၀၀၀၀ ကျော်အထိ ပေါက်စျေးရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
"အခုပြောရရင် ကုန်စျေးနှုန်းတွေက ပိုတက်တယ်။ အများကြီးတက်တယ်။ ဟိုးတောင်ပေါ်တွေဆို ပိုဆိုးတယ်။ ဒီကိုဆက်သွယ်တာကလဲ ကုန်လမ်းကြောင်းတစ်ကြောင်းပဲရှိတာလေ၊ ဒီက ဒေသခံတွေက တောင်သူတွေများတယ်၊ ကုန်စျေးနှုန်းတက်တဲ့အခါကျတော့ လူမှုဘဝတွေ ရပ်တည်ဖို့က ခက်ခဲတာပေါ့ ။"လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
အဆိုပါ ပူတာအို ဒေသဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
#Local_News
Published_ 17 May 2022
မွန်ပြည်နယ်တရားလွှတ်တော်က ဒီကနေ့ရက်စွဲဖြင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အေးဇံအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ အမှု ၉ မှုအတွက် ပြစ်မှုထင်ရှားစီရင်ပြီး ထောင်ဒဏ် ၂၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံသည် ရာထူးနှင့် လုပ်ပိုင်ခွင့်ကို အကြောင်းပြု၍ စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးများ ရယူသုံးစွဲခဲ့မှုများအပေါ် ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်လျက် ၂၀၁၈ ခုနှစ်မှ စတင်၍ သံလွင်မြစ်အတွင်း သဲများ စုပ်ယူထုတ်လုပ်ခဲ့ရာတွင် လုပ်ငန်းရှင်များထံမှ စုစုပေါင်း ငွေကျပ်သိန်း ၅၆၉၀ ကျော်ကို လက်ခံရယူခဲ့ခြင်း။
သဲသောင်တူးဖော်ရေးလုပ်ငန်းတွင် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ စာရင်းသို့ အမှန်တကယ်ပေးသွင်းရမည့် ဓာတ်သတ္ထုခွန်အား လုပ်ပိုင်ခွင့်မရှိဘဲ လျော့နည်းပေးသွင်းရန် ခွင့်ပြုခဲ့ခြင်းကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်မှ ရရှိမည့် ဘဏ္ဍာငွေကျပ်သိန်း ၁၃၂၀ ကျော် နစ်နာဆုံးရှုံးခဲ့ခြင်း။
ကိုဗစ်-၁၉ ရန်ပုံငွေများမှ ငွေကျပ် သိန်း ၂၀၀ ကို ပုဂ္ဂိုလ်ရေးအရ အခြားသူတစ်ဦးသို့ ခေတ္တထုတ်ပေးခဲ့ပြီး ပြန်လည်ပေးဆပ်မှုမရှိခြင်း၊ အခြားပုဂ္ဂိုလ် နှစ်ဦးသို့ ငွေကျပ်သိန်း ၆၅၀ ထုတ်ပေးခဲ့ပြီး ပြန်လည်ပေးဆပ်မှုမရှိခြင်းတို့သည် နိုင်ငံတော်၏ ငွေကြေးပိုင်ဆိုင်မှုကို နစ်နာဆုံးရှုံးစေခဲ့ခြင်း အပါအဝင် အဂတိလိုက်စားမှုများကို ကျူးလွန်ခဲ့ခြင်းကြောင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ မွန်ပြည်နယ် တရားလွှတ်တော်တွင် ၂၇-၄-၂၀၂၁ ရက်နေ့၌ တရားစွဲဆို တင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၁/၂၀၂၁ မှ ၉/၂၀၂၁ အထိ အမှု ကိုးမှုဖြင့် လက်ခံစစ်ဆေးခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
ymg-mnn
#Yangon_Media_Group.
