'ကုန်တွေလည်းပုံမှန်ဝင်နေတယ်၊ ဈေးလည်းတော်တော်များများကျတယ်၊ အရောင်းအဝယ်လည်းအေးပါတယ်' ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဌ ဦးခင်ဟန်
#Local_News
Published 08 December 2023
#စက်သုံးဆီအခက်အခဲ #အခြေခံစားကုန်ဈေးနှုန်းများကျဆင်း
#YMG/NN #Yangon-Times
#Local_News
Published-8 Published 08 December 2023
ကမ္ဘာ့ရွှေဈေးကျဆင်းသော်လည်း တစ်ပတ်တာအတွင်းရွှေပြင်ပပေါက်ဈေးတစ်ကျပ်သားကို ကျပ်တစ်သိန်းခန့်အထိမြင့်တက်လာကြောင်း ရွှေဈေးကွက်တွင်းမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ၁ရက်နေ့မှ ဒီဇင်ဘာ၈ ရက်နေ့အထိ ကမ္ဘာ့ရွှေတစ်အောင်စလျှင်ကန်ဒေါ်လာ ၁၁ အထိကျဆင်းလာသော်လည်းရန်ကုန်အခေါက်ရွှေပြင်ပပေါက်ဈေးမှာမူ တစ်ကျပ်သားလျှင် ကျပ်ကိုးသောင်းအထိ မြင့်တက်နေကြောင်း သိရသည်။
'ကမ္ဘာ့ဈေးတော့ဒီတစ်ပတ်ထဲမှာ အမြင့်ဆုံးတက်ပြီး ပြန်ကျတယ်၊ဒါပေမယ့်ဒီဘက်မှာဒေါ်လာဈေးလေးနည်းနည်းတက်တော့ ရွှေဈေးကအမြင့်ပိုင်းမှာပဲဆက်တိုးနေတယ်ဆိုတော့ ဈေးကွက်ထဲအဝယ်နည်းတယ်၊ မသွက်ဘူး၊ ပြန်ရောင်းသူတွေတော့ ရှိပါ တယ်၊ဈေးက တစ်အားတက်ထားတဲ့အပိုင်းက ရောက်ပြီးသားဆိုတော့လေ အရမ်းတော့ ထိုးတက်တာမဟုတ်ဘဲ တက်တော့တက်တယ်၊ ဒါပေမယ့် ဒီပတ်ချာလည်လောက်ပဲအတက်အကျဖြစ်နေတယ်လေ၊' ဟု ရန်ကုန်မြို့မှရွှေဆိုင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
ယနေ့တွင် ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ကန်ဒေါ်လာ၂၀၃၀ အထိရှိပြီး ရန်ကုန်အခေါက်ရွှေဈေးနှုန်းမှာပြင်ပပေါက်ဈေးတစ်ကျပ်သားလျှင်ဝယ်ဈေးကျပ် ၃,၇၂၀,၀၀၀နှင့်ရောင်းဈေး ၃,၇၆၅,၀၀၀ ကျပ်အထိရှိကာနိုင်ငံခြားငွေလဲနှုန်းပြင်ပပေါက်ဈေးနှုန်းများမှာ အမေရိကန်တစ်ဒေါ်လာလျှင် ဝယ်ဈေး၃,၄၉၀ ကျပ်နှင့်ရောင်းဈေး၃,၅၆၀ကျပ်အထိဈေးနှုန်း အသီးသီးရှိနေကြောင်း သိရသည်။
#Local_News #ကမ္ဘာ့ရွှေဈေး #ရွှေပြင်ပပေါက်ဈေး #တစ်သိန်းခန့်အထိမြင့်တက် #YMG/ NN #Yangon_Times
ယခုတပတ်စက်သုံးဆီ ဈေးကွက်အနေထားအရ ဈေးအနည်းငယ်ပြန်ကျလာပေမယ့် စက်သုံးဆီလက်လီ ၀ယ်ယူရာမှာ လိုအပ်ချိန်တိုင်း ၀ယ်ယူလို့မရဘဲ အခက်အခဲဖြစ်နေတယ်လို့ စက်သုံးဆီ ၀ယ်ယူသုံးစွဲသူတွေထံက သိရပါတယ်။
#Local_News
Published 08 December 2023
#စက်သုံးဆီဈေးအနည်းငယ်ပြန်ကျ #ဆီ၀ယ်ယူရာတွင်အခက်အခဲဖြစ်
#YMG/LW #Yangon_Times
‘ဆီဈေးကွက်ကတော့ တစ်ဖြည်းဖြည်းချင်းနဲ့တော့ အေးလာဖို့ရှိတယ်။ ပစ္စည်း(စားအုန်းဆီ) များလာမှာဆိုတော့လေ။ စားအုန်းဆီတင်သွင်းခွင့် ပမာဏ(ကိုယ်တာ)တိုးရန်ရှိတဲ့အတွက် စားအုန်းဆီတွေ ပိုပေါလာမှာဆိုတော့လေ” ရန်ကုန်တိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဒုဥက္ကဌ ဦးရဲသူအောင်
#Local_News
Published 08 December 2023
#စားအုန်းဆီတင်သွင်းခွင့် #ဆီဈေးကွက်အေးလာနိုင်
#tthl #Yangon_Times
၈ ဒီဇင်ဘာ ၂၀၂၃
ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံတို့ဟာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရသူတွေကို လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ အထူးလုပ်ငန်းအဖွဲ့ task force တစ်ခုကို ဖွဲ့စည်းဖို့သဘောတူခဲ့ကြတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဒီဇင်ဘာ ၈ ရက်မှာ သတင်းရေးသားပါတယ်။
