#Local_News
Published 31 January 2024
ကိုရီးယားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၅၂ ဦးအား ယနေ့ ဇန်နဝါရီ ၃၁ ရက်တွင် ထပ်မံစေလွှတ်ခဲ့ကြောင်း ကိုရီယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ POAE မှ ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် EPS စနစ်ဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်သည်။
ယနေ့ စေလွှတ်ခဲ့သည့် အလုပ်သမား ၁၅၂ ဦးမှာ ကိုရီးယားနိုင်ငံကုန်ထုတ်လုပ်ငန်းများတွင် လုပ်ကိုင်မည့် လုပ်သားများဖြစ်ကြောင်း သိရသည်။
ကိုရီးယားနိုင်ငံ၊ အင်ချွန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြသည့် အလုပ်သမားများအား ဆိုးလ်မြို့၊ အလုပ်သမားသံရုံးအရာရှိမှ လက်ခံကြိုဆိုခဲ့ပြီး လိုအပ်သည်များကိုမှကြားကာ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon Time
ကိုးကန့်ဒေသအွန်လိုင်းလိမ်လည်မှုအဖွဲ့ အဓိကခေါင်းဆောင် ၆ ဦးနှင့် သံသယရှိသူ ၄ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့
မြန်မာနိုင်ငံမြောက်ပိုင်းကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့ အဓိကခေါင်းဆောင် ၆ ဦးနှင့် သံသယရှိသူ ၄ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သိရသည်။
#Local_News
Published_ 31 January 2024
#ကိုးကန့်ဒေသအွန်လိုင်းလိမ်လည်မှုအဖွဲ့ #တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်
#Local_News
Published 31 January 2024
ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ဖွင့်လှစ်မည့် (၅၉)ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေသိန်းထီဖွင့်ပွဲနှင့် အွန်လိုင်းအောင်ဘာလေသိန်းထီဖွင့်ပွဲမှစ၍ လူပုဂ္ဂိုလ်များအား အသုံးမပြုဘဲ Air Blow Digital Machine စက်များအသုံးပြု ဖွင့်လှစ်ပေးသွားမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲ (ရန်ကုန်)မှ သိရသည်။
အဆိုပါ Air Blow Digital Machine စက်ကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် အသုံးပြုနေပြီး အက္ခရာနှင့်ဂဏန်းများကို အရွယ်အစား အလေးချိန်တူညီသော ပုံစံတူ RFID law ကိုရွေးချယ်အသုံးပြုထားခြင်းဖြစ်ကြောင်းသိရသည်။
ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်အပြင် လက်ရှိကျင့်သုံးလျက်ရှိသော ထီလက်မှတ်များ ပုံနှိပ်ဖြန့်ဖြူးရောင်းချသည့် အောင်ဘာလေသိန်းဆုထီစနစ်ကိုကျင့်သုံးနေပြီး ထီဖွင့်ပွဲတွင်လည်း လူပုဂ္ဂိုလ်များအသုံးပြု၍ မဲနှိုက်ရွေးချယ်ခြင်းဖြစ်သည်။
#YMG/LW #Yangon Time
#Local_News
Published-31 January 2024
ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်းတွင်ယခုနှစ်ဇန်နဝါရီလ၌ ကောက်ယူခဲ့သည့်စာရင်းအရငှက်မျိုးစိတ်၁၂၂မျိုးမှ ငှက်ကောင်ရေနှစ်သောင်းကိုးထောင်ကျက်စားနေပြီဖြစ်ကြောင်း မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှသိရသည်။
