Publaished_ 11 July 2023
ဘင်္ဂလားပင်လယ်အော်တွင် ယနေ့ ဇူလိုင်လ(၁၁)ရက်မှစ၍ ဒုတိယအပတ်အတွင်း လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်ကာ အားကောင်းသော မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်လာကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ဇူလိုင်လ ဒုတိယပတ်အတွင်း မိုးရွာသွန်းမှုအခြေအနေသည် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး တိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် မိုးပိုနိုင်ကြောင်း ဆိုသည်။
ရခိုင်ပြည်နယ်တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။
ထို့ကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇)ရက်မှ (၁၀)ရက်ခန့် မိုးထစ်ချုန်းရွားနိုင်ကြောင်း သိရသည်။
အလားတူ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ကယားပြည်နယ်တို့တွင် (၃)ရက်မှ (၆)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟု မိုးဇ/လ အသိပေးထုတ်ပြန်သည်။
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိနေပြီး၊ မြန်မာ့ကမ်းရြိူတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် (၆)ပေမှ (၈)ပေအထိရှိနိုင်ကြောင်း သိရသည်။
YMG/my
#YMG #Yangon Times
Published_ 11 July 2023
တရုတ်နိုင်ငံ ပေကျင်းမြို၌ ရောက်ရှိနေသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာကံဇော်သည် ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ နိုင်ငံတကာဖွံဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၊ ဒုတိယဥက္ကဋ္ဌ Mr. Deng Boqing နှင့် သီးခြားတွေ့ဆုံ၍ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ တရုတ်နိုင်ငံ၏အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ဆဲစီမံကိန်းများ၊ အဆိုပြုစီမံကိန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဇူလိုင် ၁၀ ရက်တွင် “ဖွံဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက် ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့်ညီလာခံ” ကို “Global Development Initiative: Echo the Development Agenda and Call for Global Action” ခေါင်းစဉ်ဖြင့် ကျင်းပရာ ဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်ခဲ့ပါတယ်။
အဆိုပါညီလာခံသို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲဝင်၊ ဗဟိုနိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ Mr. Wang Yi ၊ တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ ဥက္ကဋ္ဌ Mr. Luo Zhao-hui ၊ ဖိတ်ကြားထားသော အာရှ၊ အာဖရိက၊ လက်တင်အမေရိက နိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ်အဖွဲများနှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲအစည်း ၃၆ ခုတိုမှ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။
ညီလာခံတွင် ကမ္ဘာလုံးဆိုင်ရာ ဖွံဖြိုးရေးကိစ္စများနှင့်စပ်လျဉ်း၍ ဘုံအကျိုးအမြတ် ရရှိစေရန် ရည်ရွယ်၍ ဖိုရမ်ခွဲလေးခု ဆက်လက်ကျင်းပခဲ့ရာ “ဆင်းရဲမှုလျှော့ချရေးနှင့် စိုက်ပျိုးရေး အသွင်ကူးပြောင်းမှုအတွက်ကမ္ဘာလုံးဆိုင်ရာ အများပြည်သူပိုင် ပစ္စည်းများ နှင့်စပ်လျဉ်း၍ ဖွံဖြိုးဆဲနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ခွဲ” သို့ တက်ရောက်၍ ဝန်ကြီးဒေါက်တာကံဇော်က အမှာစကား ပြောကြားခဲ့ပါတယ်။
အဆိုပါ ညီလာခံအပြီးတွင် ပါဝင်တက်ရောက်သည့် နိုင်ငံများ၏ သဘောတူညီမှုဖြင့် ပေကျင်းထုတ်ပြန်ချက်ကို ကြေညာခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#local_news
#YMG #Yangon_Times
ဇူလိုင်၁၀-၂၀၂၃
ဆောက်လုပ်ရေးပစ္စည်းများနှင့်အသုံးအဆောင်ပစ္စည်းများကို ဈေးတင်ရောင်းသူတွေကို ထိထိရောက်ရောက် အရေးယူကြဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၁၀ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ကျင်းပတဲ့ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ အစည်းအဝေးတစ်ခုတွင် တာဝန်ရှိသူတွေကိုမှာကြားခဲ့ပါတယ်။
“သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့်အချိန်တွင် ဖြစ်လေ့ဖြစ်ထရှိသည့်ဆောက်လုပ်ရေးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချနေသူများကိုလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန်လိုအပ်ပါတယ်။ ဥပဒေအရထိရောက်သည့် ပြစ်ဒဏ်များကို ပေးရမှာ ဖြစ်ပြီး မိမိတို့တစ်ဦးတစ်ယောက်၏ ကိုယ်ကျိုးစီးပွားအတွက် … ဒေသခံအချင်းချင်းအပေါ် အမြတ်ထုတ်ဆောင်ရွက်ခြင်းမှာ မဖြစ်သင့်တဲ့အတွက် တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ပါတယ်” လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့တာဖြစ်ကြောင်း နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဘေးဒဏ်ကျရောက်ခဲ့ပြီး နှစ်လခန့်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအတိုင်းအတာတစ်ခုအထိ တိုးတက်မှုရှိအောင်ဆောင်ရွက်နိုင်ခဲ့သည်ကို ယခု ထပ်မံရောက်ရှိချိန်တွင် တွေ့ရှိရတယ်လို့ နစက ဥက္ကဋ္ဌက သုံးသပ်ပြောဆိုပါတယ်။
ဒေသတွင်နေထိုင်ကြသူများအနေဖြင့်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက မူလအခြေအနေများထက်ပိုမိုကောင်းမွန်သည့် ဒေသများအဖြစ် ဆက်လက်ဖော်ဆောင်သွားနိုင်မှာဖြစ်တယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက ပြောဆိုပါတယ်။
ခေတ်မီမြို့ပြအဖြစ်ရောက်ရှိလာစေရေး မြို့တွင်းရှိ ဆက်သွယ်ရေးလမ်းကြောင်းများကိုလည်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ အဆောက်အဦများကိုလည်း ခေတ်နှင့်လျော်ညီသည့် အဆောက်အဦများဖြစ်စေရေး စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ဒေသ၏ ရေရှည်အကျိုးကိုကြည့်၍ စနစ်တကျ တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်းလည်း နစက ဥက္ကဋ္ဌကပြောဆိုခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ချက် အရသိရပါတယ်။
ပြည်ထောင်စုဝန်ကြီးတွေ၊ဒုဝန်ကြီးတွေ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အဆင့်တာဝန်ရှိသူတွေကလည်း မိမိတို့ တာဝန်ယူထားတဲ့ ကဏ္ဍများအလိုက် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကိုရှင်းလင်းတင်ပြခဲ့ကြပါတယ်။
စစ်တွေမြို့ View Point နှင့်ရှုခင်းသာလမ်းတစ်လျောက် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်နေသည်များကို နစက ဥက္ကဋ္ဌနှင့်အဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တဲ့အပြင် ဘက်စုံသုံးဆိပ်ကမ်း၌ MV ROYAL VENUS သင်္ဘောနှင့် Fortuneသင်္ဘောပေါ်မှ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်းများကို လူအင်အား၊ စက်ယန္တရားအင်အားများ အသုံးပြု၍ သဘာဝဘေးဒဏ်သင့် ဒေသများသို့ ဖြန့်ခွဲပေးရန်ဆောင်ရွက်နေမှုတွေကိုလည်းကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
Knl/ymg
#Daily_News
Published_ 10 July 2023
၁။ မိုးလယ်ကာလဖြစ်သည့် ဇူလိုင်နှင့် ဩဂုတ်လ၌ မြစ်ရေကြီးနိုင်
၂။ မြဝတီသွားမည့်သူများ မော်လမြိုင်ဘက်မှ ပတ်ပြီးသွားနိုင်ဟုဆို
၃။ မိခင်ဖြစ်သူကို သမီးဖြစ်သူက သုဿန်အတွင်း လာရောက်စွန့်ပစ်မှုဖြစ်ပွား
၄။ တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေးစက်ရုံအား ဘရာဇီးလ်တွင် မကြာမီဖွင့်လှစ်သွားမည် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
#Published_ 10 July 2023
ယခုနှစ်တွင်ကျင်းပပြုလုပ်သည့် အစိုးရနိကာယ်စာမေးပွဲအောင်မြင်သူ(၄၆၅၄)ဦးရှိကြောင်း သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။
ဇွန်လအတွင်း(၃၀)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲစစ်ဆေးခဲ့ပြီး ပါဝင်ဖြေဆိုသည့်ရဟန်းရှင်လူ( ၁၃၀၀၁)ဦး အနက်(၄၆၅၄)ဦးအောင်မြင်ခဲ့သည့်အတွက်အောင်မြင်မှုရာခိုင်နှုန်း၃၉ဒဿမ၇၉ရာခိုင်နှုန်းအောင်မြင်သည်ဟုဆိုသည်။
(၃၀)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲအောင်စာရင်းအပြည့်အစုံကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ websiteဖြစ်သည့် www.mahana.org.mmနှင့်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနwebsiteဖြစ်သည့် www.mora.gov.mm၊သာသနာရေးဦးစီးဌာန၏website www.dra.gov.mmတို့တွင် ကြည့်ရူနိုင်ကြောင်းသိရသည်။
အဆိုပါအစိုးရနိကာယ်စာမေးပွဲကိုတစ်ပြည်လုံးရှိခွင့်ပြုစာဖြေ(၇၈)ခုတို့၌ဇွန်လ(၁)ရက်မှ(၅)ရက်အထိငါးရက်တိုင်တိုင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အောင်မြင်သူ(၄၆၅၄)ဦးအောင်မြင်ခဲ့ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
မိခင်ဖြစ်သူကို သမီးဖြစ်သူက သုဿန်အတွင်းလာရောက်စွန့်ပစ်မှုဖြစ်ပွား
အေးရိပ်ငြိမ်သုသာန် မြန်မာသင်္ချိုင်းနဲ့ တရုတ်သင်္ချိုင်းကြားတွင် လာရောက်စွန်ပစ်
Yangon_Time/my
#Local_News
#Published_ 10 July 2023
#YMG #Yangon_Times
မြွေဆိပ်ဖြေဆေး ထုတ်လုပ်ဖို မြွေပွေးနဲ့ မြွေဟောက် အကောင်ရေထောင်ချီ ဝယ်ယူမယ်
မြွေပွေး( ၁၂၀၀)ကောင်နဲ့ မြွေဟောက် (၄၀၀)ကောင်ကို ဝယ်ယူလို
Yangon_Time/my
#Local_News
#Published_ 10 July 2023
#YMG #Yangon_Times
Page 872 of 1903