#Local_News
Published_ 17 May 2022
တာဝန်မှကင်းကွာခဲ့ကြသော ပညာရေးဝန်ထမ်း ဆရာ/ဆရာမများ၊ ဝန်ထမ်း စည်းကမ်းဖြင့် အရေးယူခံထားရသည့် ဆရာဆရာမများ အနေဖြင့် နိုင်ငံသားမျိုးဆက်သစ်လူငယ်များအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာ ဟူသော နာသုံးနာကို ရှေးရှု၍ သင်ကြားရေးတာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ရန် နစကမှ ဖိတ်ခေါ်လိုက်ပါတယ်။
ဆရာ/ဆရာမများ အနေဖြင့် မိမိတို့၏ သဘောဆန္ဒအလျောက် မိမိတို့နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့ရာ ကျောင်းတည်ရှိသည့် မြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ၊ မိမိတို့လက်ရှိနေထိုင်ရာဒေသရှိ နီးစပ်ရာ မြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ သတ်မှတ်ပုံစံများဖြည့်စွက်ရန်နှင့် အယူခံလွှာတင်သွင်းရန်တို့အတွက် မေလ ၃၁ ရက်နေ့ မတိုင်မီ သတင်းပို့ရန် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်နှင့် အဆင့်မြင့်ပညာတက္ကသိုလ်/ကောလိပ်များကို ၂၀၂၂ ခုနှစ် မေ ၁၂ ရက်တွင် လည်းကောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာသင် ကျောင်းများကို ဇွန် ၂ ရက်တွင် ပြန်လည် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
တာဝန်မှကင်းကွာနေသော အခြေခံပညာရေးဝန်ထမ်းများအနက် တာဝန်ထမ်းဆောင်ရန် အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်နေသောဝန်ထမ်းများ၊ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးဆဲ ဝန်ထမ်းများနှင့် အယူခံတင်သွင်းသည့် ဝန်ထမ်းများအား တာဝန်ပျက်ကွက်ခဲ့သည့် ကာလများကို လစာမဲ့ခွင့်အဖြစ်သတ်မှတ်ပေးမယ်လို့ ဆိုပါတယ်။
ထို့ပြင် ကြီးလေးသော ရာဇဝတ်မှုကျူးလွန်ထားသူများမှအပ တာဝန်ပြန်လည်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့က အသိပေးကြေညာထားပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 17 May 2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ် ၆ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၄ ရက် ည ၇ နာရီခွဲတွင် သတင်းအရ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ သီရိမင်္ဂလာဈေးဝင်းတွင် ယာဉ်မောင်းဝင်းလှိုင်နှင့် လှဘော်တို့ ၂ ဦးအား TOYOTA WISH မော်တော်ယာဉ်နှင့်အတူတွေ့ရှိပြီး ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေ ကျပ် ၆ ဒသမ ၂ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၅၁ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ မေ ၆ ရက် မွန်းလွဲ ၁ နာရီတွင် မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်တွင် အိုက်စ် (မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများ ဖြစ်ကြသည့် ထွန်းနိုင်နှင့် ဝင်းမြင့်တို့ကိုလည်းကောင်း၊ ညနေ ၄ နာရီခွဲတွင် ကျောင်းကုန်းမြို့အဝင် တိုးဂိတ်တွင် အားဂျီး(ခ)အားရှီးကိုလည်းကောင်း၊ ညနေ ၅ နာရီတွင် တာချီလိတ်မြို့နယ်၊ လွယ်ချီတုံကျေးရွာတွင် ကိုပေါက်ကို လည်းကောင်း၊ ညနေ ၅ နာရီခွဲတွင် ပုသိမ်မြို့နယ်၊ ချောင်းသာဟိုတယ်တွင် ထိုင်းနိုင်ငံသား စိုင်းရှန်ဖ(ခ)ဘောန်(ခ) Mr. Piayapong Khammongkhon နှင့် စိုင်းနော်ခမ်း(ခ)အိုက်စိုင်းတို့ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ပါတယ်။
ဆက်လက်စစ်ဆေး ဖော်ထုတ်ချက်များအရ မေ ၇ ရက် နံနက် ၁၁ နာရီတွင် ဒလမြို့နယ်၊ စက်မြေရပ်ကွက်ရှိ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ပင်လယ်ပြင်သုံး ငါးဖမ်းစက်လှေတစ်စင်းနှင့်အတူ ရှိင်းထက်အောင်(ခ)ဆံရှည်၊ အေးသောင်း၊ မျိုးနိုင်နှင့် သန်းစိုးတို့ကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး မေ ၈ ရက် ညနေ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါးများ တာဝန်ခံ သယ်ဆောင်မည့် စက်လှေပိုင်ရှင် ဉာဏ်ဝင်းကိုလည်းကောင်း၊ မေ ၁၁ ရက် နံနက် ၁၀ နာရီတွင် တာချီလိတ်မြို့၊ ပါလျှံ (၁) ရပ်ကွက်တွင် အောင်ကျော်ထွန်း(ခ) အိုက်ဆမ်တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း) များကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ထိုမှတစ်ဆင့် ရေကြောင်းလမ်းအသုံးပြု၍ မလေးရှားနိုင်ငံ ရေပိုင်နက်သို့ သယ်ဆောင်မှာ ဖြစ်ကြောင်း သိရပါတယ်။
ဖမ်းဆီးရမိသူများအနက် ထိုင်းနိုင်ငံသား စိုင်းရှန်ဖ (ခ) ဘောန်(ခ) Mr. Piayapong Khammongkhon သည် ထိုင်းနိုင်ငံတွင် လူသတ်မှု၊ မူးယစ်ဆေးဝါးမှုတို့ဖြင့် အလိုရှိတရားခံပြေး ဖြစ်ကြောင်း၊ အမှုတွင် ပူးပေါင်းပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်နေသူများဖြစ်သည့် စိုင်းဂွမ်(ခ) စိုင်းဂွမ်း၊ စိုင်းအောင်ညွန့်၊ အားချန်နှင့် လူဖီးတို့အပါအဝင် စုစုပေါင်း(၁၈)ဦးကို ဥပဒေအရ အရေးယူထားရှိပြီး မူးယစ်ဆေးဝါး ရောင်းဝယ်လုပ်ကိုင်ရာမှ ရရှိသည့် အကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများ စိစစ်ဖော်ထုတ်၍ ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့(ONCB)၊ မလေးရှားနိုင်ငံ အမျိုးသား မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့(NADA)တို့နှင့် ပူးပေါင်း၍ ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 16 May 2022
ကချင်ပြည်နယ်၊ ခါကာဘိုရာဇီဒေသရှိ ဝေးလံခေါင်ဖျား ကျေးရွာများသို့ ဆက်သွယ်ထားသည့် ဟောင်းနွမ်းကြိုးတံတား (၆)စင်းအားပြုပြင်ဖို့ လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Page 1787 of 1973