အဆိုပါမိုးယွန်းကြီးအင်းတွင် အာရှရေပျော်ငှက်စာရင်းကို နှစ်စဉ်ဇန်နဝါရီလတိုင်းမှာကောက်ယူလေ့ရှိပြီး ယခုနှစ်မှာတော့ ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်များတွင် ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလကောက်ယူထားသည့် စာရင်းအရရေပျော် ဆောင်းခိုငှက်၃၃မျိုး၊ ဆောင်းခိုငှက်ကုန်းငှက်၁၈မျိုး၊ ဌာနေငှက် ၇၁ မျိုး စုစုပေါင်း ငှက်မျိုးစိတ် ၁၂၂ မျိုးရှိပြီးကောင်ရေ အနေဖြင့် ဆောင်းခိုငှက်(၁၂၀၀၀) ကောင်နှင့် ဌာနေငှက်(၁၇၀၀၀)စသည်ဖြင့် စုစုပေါင်းငှက်ကောင်ရေ ၂၉၀၀၀ ရှိကြောင်း သိရသည်။
ရွှေ့ပြောင်းငှက်များဖြစ်သည့် ဆော င်းခိုငှက်များသည် ကမ္ဘာ မြောက်ခြမ်းမှ ကမ္ဘာ့ တောင်ခြမ်းကိုလာပြီးဆောင်းခိုကြ ကြောင်းဆောင်း ခိုငှက်များသည် ရေဝပ်ဒေသဂေဟစနစ်ကြီးကောင်းမွန် သည့်အတွက်လာရောက်ကျက်စားကြခြင်းဖြစ်ကြောင်းသိရသည်။
မိုးယွန်းကြီးအင်းတွင်ဆောင်းခိုငှက်၊ ဌာနေငှက်နှင့်ကုန်းငှက်များအပြင် ငါးမျိုးစိတ် ၄၀ ကျော်ရှိကြောင်း သိရသည်။
အဆိုပါ မိုးယွန်းကြီးအင်းသို့ ငှက်ကြည်ဝါသနာရှင်များလာရောက်လည်ပတ်ကြောင်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ဇန်နဝါရီလထက် ငှက်ကောင်ရေတစ်ထောင်ပိုကျကြောင်း သိရသည်။
#Local_News #ငှက်မျိုးစိတ် ၁၂၀ကျော် #ငှက်ကောင်ရေသုံးသောင်းနီးပါးကျက်စားနေ #YMG/NN #Yangon_Times
#Local_News
Published 31 January 2024
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းကျေးရွာတွင် ဇန်နဝါရီလ (၃၁) နံနက် (၆)နာရီ (၁၈)မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ကြည့်မြင်တိုင်မြို့နယ်၊ တစ်ဖက်ကမ်း၊ စက်ဆန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ စက်ဆန်းနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ထိုသို့ ငြှိမ်းသတ်ရာ နံနက် (၆)နာရီ ၃၀ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၆)နာရီ (၃၃)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို မီးသတ်တပ်ဖွဲ့ မှ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။


#Local_News #စက်ဆန်းကျေးရွာ # မီးလောင်မှုဖြစ်ပွား #YMG/LW #Yangon_Times
Published_31 Jan 2024
မြန်မာနိုင်ငံ မြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှု အဖွဲ့အဓိကခေါင်းဆောင် ၆ ဦး နှင့် သံသယရှိသူ ၄ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သိရသည်။
