#LocalNews
Published - 14 May 2022
ချေးငွေကုမ္ပဏီမှ ငွေလာသိမ်းသူဝန်ထမ်းကိုသတ်ပြီး လူသတ်အလောင်းဖျောက်ကာ ငွေနှင့်ဆိုင်ကယ်အား ယူငင်ထွက်ပြေးမှု ဘီလင်းမြို့နယ်တွင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ မေလ ၁၃ ရက်နေ့က ဘီးလင်းမြို့နယ်၊ခဲမောက်ကျေးရွာတွင် လူသတ်ပြီးအလောင်း မြေမြုပ်ထားမှုဖြစ်စဥ်မှ သေဆုံးသူအား သက်ဆိုင်ရာဒေသရဲတပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းတွေက ပြန်လည်တူးဖော်ခဲ့ရတာပါ။
"သူက ချေးငွေကုမ္ပဏီကဝန်ထမ်းပေါ့။ငွေလာသိမ်းရင်းနဲ့ အခုလိုဖြစ်တာ။ ငွေရစရာရှိလို့ ငွေလာသိမ်းတာကို သတ်တယ် သူ့မှာပါတဲ့ ငွေတွေရောပစ္စည်းတွေရော ဆိုင်ကယ်တွေရော ယူပြီးထွက် ပြေးသွားတာပေါ့။ သူတို့က အလောင်းကိုတော့ သူတို့ ခြံဝန်းထဲမှာဘဲမြုပ်ခဲ့တယ်။ ပြီးတော့ သူတို့ကပဲ လူသတ်အလောင်းမြုပ်ခဲ့ပါတယ်ဆိုတာကို ရဲကိုသတင်းပေးခဲ့တယ်။ အဲ့ဒီနောက်မှာ ကျနော်တို့က သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့အတူ အလောင်းကိုသွားဖော်ရတာပါ။ ပစ္စည်းယူ လူသတ်အလောင်းဖျောက်တဲ့ လင်မယားနှစ်ယောက်လုံးကတော့ ထွက်ပြေးသွားပါတယ်။"လို့ ဘီးလင်းမြို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စုစည်းအားမာန်မှ တာဝန်ရှိသူ တစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။
ပြန်လည်တူးဖော်ရရှိခဲ့တဲ့ အလောင်းကိုလည်း ဒေသခံလူမှုကူညီရေးပရဟိတအဖွဲ့က ကားဖြင့် ဘီးလင်းဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးပြီး ရင်ခွဲရုံမှတစ်ဆင့် သထုံမြို့နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ လူသတ်အလောင်းဖျောက်ခဲ့တဲ့ လင်မယားနှစ်ယောက်ဟာ ထွက်ပြေးတိမ်း ရှောင်နေဆဲဖြစ်ပြီး သက်ဆိုင်ရာမှ ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဓါတ်ပုံ - ဘီးလင်းမြို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့စုစည်းအားမာန်
ymg/kg
#Yangon_Media_Group
#Local_News
Published_ 14 May 2022
တပ်မတော်သို့ဝင်ရောက်စဥ် အသက် ၁၈ နှစ် မပြည့်သေးသူ ၂၈ ဦးအား စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့်ပြု၍ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရပါတယ်။လွှဲပြောင်းအပ်မှု (၁၇) ကြိမ်အတွင်း ၁၀၅၇ ဦးအား လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း သိရပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့် မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး လုပ်ငန်းအဖွဲတို့၏ အစီအစဉ်ဖြင့် တပ်မတော်သို့ဝင်ရောက်စဉ် အသက် ၁၈ နှစ် မပြည့်သေးသူများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အလိုက်စိစစ်၍ စစ်မှုထမ်းခြင်းမှနုတ်ထွက်ခွင့် ပြုလျက်ရှိတယ်လို့ ဆိုပါတယ်။