အဆိုပါအထူးလုပ်ငန်းအဖွဲ့ထဲမှာ အခြားသော အကူအညီပေးရေးအေဂျင်စီတွေပါ ထည့်သွင်းပါဝင်လာနိုင်တယ်လို့လည်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။
ယခုအစီအစဉ်ဟာ မြန်မာနိုင်ငံနှင့် အာဆီယံအကြား အပြုသဘောစေ့စပ်ဆွေးနွေးမှုကိုလည်း ဦးတည်သွားစေလိမ့်မယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အောက်တိုဘာမှာ သူပုန်တွေက စတင်ထိုးစစ်ဆင်ကတည်းက လူပေါင်း သုံးသိန်းကျော်နေရပ်စွန့်ခွာခဲ့ကြရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
“ မြန်မာနိုင်ငံဘက်က ဒီကိစ္စဆွေးနွေးဖို့ အလုပ်အဖွဲ့တစ်ဖွဲ့ကို ထိုင်းနိုင်ငံဆီ မကြာမီစေလွှတ်ပါလိမ့်မယ်။ ကနဦး အကောင်အထည်ဖော်မှု အောင်မြင်ခဲ့ရင် အနာဂတ်မှာ အခြားသော အကူအညီပေးရေးအေဂျင်စီတွေကို ဖိတ်ခေါ်ပါမယ်” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက “ အထူးလုပ်ငန်းအဖွဲ” နှင့်ပတ်သက်ပြီး ပြောဆိုပါတယ်။
ယခုဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံမှာကျင်းပခဲ့တဲ့ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘဟီဒါနူကာရာနှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။
-ymg/knl
#Local_News
Published 08 December 2023
မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ဒီဇင်ဘာ (၆ )မှ (၇) ရက်အထိ နေပြည်တော် MICC-2 ၌ ကျင်းပခဲ့ပြီး ပြည်တွင်းပြည်ပကျန်းမာရေးပညာရှင်များမှ ပညာရပ်ဆိုင်ရာများ ဆွေးနွေးနှီးနှောဖလှယ် ခဲ့ကြောင်း သိရသည်။
နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ဒီဇင်ဘာလ(၇)ရက်တွင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ခေါင်းစဉ် (၄၇) ခုကို ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ နီပေါနိုင်ငံ၊ တရုတ်နိုင်ငံ၊ မော်လဒိုက်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကနေဒါနိုင်ငံ၊ ပြင်သစ်နိုင်ငံတို့မှ ပြည်သူ့ကျန်းမာရေးပညာရှင် (၁၃)ဦးနှင့် မြန်မာနိုင်ငံမှ ပြည်သူ့ကျန်းမာ ရေးပညာရှင် (၃၄)ဦး တို့က ပညာရပ်ဆိုင်ရာဆွေးနွေးနှီးနှောဖလှယ်ခဲ့ကြကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့်အဖွဲ့သည် မြန်မာနိုင်ငံကျန်းမာရေး ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)ဒုတိယနေ့အခမ်းအနားကို တက်ရောက်ခဲ့ပြီး ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပိုစတာ(၂၇)စောင်ကို ကြည့်ရှုအားပေးရာ စာတမ်းရှင်များက ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲဒုတိယနေ့တွင် ဆွေးနွေးခဲ့သည့်အကြောင်းအရာများအနေဖြင့်(၁) ကာကွယ်ဆေးထိုးခြင်း ဆိုင်ရာခေါင်းစဉ်၊(၂) ပြည်သူလူထုဗဟိုပြု ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုများဆိုင်ရာခေါင်းစဉ်၊(၃) အိပ်ချ်အိုင် ဗီ/ အေအိုင်ဒီအက်စ်ရောဂါအဆုံးသတ်ဖို့ဆိုင်ရာခေါင်းစဉ်၊(၃) ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားစဉ် ကာလတွင် နိုင်ငံဖြတ်ကျော် ဝင်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုန့်ပြန်ဆောင်ရွက်ခြင်းဆိုင်ရာခေါင်းစဉ်၊ (၄) ကျန်းမာသော လူထုပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင်ဆိုင်ရာခေါင်းစဉ်၊(၅) တီဘီရောဂါအဆုံးသတ်ရေးခေါင်းစဉ်၊ (၆) တစ်ခုတည်းသော ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုပုံစံ One Health approach in combating zoonotic diseases, food safety and antimicrobial resistance ခေါင်းစဉ်(၇)အနာဂတ်အတွက် လုံခြုံစိတ်ချရသည့် ပြည်သူ့ကျန်းမာရေးစနစ် တည်ဆောက်ရေးဆိုင်ရာ Building a sustainable and resilient public health system for future pandemics ခေါင်းစဉ်တိုဖြင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နှီးနှောဖလှယ်ပွဲ ပထမနေ့တွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ တရုတ်၊ ရုရှား၊ ဆွစ်ဇာလန် အစရှိသည့်နိုင်ငံများမှ ပြည်သူ့ကျန်းမာရေး ပညာရှင် ၁၁ ဦးနှင့် ပြည်တွင်းမှ ပညာရှင် ၂၆ ဦးက စာတမ်း ၃၇ စောင် ဟောပြောဆွေးနွေးခဲ့ပြီး ပြခန်း ၄၀ ခုတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဌာနဆိုင်ရာ အသီးသီးမှ ပြည်သူ့ ကျန်းမာရေး ပညာရပ်ဆိုင်ရာ ဆောင်ရွက်ချက်များကို ပြသ၍ ပညာရပ်ဆိုင်ရာ စာတမ်းပိုစတာ ၂၇ စောင်တင်သွင်းခဲ့ကာ ပြည်တွင်း၊ ပြည်ပမှ ပြည်သူ့ကျန်းမာရေး ပညာရှင် ၁၈၀၀ ခန့်တက်ရောက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း၊ အသိပညာ ဖလှယ်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
#Local_News #နိုင်ငံပေါင်း(၁၀)နိုင်ငံ #HIV #တီဘီ #ကိုဗစ် #tthl #Yangon_Times
#Local_News
Published 8 December 2023
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ မြို့ရှောင်လမ်းတွင် ဆီသယ်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာ ၈ ရက် နံနက် ၉နာရီ ၃၅ မိနစ် ခန့်က ပဲခူးမြို့ မဲခုန်ကျေးရွာအုပ်စု နန်းတော်ကုန်းကျေးရွာအနီး ပဲခူးမြို့ရှောင် လမ်း မိုင်တိုင်အမှတ် ၃၃/၄ တွင် ဆီသယ်ယာဉ် တစ်စီးတိမ်းမှောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ် တိမ်းမှောက်ကြောင်း သတင်းရရှိသဖြင့် ပဲခူးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပဲခူးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် မီးလောင်မှုမဖြစ်ပွားစေရန် အတွက် အအေးပေးခြင်းလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ပေးရကြောင်း သိရသည်။
ဒီဇင်ဘာ ၈ရက် နံနက် ၈နာရီခန့်ကလည်းမန္တလေးတိုင်း ကျောက်ဆည်မြို့ရှိ မြို့ရှောင်လမ်းတွင်လည်း စက်သုံးဆီသယ်ယာဉ်တစ်စီး မီးလောင်မှုကြောင့် မီးသတ်တပ်ဖွဲ့များက မီးငြှိမ်းသတ်ခဲ့ရာ ၉နာရီ ခွဲခန့်တွင်မီးငြှိမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
#Local_News #ပဲခူးမြို့ရှောင်လမ်း #ဆီသယ်ယာဉ်တစ်စီးတိမ်းမှောက် #YMG/LW #Yangon_Times
Page 975 of 2280