#LocalNews
Published _ 11 June 2022
ကုန်သေတ္တာသင်္ဘောလိုင်း အသီးသီး၏ ခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားလျှက်ရှိပြီး ဇွန်လအတွင်း ကုန်သေတ္တာတင် သင်္ဘော ၅၃ စီး ပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။
ဇွန်လတွင် သင်္ဘောလိုင်း ၁၅ လိုင်းမှ သင်္ဘောများ ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ပြီး SEALAND MAERSK ASIA လိုင်းမှ ၁၂ စီး၊ SITC LINE မှ ငါးစီး၊ I.A.I LINE မှ လေးစီး၊ SAMUDERA LINE မှ လေးစီး၊ C.S.L လိုင်းမှ သုံးစီး၊ EVER GREEN လိုင်းမှ သုံးစီး၊ GOLD STAR LINE မှ သုံးစီး၊ LAND & SEA လိုင်းမှသုံးစီး၊ M.F.S.L လိုင်းမှ သုံးစီး၊ NEW GOLDEN SEA(COSCO) လိုင်းမှ သုံးစီး P.I.L လိုင်းမှ သုံးစီး၊ R.C.L LINE မှသုံးစီး၊ X-PRESS FEEDERS LINE မှနှစ်စီး၊ BAY LINE မှ တစ်စီး၊ BLPL SHPPING လိုင်း မှ တစ်စီး စုစုပေါင်း ၅၃ စီး ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကြီးကြပ်စီမံပံ့ပိုးမှုဖြင့် ကုန်သေတ္တာဆိပ်ကမ်း တံတားများ၊ သင်္ဘောလိုင်းများနှင့် သွင်းကုန်၊ ပို့ကုန်လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ကုန်သေတ္တာသင်္ဘောများကို Turnaround Time ပျမ်းမျှသုံးရက်ခန့်ဖြင့် ဝန်ဆောင်မှုများ ပေးနိုင်ခဲ့သောကြောင့် သင်္ဘောဝင်ရောက်မှုနှင့် ကုန်ကိုင်တွယ်မှုများ မြင့်တက်လာခဲ့ကြောင်းလည်း သိရသည်၊၊
ymg/NN
#Yangon_Media_Group
#LocalNews
Published _ 11 June 2022
ယမန်နေ့ဇွန်လ ၁၀ရက်တွင် ကန်ပိုက်တီကုန်သွယ်ရေးစခန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကချင်ပြည်နယ်အစိုးရသို့ လှူဒါန်းသည့် အောက်ဆီဂျင်(အိုးခွံ) ၁၀၀၀၊ Mask ၀ ဒသမ ၅ တန်ကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယာဉ်စီးရေခြောက်စီးဖြင့် တင်သွင်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ယင်းအပြင်သက်ဆိုင်ရာဌာနများ နှင့်ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းအပြင်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းလည်း သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published _ 10 June 2022
နေပြည်တော်ရှိ မြို့နယ်အချို့က အိမ်ခြံမြေဈေးကွက်မှာ ငွေလဲဈေးနှုန်းများနှင့် အကြပ်အတည်းများကြောင့် ဈေးကွက်ထဲ အရောင်းအေးနေတယ်လို့ နေပြည်တော်ရှိ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းအချို့ကပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published_10 June 2022
မလေးရှားနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့သော်လည်း ပြန်၍မရနိုင်သေးသည့် မြန်မာနိုင်ငံသားများအနက်၂၁၅ ဦးကို ဇွန်လ ၉ ရက်တွင် နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးက ထုတ်ပြန်လိုက်သည်။
ယင်းတို့ကို ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများက မြန်မာ့အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း
အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း မလေးရှားနိုင်ငံ၌ ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၅၅ ဦးအား နေရပ်ပြန်ရန် မြန်မာသံရုံးမှကူညီပေးခဲ့ကြောင်း သိရသည်။