နုတ်ထွက်ခွင့်ရရှိသူများနှင့် မိဘ/အုပ်ထိန်းသူများကို မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး လုပ်ငန်းအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှစီစဉ်သော ကြားကာလပြုစုစောင့်ရှောက်ရေးစခန်းသို့ ပို့ဆောင်ပေးတယ်လို့ ဆိုပါတယ်။
ထိုစခန်းတွင် မိဘများနှင့် အဆက်အသွယ်မရရှိသေးပါက ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဆေးဝါးကုသရန် လိုအပ်မှုရှိ/မရှိစစ်ဆေး၍ လိုအပ်က ဆေးဝါးကုသမှုခံယူစေခြင်း၊ ကျောင်းပြန်တက်ရန် ဆန္ဒရှိပါကကျောင်းပြန်တက်ရန်၊ အလုပ်လုပ်ကိုင်ရန်ဆန္ဒရှိပါက မျှတသောအလုပ်အကိုင်ရရှိနိုင်ရန်၊ လိုအပ်သည့် ကျွမ်းကျင်မှုများ သင်ယူရန်၊ ဖြစ်နိုင်ခြေများဆန်းစစ်ခြင်းနှင့် လက်ငင်းအသုံးပြုရန် အခြေခံပစ္စည်းများ ဝေငှခြင်း၊ အိမ်အပြန်ခရီးစရိတ်နှင့် စားစရိတ်များ စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်းသိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_13 May 2022
အခု မေလထဲမှာ ကျင်းပဖို့ ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နစကတို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ တက်ရောက်မယ့် တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ တစ်ဖွဲ့ချင်း တင်ပြစရာတွေလည်း ရှိမယ်ဆိုပေမယ့် တစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ ဆွေးနွေးစရာအကြောင်းအရာတွေကတော့ ရည်မှန်းချက်တူကြမှာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ (PPST) ရဲ့ အဖွဲ့ဝင်လည်းဖြစ်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရဲ့ နာယကလည်း ဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published - 13 May 2022
မန္တလေးမြို့တွင် အုပ်စုဖွဲ့လုယက်သူများကြောင့် မြို့နေဒေသခံများ အနေနဲ့ စိုးရိမ်နေရတယ်
လို့ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published -13 May 2022
မေလ(၁၄)ရက်၊ ကဆုန်လပြည့်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး ၊တိုက်ကြီးမြို့နယ်ရှိ ပန်းတစ်ပွင့်တောင်တော်မြတ်ကြီးမှာ ကန်တော်မင်္ဂလာနဂါးရုံဘုရားထီးတော်တင်တာ၊ အမျိုးခေါ်အိုးပေါ်စေတီတော်အတွက် ပန္နက်ရိုက်အုတ်မြစ်ချမင်္ဂလာတွေ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ ပန်းတစ်ပွင့်တောင်ဆရာတော်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published - 13 May 2022
ခိုးကိုးရာမဲ့နေသည့် အသက်(၁၇)နှစ်အရွယ် မိခင်ဖြစ်သူနှင့် (၃)လအရွယ် ကလေးငယ်ကို မြဆည်းဆာဂေဟာမှ ရာသက်ပန်တာဝန်ယူစောင့်ရှောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