ဇန်နဝါရီလ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းထံသို့ မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှု အဖွဲ့အဓိကခေါင်းဆောင် ၆ ဦးဖြစ်သည့် ပယ်ဆောက်ချိန်၊ ပယ်ရင်ချန်၊ ဝေ့ဟွိုင် ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြားအရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူ ၄ ဦး၊စုစုပေါင်း ၁၀ ဦးကို တရားဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအကြိမ်လှုပ်ရှားမှုသည် တရုတ်-မြန်မာနှစ်နိုင်ငံက နိုင်ငံတကာရဲရေးရာ တရားဥပဒေစိုးမိုးမှု ပူးပေါင်း ဆောင် ရွက် ရာတွင် နောက်ထပ်ရရှိသည့် အထင်ကရ အောင်မြင်မှုရလဒ်ပင်ဖြစ်ကြောင်းလည်း ယင်း သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ယင်းသည် နှစ်နိုင်ငံက နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုကို ပူးတွဲတိုက်ဖျက်ခြင်း၊ အတူလက်တွဲကာ လုံခြုံ ရေးနှင့်တည်ငြိမ်မှုကို ထိန်းသိမ်းသည့် ပြတ်သားသောသန္နိဋ္ဌာန်ချက်နှင့် ခိုင်မြဲသောစိတ်ဓာတ်ကို အပြည့် အဝ ထင်ဟပ်စေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်ခြင်း “အဆိပ်အတောက်” ကို ပြတ်သားစွာ အမြတ်ပြတ်ချေမှုန်းရန်အတွက် တရုတ်-မြန်မာရဲတပ်ဖွဲ့က တရားဥပဒေစိုးမိုးမှု လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ အဆက်မပြတ်လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူပေါင်း ၄၄,၀၀၀ ကို တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးရာ ၎င်းတို့အနက် နောက်ကွယ်မှ “ငွေကြေး ထောက်ပံ့သူ” ၊ အဖွဲ့ခေါင်းဆောင်နှင့်အမာခံများ ၁၇၁ ဦး၊ တရားခံပြေး ၂၉၀၈ ဦးပါဝင်ကြောင်းလည်း သိရသည်။














Yangon_Times/PP




၃၀ ဇန်နဝါရီ ၂၀၂၄
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကို နစက ဥပဒေအမှတ်၁၅/၂၀၂၄ ဖြင့် ယနေ့ ၂၀၂၄ခုနှစ်ဇန်နဝါရီ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဆိုပါ ဥပဒေအရ ၂၀၂၃ခုနှစ် ဇန်နဝါရီ (၂၆)ရက်တွင်ထုတ်ပြန်ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပုဒ်မ(၂) ပုဒ်မခွဲ(ဆ)၊ပုဒ်မ ၅ ပုဒ်မခွဲ(စ)နှင့် ပုဒ်မခွဲ(ဇ)၊ပုဒ်မ ၁၇နှင့် ပုဒ်မ ၁၉ တို့ကို ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။
ပြင်ဆင်ချက်အရ ကြားဖြတ်ရွေးကောက်ပွဲ အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် “ ကြားဖြတ်ရွေးကောက်ပွဲ ဆိုသည်မှာ လွှတ်တော်ပုံမှန်သက်တမ်းတစ်ရပ်အတွင်း မဲဆန္ဒနယ်တစ်ခုခု၌ ရွေးကောက်ပွဲရွှေ့ဆိုင်းထားရ
ခြင်းကြောင့်ဖြစ်စေ” ဟူသော မူလဥပဒေပုဒ်မ၂ ပုဒ်မခွဲ(ဆ)ပါ စကားရပ်ကို ချပ်လှပ်ထားခဲ့ကြောင်း တွေ့ ရပါတယ်။
ထို့အပြင် “ရက်ပေါင်း ၉၀” နှင့် “ရက်ပေါင်း ၁၈၀”ဆိုသည့် စကားရပ်များကိုလည်း အစားထိုးခဲ့ပြီး ပြည်ထောင်စုအဆင့်ပါတီများ အတွက် ပါတီဝင်လိုအပ်ချက်ကို ဦးရေ၁၀၀၀၀၀(တစ်သိန်း)မှ ၅၀၀၀၀ (ငါးသောင်း) သို့လျှော့ချ ပေးခဲ့ပါတယ်။ ပါတီရုံးခန်းဖွင့်ရန်လည်း မြို့နယ်အားလုံး၏အနည်းဆုံး ထက်ဝက်အစား အနည်းဆုံးသုံးပုံတစ်ပုံ သို့လျှော့ချပေခဲ့ပါတယ်။
ပုဒ်မများနှင့်ပုဒ်မခွဲအလိုက်ပြင်ဆင်ခြင်းများကို ရှင်းလင်းစွာသိစေနိုင်ရန်အတွက် ဇယားကားချပ်များဖြင့် YMG က ပူးတွဲတင်ပြပေးထားပါတယ်။
@ymg/knl
Page 877 of 2281