photo-MEKLM
ymg/mt
#Yangon_Media_Group
#LocalNews
Published_10 June 2022
မလေးရှားနိုင်ငံသို့သွားကြမည့် မြန်မာနိုင်ငံသား ၃၉ ဦးကို ထိုင်းနိုင်ငံတောနက်တစ်ခုအတွင်း ဖမ်းမိကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
ယင်းတို့အား ထိုင်းနိုင်ငံ ထရိုင်ခရိုင် နခေါင်စီထမ္မရာတ်ပြည်နယ်တွင်း ပုန်းအောင်းနေစဉ် ဒေသခံများကတွေ့ရှိ၍ ရဲစခန်းသို့အကြောင်းကြားခဲ့ရာမှ ဖမ်းဆီးမိခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၂ ဦးဖြစ်ပြီး မွန်ပြည်နယ်မော်လမြိုင်မြို့မှ လာရောက်ကြသည့် မွန်တိုင်းရင်းသားများဖြစ်ကြကြောင်း၊ ထားဝယ်ဘက်ခြမ်းမှတစ်ဆင့် တောင်တန်းဖြတ်ကျော်၍ ထိုင်းနိုင်ငံတွင်းသို့ ဇွန်လ ၉ ရက် ည ၁၁ နာရီအချိန်ခန့်က ဝင်ရောက်ပြီး တောလမ်းအတိုင်း ဖြတ်သန်းလာခဲ့ကာ ယနေ့ ဇွန်လ ၁၀ ရက် နံနက်ပိုင်း ၆ နာရီခန့်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရသူများ ပြောဆိုချက်အရ မလေးရှားနိုင်ငံသို့ သွားရောက်ရန် ပွဲစားခ မြန်မာငွေ ကျပ်သိန်း ၄၀ ခန့်နှင့်ညီမျှသော (ဘတ် ၇ သောင်း)ထိ ပေးဆောင်ရကြောင်း၊ လက်ရှိတွင် စရံငွေ အဖြစ် မြန်မာငွေ ကျပ်သိန်း ၂၀ နှင့်ညီမျှသော (ဘတ် ၃၅၀၀၀)ကို ကြိုတင်ပေးသွင်းပြီး ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 10 June 2022
မျက်မမြင်တွေအတွက် သင်ရိုးညွှန်းတမ်းဖတ်စာတွေကို မျက်မမြင်စာနဲ့ဖတ်နိုင်အောင် မြန်မာနိုင်ငံမျက်မမြင်များအသင်းအနေနဲ့ဆောင်ရွက်ပေးနေတယ်လို အသင်းရဲ့ တာဝန်ရှိသူတစ်ဦးထံမှသိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published - 10 June 2022
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)သည် ပြီးခဲ့သည့် ဧပြီလအစောပိုင်းတွင် ကယားပြည်နယ်သို အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများကို ပထမဦးဆုံး ကူညီထောက်ပံ့မှုပေးအပ်ရောက်ရှိခဲ့သော နိုင်ငံတကာအဖွဲ့အစည်းတစ်ဖွဲ့ဖြစ်ပြီး ယနေ့(ဇွန်၁၀ရက်)အထိ ကယားပြည်နယ်ရှိ လူဦးရေ စုစုပေါင်း ၅၄, ၂၀၀ ဦးကိုအရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ခဲ့ကြောင်း UNHCR က ထုတ်ပြန်ခဲ့သည်၊၊
မေလ နှင့် ဇွန်လအစောပိုင်းတွင်ဆောင်ရွက်ခဲ့သည့် အဓိကအရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများကူညီထောက်ပံ့မှုများမှတဆင့် ခန့်မှန်းခြေအားဖြင့် လွိုင်ကော်နှင့် ဒီမောဆိုမြို့နယ်များအတွင်း နေထိုင်သူပေါင်း ၂၅,၂၀၀ ဦး အကျိုးခံစားခွင့်ရရှိခဲ့ကြသည်ဟု ဆိုသည်၊၊
UNHCR အနေဖြင့်စောင်များ၊ ဆိုလာမီးအိမ်များ၊ ခြင်ထောင်များ၊ ရေပုံးများ၊ တစ်ကိုယ်ရေကျန်းမာရေးသုံး ပစ္စည်းများ၊ တာပေါ်လင်စများ၊ ဖျာများ စသည်တို့ကို ကူညီမှုလိုအပ်နေသော အမျိုးသမီးများ၊ အမျိုးသားများနှင့် ၎င်းတို့၏ မိသားစုများထံ ဖြန့်ဝေပေးခဲ့ပါသည်။
UNHCR ၏ ကူညီထောက်ပံ့မှု အစီအစဉ်များကို ဆက်လက်တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင် အထူးသဖြင့် ကျေးလက်ဒေသနှင့် ဝေးလံခက်ခဲသောဒေသများရှိ အကူအညီလိုအပ်နေသော လူမှုအသိုက်အဝန်းများထံ အရေးပေါ်ကယ်ဆယ်ရေး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရန် ဖြစ်နိုင်ခြေရှိသည့်နည်းလမ်းများကို လေ့လာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
Page 1795 of 2036