ပြီးခဲ့တဲ့အပတ်ကကျဆင်းခဲ့တဲ့ စက်သုံးဆီဈေးအားလုံးဟာ အခုတစ်ပတ်မှာလည်း ဆက်လက်ကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ အခုတစ်ပတ်အတွက်ထုတ်
ပြန်တဲ့ စာရင်းတွေအရသိရပါတယ်။
#Local_News
Published 03 January 2026
#စက်သုံးဆီ
#YMG/NN #Yangon_Times
အခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ ဖွင့်လှစ်မယ့် (၈၃) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆု ထီဖွင့်ပွဲအတွက် ထီလက်မှတ်များကို အက္ခရာ (၁၃) လုံးအထိ တိုးမြှင့်ထုတ်ဝေသွားမယ်လို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက အသိပေးထားပါတယ် ။
#Local_News
Published 03 January 2026
#အောင်ဘာလေထီ #ထီလက်မှတ်
#YMG/NN #Yangon_Times
တစ်လကျော်ကြာကျင်းပမယ့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြိုဟောင်းရှိ အာနန္ဒာဘုရားကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုလ၂ရက်မှာ စတင်ကျင်းပနေပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 03 January 2026
#ပုဂံအာနန္ဒာဘုရားပွဲ #မန္တလေးတိုင်းဒေသကြီး
#YMG/SW #Yangon_Times
ယခုတစ်ပတ်အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းထုတ်ပြန်ရာမှာ ယခင်တစ်ပတ်အတိုင်းသာ ဈေးနှုန်းမပြောင်းလဲဘဲတည်ရှိနေပါတယ်။
#Local_News
Published 03 January 2026
#စားအုန်းဆီ
#YMG/SW #Yangon_Times
#Daily_News
Published 03 January 2026
၁။ ယခုတစ်ပတ်အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမပြောင်းလဲ
၂။ တစ်လကျော်ကြာကျင်းပမည့် ပုဂံအာနန္ဒာဘုရားပွဲတော်စတင်ကျင်းပ
၃။ (၈၃) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီအက္ခရာ (၁၃) လုံး ဖြင့်ထုတ်ဝေမည်
၄။ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ(၈)ကြိမ်မြောက်ဥပဒေပြုကောင်စီအဖွဲဝင်များ ကျမ်းသစ္စာဆိုပွဲကျင်းပ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ကြေညာခြင်း
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂ ရက်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌
စတင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်တွင်း ပြည်ပရှိ ဆန္ဒမဲ
ပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သည့်
မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ
စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။
၂။ ရွေးကောက်ပွဲကျင်းပချိန်တွင် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၇ နှင့်
နည်းဥပဒေပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စုအစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပသို့
ရောက်ရှိနေကြသည့် မဲဆန္ဒရှင်များ၏ ကြိုတင်မဲပေးခြင်းကို သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာ
မြန်မာသံရုံး၊ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး အသီးသီးက ဆောင်ရွက်ခဲ့
ကြပါသည်။ ယင်းမဲပေးပြီးသည့် ကြိုတင်ဆန္ဒမဲများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ ပေးပို့ခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ရုံးက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ဆက်လက်
ပေးပို့ခဲ့ပါသည်။ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက
နိုင်ငံရေးပါတီများကို ဖိတ်ကြား၍ ကော်မရှင်ကသတ်မှတ်ပေးသည့် နေ့ရက်ဖြစ်သည့် ၂၀၂၅ ခုနှစ်၊
ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲ
ကိုယ်စားလှယ်များ၊ အသိသက်သေများနှင့် အများပြည်သူတို့ ရှေ့မှောက်တွင် ကြိုတင်ဆန္ဒမဲစာအိတ်
များကို ဖွင့်ဖောက်၍ ပွင့်လင်းမြင်သာစွာ ရေတွက်ခဲ့ကြပါသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း
တစ်ဦးချင်းရရှိသည့် ကြိုတင်ဆန္ဒမဲအရေအတွက်ကို ပုံစံ (၁၇) နှင့် ပုံစံ (၁၇-၁) တို့တွင် ဖြည့်သွင်း၍
လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များနှင့် အသိသက်သေများ၊
သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက စိစစ်ပြီး မှန်ကန်ကြောင်း လက်မှတ်ရေးထိုး၍
အများပြည်သူ ကြည့်ရှုနိုင်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား
ကြေညာပေးခဲ့ပါသည်။
၃။သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄၅ (က) နှင့် နည်းဥပဒေပါ လုပ်ထုံး
လုပ်နည်းများနှင့်အညီ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့ နယ်ပြင်ပသို့ ရောက်ရှိနေသော မဲဆန္ဒရှင်
များဖြစ်သည့် တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ၊ ကျောင်းသားများ၊ သင်တန်း
သားများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံတက်ရောက်နေရသော အတွင်းလူနာများ ကြိုတင်ဆန္ဒမဲ
ပေးခြင်းကို သက်ဆိုင်ရာ ဌာနအကြီးအမှူးများက စီစဉ်ပေးသည့် နေရာတွင်လည်းကောင်း၊ ယာယီ
နေရပ်စွန့်ခွာနေရသူ မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယင်းတို့ရောက်ရှိရာဒေသ မြို့ နယ်
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင်လည်းကောင်း ကော်မရှင်ကသတ်မှတ်ပေးသည့် နေ့ရက်အတွင်း
စနစ်တကျ ဆန္ဒမဲပေးခဲ့ကြပြီး ယင်းသို့ဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲလက်မှတ်များပါရှိသည့်
စာအိတ်များကို သက်ဆိုင်ရာ ... မြို့ နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ . ပြန်လည်ပေးပို့
ခဲ့ပါသည်။ မြို့ နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက နိုင်ငံရေးပါတီများကို ဖိတ်ကြား၍
ရွေးကောက်ပွဲ မကျင်းပမီ ၂ ရက်အလို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီ မတိုင်မီ
ရောက်ရှိလာသော ကြိုတင်ဆန္ဒမဲ လက်မှတ်ပါစာအိတ်များကို ဖွင့်ဖောက်၍ နိုင်ငံရေးပါတီများ၊
လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ အသိသက်သေများနှင့်
အများပြည်သူတို့ … ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ရေတွက်ခဲ့ကြပါသည်။ . လွှတ်တော်
ကိုယ်စားလှယ်လောင်း တစ်ဦးချင်းရရှိသည့် ကြိုတင်ဆန္ဒမဲအရေအတွက်ကို ပုံစံ (၁၇-က) နှင့် ပုံစံ
{၁၇(က-၁)} တို့တွင် ဖြည့်သွင်း၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲ
ကိုယ်စားလှယ်များနှင့် အသိသက်သေများ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက
စိစစ်ပြီး မှန်ကန်ကြောင်း လက်မှတ်ရေးထိုး၍ အများပြည်သူ ကြည့်ရှုနိုင်ရန် သက်ဆိုင်ရာ
မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးခဲ့ပြီးဖြစ်ပါသည်။
၄။ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံသို့ ကိုယ်တိုင်မလာရောက်နိုင်သည့် အနာကြီး
ရောဂါ စွဲကပ်နေသူ၊ ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရသူ၊ အိုမင်းမစွမ်းသူ၊ သားဖွားနေသူ၊
ရဲအချုပ်စခန်း၊ အကျဉ်းစခန်းများတွင် အချုပ်ခံနေရသူ၊ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးဝါး
ကုသမှု ခံယူနေရသူများနှင့် မဲစာရင်းပါရှိရာဒေသမှ ကျော်လွန်ကာ ယာယီတာဝန် သွားရောက်
ထမ်းဆောင်ရမည့် နိုင်ငံ့ဝန်ထမ်း၊ တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ ရပ်ကွက်
နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် ကော်မရှင်ကသတ်မှတ်သည့် ၁၈-၁၂-
၂၀၂၅ ရက်နေ့မှ ၂၇-၁၂-၂၀၂၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာတိုင်း
ဒေသကြီးနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှတစ်ဆင့် မြို့နယ်နှင့် ရပ်ကွက်၊
ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ အကြောင်းကြားခဲ့ပါသည်။ သက်ဆိုင်ရာ
ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက … နိုင်ငံရေးပါတီများသို့လည်း ဆက်လက် အသိပေး
