Published 7 May 2023
၂၀၁၉ ၊၂၀၂၀ နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရသူတွေဖြစ်တဲ့ မြင့်မြတ်၊စိုင်းစိုင်းခမ်းလှိုင်နှင့်ပြေတီဦးတို့ဆုလက်ခံရယူ ကျေးဇူးတင်စကားပြောကြားတဲ့မြင်ကွင်းတွေကို YMGကရိုက်ကူးထားတာတွေ စုစည်းတင်ဆက် ပေးလိုက်ပါတယ်။
မြင့်မြတ် (ရိုးမပေါ်ကျတဲ့မျက်ရည် ဇာတ်ကား) ၂၀၁၉
စိုင်းစိုင်းခမ်းလှိုင် (ပိတောက်ကတဲ့ဂီတ ဇာတ်ကား) ၂၀၂၀
ပြေတီဦး (လိပ်ပြာထောင်ချောက် ဇာတ်ကား) ၂၀၂၂
Source YMG
#အကယ်ဒမီဆုပေးပွဲ
#မြန်မာ့ရုပ်ရှင်ထူးချွန်ဆု၂၀၁၉။၂၀၂၀။၂၀၂၂
#YangonMediaGroup
#Local_News
Published _7 May 2023
ဧပြီလ၊ မေလနှင့် ဇွန်လအတွင်းတနင်္သာရီတိုင်းဒေသကြီးရှိ ကမ်းဝေးငါးဖမ်းရေယာဉ်၁၄၀၀ကျော်ကို ငါးဖမ်းခွင့်ပိတ်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနက သိရသည်။
ကမ်းဝေးငါးဖမ်းမှုကို ပိတ်ထားစဉ်ကာလအတွင်း ငါးဖမ်းလုပ်သားများ ဘေးအန္တရာယ်လုံခြုံကင်းရှင်းစေရေး အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်သင်တန်းများကို ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင် တို့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် ငါးဖမ်းလုပ်သားများ အသက်ဘေးအန္တရာယ်ဆိုင်ရာကိစ္စနှင့် မီးဘေးဖြစ်ပေါ်ပါကအရေးပေါ် မီးငြှိမ်းသတ်နိုင်ရေးတို့ကို ဖြေရှင်းနိုင်ရေးသင်တန်းများ ပို့ချပေးသည့်လုပ်ငန်းစဉ်လည်းပါဝင်ကြောင်း သိရသည်။
ယင်းအပြင်ပင်လယ်ပြင်နှင့် သဘာဝပတ်ဝန်းကျင်ညစ်နွမ်းမှုမရှိစေရေး၊ အပင်လယ်ပြင်အတွင်းအမှိုက်များမပစ်ချရေးအတွက်လည်း ပညာပေးလုပ်ငန်းများကို အဆက်မပြတ်လုပ်ဆောင်နေကြကြောင်းလည်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းကမ်းဝေးငါးဖမ်းလှေများအပြင် ကမ်းနီးငါးဖမ်းရေယာဉ်ပေါင်း ၈၀၀၀ရှိကြောင်း၊ ၂၀၂၂-၂၃ဘဏ္ဍာနှစ်အတွင်းရေထွက်ကုန်တင်ပို့မှုမှအမေရိကန်ဒေါ်လာသန်း၂၄၀ရရှိခဲ့ပြီး တန်ချိန်အားဖြင့် ၂၂၀,၀၀၀ကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
#ymg/pl #Local_News #တနင်္သာရီတိုင်းဒေသကြီး #ကမ်းဝေးငါးဖမ်းလှေများ
#YMG #Yangon _Media_Group
#Local_News
Published_ 7 May 2023
ကျန်းမာရေးဝန်ကြီးဌာန၏ မေ ၆ ရက် ည ၈ နာရီစာရင်းအရ ပြည်တွင်း၌ ဓာတ်ခွဲနမူနာ ၁၁၀၉၁ ဦးတွင် ကိုဗစ်(၁၉)လူနာသစ် ၂၂၂ ဦး ထပ်မံတွေ့ရှိပြီးမေ ၁ ရက်မှ ၅ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်(၁၉) လူနာသစ် ၇၈၃ ဦးတွေ့ရှိပြီး နှစ်ဦးသေဆုံးကြောင်း ကျန်းမာရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