"သနားစရာလဲကောင်း ဆိုးလှတဲ့ဘဝနဲ့အနာဂတ်မဲ့နေတဲ့ (၃)လရွယ် ကလေးတင်မက (၁၇)နှစ်အရွယ်မိခင်ဖြစ်သူကိုပါ မြဆည်းဆာမှ စောင့်ရှောက်လိုက်တာပါ။ ပထမတော့ ကလေးကိုပဲ တာဝန်ယူမွေးစားမလိုပါပဲ။ ဒါပေမဲ့ မိခင်နဲ့ကလေး ဖြစ်သူတို့ရဲ့ အကြောင်းရင်းကို သိရပြီးနောက် မြဆည်းဆာဆရာတော်ရဲ့ လမ်းညွှန်မှုကိုခံယူပြီး အသက် (၁၇)နှစ်အရွယ် မိခင်ဖြစ်သူကိုပါ မြဆည်းဆာမှ တာဝန်ယူစောင့်ရှောက်ပေးလိုက်ပါပြီ။ မိခင်နဲ့ ကလေးလဲ မခွဲရတော့သလို သူတို့ သားအမိနှစ်ဦးလုံးရဲ့ ဘဝတခုလုံးလဲ လုံခြုံစိတ်ချသွားရတာပေါ့"လို့ မော်လမြိုင်မြို့ခံ ပရဟိတသမားတစ်ဦးဖြစ်သူ ကိုဇင်မိုးက သူ၏လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တာပါ။
မြဆည်းဆာဆရာတော်ရဲ့ လမ်းညွှန်မှုနဲ့ မိခင်နဲ့ကလေးကို သူတို့ကိုစောင့်ရှောက်ပေးထားတဲ့ သူနဲ့အတူ နေအိမ်မှာ ခေါ်တွေ့ဆုံမေးမြန်းပြီး အခြေအနေအရ အကောင်းဆုံးလမ်းဖြစ်တဲ့ မိခင်ကိုရော ကလေးကိုပါ တာဝန်ယူစောင့်ရှောက်ပေးလိုက်တာဖြစ်တယ်လို့ ၄င်းက ပြောပါတယ်။
အဆိုပါ ကလေးမိခင်အမျိုးသမီး၏ အစ်မဟာ ၄င်းတို့ကို တနယ်တကျေးကို ခေါ်လာပြီ တောင်းရမ်းစားခိုင်းပြီး ခေါင်းပုံဖြတ်ရာမှ (၁၆)နှစ်အရွယ် ကိုယ်ဝန်အရင့်အမာနဲ့ ယင်းမိန်းကလေးက လိုက်တောင်းစားရင်း စျေးကြိုကားဝင်းမှာ မူးပြီးလဲ ငိုကြွေးနေစဉ် မုဒုံမြို့မှာနေတဲ့ ဂရုဏာရှင် ညီလေးတစ်ဦးနဲ့တွေ့ပြီး သနားပြီးကယ်တင် နောက်ဆုံးကလေးခွဲမွေးပြီးတဲ့ထိ ငွေကြေးထောက်ပံ့ကူညီခဲ့ပြီးနောက် ယခုအခါ မြဆည်းဆာဂေဟာမှ ခေါ်ယူစောင့်ရှောက်ခဲ့ခြင်းဖြစ်ပါတယ်။
" ပြောရရင် မွေးစားရိတ်ရဖို့ ထောက်ပံ့သမျှငွေကြေးတွေကိုလည်း သူ့အစ်မဖြစ်သူက လာလာ သိမ်းတယ်။ နောက်ဆုံး ကလေးမွေးပြီးတဲ့အခါလဲ မွေးပြီး (၁၃)ရက်နဲ့တင် လာခြိမ်းခြောက်ပြီး အဲဒီမွေးခါစ ကလေးနဲ့ လိုက်တောင်းခိုင်းတယ်တဲ့။ ကလေးရော အမေပါ နေလောင်ပြီး အရွယ်နဲ့ မမျှအောင် လောကဓံကို ခံရတယ်။ နေလောင်ပြီး မဲသည်းနေတာပဲ။ ကလေးကမွေးတုန်းက ဖြူဖြူဖွေးဖွေးတတုံးတခဲ။ နောက်ဆုံး (၁၇)နှစ်အရွယ် မိခင်ဖြစ်သူက ဘယ်လိုမှဒဏ်မခံနိုင်တဲ့အဆုံး ကလေးကိုခေါ် သူ့ကိုကူညီခဲ့ဖူးတဲ့သူကို ဆက်သွယ်အကူအညီတောင်းပြီး ထွက်ပြေးတယ်။ သူ့ကိုကလေးမွေးဖို့ အစအဆုံးကူညီခဲ့တဲ့ သူဆီကိုရောက်တော့ ကလေးရဲ့အနာဂတ်အတွက် မြဆည်းဆာဆရာတော်ထံ ဆက်သွယ်မိပြီး အကူအညီတောင်းခံလာရတာပါ။"လို့ ကိုဇင်မိုး က ဆက်လက်ပြောပြခဲ့ပါတယ်။
အဆိုပါ မြဆည်းဆာ ဘိုးဘွားရိပ်သာနှင့်မိဘမဲ့ဂေဟာ မုရောင်းကျေးရွာ မော်လမြိုင်မြို့မှာ တည်ရှိတဲ့ ဂေဟာတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
Photo - Zin Moe
ymg/kg
#Yangon_Media_Group
#LocalNews
Published - 13 May 2022
၂၀၂၂ ခုနှစ်၊ မေလ (၁၃)ရက်နေ့၊ မြန်မာစံတော်ချိန် မွန်းလွဲ(၁)နာရီကျော်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၂၅)မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (ကချင် ပြည်နယ်၊ မိုးကောင်းမြို့၏ အရှေ့မြောက်ဘက် (၁၂) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၃၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၁၁)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲမှ သိရပါသည်၊၊
ymg/tthl
#Yangon_Media_Group
Page 1792 of 1972