အကြောင်းကြားခဲ့ပါသည်။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၆၃ (က)၊ (ခ)၊ (ဂ)၊
(20)1 (င) တို့နှင့်အညီ ရပ်ကွက်နှင့် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက
မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲ ပေး ခြင်းအား စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းကြိုတင် ဆန္ဒမဲလက်မှတ်များပါရှိသည့် မဲပုံးများကို ကြိုတင်ဆန္ဒမဲပေးသူစာရင်း ပုံစံ (၁၃-က)
များနှင့်အတူ ရွေးကောက်ပွဲကျင်းပသည့်နေ့ ၂၈-၁၂-၂၀၂၅ ရက်နေ့ နံနက် ၀၆:၀၀ နာရီ မဲရုံမဖွင့်မီ
သက်ဆိုင်ရာ မဲရုံမှူးများထံသို့ နည်းဥပဒေ ၆၃ (စ) နှင့်အညီ စနစ်တကျအပ်နှံခဲ့ကြပါသည်။
မဲရုံပိတ်ချိန်တွင် မဲရုံမှူးက မဲဆန္ဒရှင်များ မဲပေးစက်ဖြင့် ဆန္ဒမဲပေးထားသည့် ဆန္ဒမဲရလဒ်စာရင်းကို
မဲပေးစက်မှ ထုတ်ယူပြီးနောက် ကြိုတင်ဆန္ဒမဲများကို ဦးစွာ ရေတွက်ခဲ့ပါသည်။ . ထို့နောက်
မဲရုံမှူးသည် မဲပေးစက်ဖြင့် မဲပေးထားသည့် ဆန္ဒမဲအရေအတွက် နှင့် ကြိုတင်ဆန္ဒမဲစာရင်းများကို
စုစည်း၍ ပုံစံ (၁၇-ခ) နှင့် ပုံစံ {၁၇(ခ-၁)} တို့တွင် ရေးသွင်းပြီး ဆန္ဒမဲ ရလဒ်စာရင်းများကို
သက်ဆိုင်ရာ မဲရုံအသီးသီးတွင် ကပ်ထားကြေညာခဲ့ပြီးဖြစ်ပါသည်။
၅။သက်ဆိုင်ရာမြို့ နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် မိမိလက်ဝယ်ရှိ ပုံစံ (၁၇-
က) နှင့် ပုံစံ {၁၇(က-၁)} ပါ ကြိုတင်ဆန္ဒမဲရလဒ်စာရင်းများနှင့် မဲရုံအသီးသီးက ရရှိသည့် ပုံစံ (၁၇-
ခ) နှင့် ပုံစံ {၁၇(ခ-၁)] တို့ကို စုစည်း၍ မြို့ နယ်ဆန္ဒမဲရလဒ်စာရင်း ပုံစံ (၁၈) နှင့် ပုံစံ (၁၈-၁) တို့တွင်
စနစ်တကျ ရေးသွင်းခဲ့ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ
သည် မိမိလက်ဝယ်ရှိ ပုံစံ (၁၇) နှင့် ပုံစံ (၁၇-၁) ပါ ကြိုတင်ဆန္ဒမဲစာရင်းနှင့် မြို့နယ်အသီးသီးက
ပေးပို့လာသည့် ပုံစံ (၁၈) နှင့် ပုံစံ (၁၈-၁) ပါဆန္ဒမဲစာရင်းများကို စုစည်း၍ သက်ဆိုင်ရာမဲဆန္ဒနယ်
အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းရရှိသည့် ဆန္ဒမဲစာရင်းများကို ပုံစံ (၁၉) နှင့်
ပုံစံ (၁၉-၁) တို့တွင် ရေးသွင်းခဲ့ပါသည်။ အဆိုပါဆန္ဒမဲစာရင်း ပုံစံများတွင် လွှတ်တော်ကိုယ်စားလှယ
လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များနှင့် အသိသက်သေများ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့ခွဲများက စိစစ်ပြီး မှန်ကန်ကြောင်း လက်မှတ်ရေးထိုး၍ အများပြည်သူ ကြည့်ရှုနိုင်ရန်
သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးခဲ့ပြီးဖြစ်ပါသည်။
၆။ သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်
အဖွဲ့ခွဲများနှင့် မဲရုံမှူးများသည် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် ကြိုတင်ဆန္ဒမဲများ ရေတွက်ခြင်း၊
ဆန္ဒမဲစာရင်းများ ပြုစုခြင်းနှင့် ကပ်ထားကြေညာခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ
လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံရေးပါတီများ၊
လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ အသိသက်သေများနှင့်
အများပြည်သူများတို့အား ဖိတ်ကြား၍ ပွင့်လင်းမြင်သာစွာဖြင့် တိကျမှန်ကန်စွာ ဆောင်ရွက်ခဲ့ကြပြီး
ရရှိသည့် ဆန္ဒမဲစာရင်းများကို အများပြည်သူ သိရှိနိုင်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်
အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားပါကြောင်း အသိပေးထုတ်ပြန်ကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
စားအုန်းဆီ ပိဿာချိန်ပေါင်း ၃၅,၀၀၀ကို လက်ရှိရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်မှာကျင်းပနေတဲ့MSME ဈေးရောင်းပွဲတော်ကာလအတွင်း ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
#Local_News
Published 02 January 2026
#စားအုန်းဆီ #MSME
#YMG/SW #Yangon_Times
Page 1 of 2217