သုတေသန တွေ့ရှိချက်များအရ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးနှံထားသူများတွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံယူရမှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ယခုမေလ ငါးရက်အတွင်း လူနာသစ် ၇၈၃ ဦးတွေ့ရှိ ရာခိုင်နှုန်းအားဖြင့် ၁ ဒသမ ၉၂ရာခိုင်နှုန်းအထိ ထပ်မံမြင့်တက်ကြောင်း သိရသည်။
သို့ဖြစ်၍ ကိုဗစ်(၁၉) ကာကွယ်ရေးလမ်းညွှန်ချက်များကို ဆက်လက်လိုက်နာရန် လိုအပ်ပြီး ကိုဗစ်(၁၉)ကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံရန် လိုအပ်ကြောင်း ကျန်းမာရေး၀န်ကြီးဌာနကထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်ဧပြီလတစ်လအတွင်း ပြည်တွင်း၌ ကိုဗစ်ပိုးတွေ့လူနာ ရှစ်ရာဝန်းကျင်အထိ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရပြီး မေ ၁ ရက်၊ ယမန်နေ့ တစ်ရက်တည်းတွင်ပင် ဓာတ်ခွဲအတည်ပြုလူနာ ၁၀၆ ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။
မြန်မာနိုင်ငံတွင် မေ ၅ ရက်အထိကိုဗစ်(၁၉) အတည်ပြုလူနာ စုစုပေါင်း ၆၃၅၆၆၀၊ သေဆုံးသူစုစုပေါင်း ၁၉၄၉၂ ဦးနှင့် ဆေးရုံမှ ဆင်းခွင့်ရသူဦးရေ စုစုပေါင်း ၆၁၅၀၄၆ ဦးရှိကြောင်း သိရသည်။
#ymg/ynzw #Local_News #ကိုဗစ်လူနာသစ် ၂၂၂ ဦးထပ်တိုး
#YMG #Yangon-Media-Group
#Local_News
Published_ 6 May 2023
ဆီးဂိမ်းပြိုင်ပွဲမှာ ဗိုဗီနမ်အားကစားဖြင့် မြန်မာနိုင်ငံမှ ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်လေးခုရရှိထားကြောင်း အားစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ သိရပါတယ်၊၊
#Local_News #ဆီးဂိမ်းပြိုင်ပွဲ #ဗိုဗီနမ်အားကစား
#YMG #Yangon_Media_Group
#Health_Matters
Published_ 6 May 2023
- မျိုးဆက်ပွားကျန်းမာရေးမှာ စေတနာ့ဝန်ထမ်းလူငယ်တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးပါပါသလဲဆရာ??
#Health_Matters #စေတနာ့ဝန်ထမ်းလူငယ်များ #မျိုးဆက်ပွားကျန်းမာရေး
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_ 6 May 2023
တစ်ကျော့ပြန် ကိုဗစ်ကူးစက်မှုပိုများလာပြီဖြစ်ပြီး မေလ(၅)ရက်ထုတ်ပြန်ချက်စာရင်းတွေအရ
မေလ(၁)ရက်မှ (၅)ရက်အတွင်း ကိုဗစ်ပိုးတွေ့သူ (၇၈၃)ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှသိရပါတယ်၊၊
#Local_News #ကိုဗစ်ပိုးတွေ့သူ(၇၈၃)ဦး #ကာကွယ်ဆေးထပ်ထိုးရန်
#YMG #Yangon_Media_Group
#Health_Matters
Published_ 6 May 2023
- မျိုးဆက်ပွား ကျန်းမာရေးမှာ မိသားစုစီမံကိန်း Family Planning မရှိကြတာ အားနည်းကြတာဟာ ဘယ်လိုဆိုးကျိုးဖြစ်စေနိုင်ပါသလဲ??
#Health_Matters #စေတနာ့ဝန်ထမ်းလူငယ်များ #မျိုးဆက်ပွားကျန်းမာရေး
#Dr.KML #YMG #Yangon_Media_Group
Page 974 of 1899