Published-14 July2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၈၆ လမ်း၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြားရှိ ရွှေတချောင်း မြောင်းအတွင်းသို့ ဇူလိုင်လ၁၃ရက်က ပြုတ်ကျပျောက်ဆုံးနေကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှသိရသည်။
အဆိုပါအမျိုးသားမှာ အသက်၄၅နှစ်ဝန်းကျင်အရွယ်ရှိပြီးယမန်နေ့က ရွှေတချောင်းမြောင်းအတွင်းသို့ ပြုတ်ကျသွားခြင်းဖြစ်ကြောင်းသိရသည်။
"မိုးရွာနေချိန်မှာဖြတ်သွားတော့ မြောင်းကူးတံတားပေါ်ကနေ ချော်ပြီးပြုတ်ကျသွားတာပါ။ ည၁၀ နာရီအထိ ရေငုပ်ရှာဖွေတာတွေလုပ်ခဲ့ပေမဲ့ မတွေ့ရှိခဲ့တဲ့အတွက် ည၁၀ နာရီအချိန်မှာ ရှာဖွေတာတွေရပ်နားခဲ့ပါတယ်"ဟုလူမှုကူညီရေးအသင်းကသိရသည်။
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့
(မန္တလေးတိုင်းရုံး)မှ ရေငုတ်ရှာဖွေမှုများ
ပြုလုပ်ခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း သိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Times
မဲခေါင်ဒေသနိုင်ငံများဖြစ်တဲ့ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ် (၆)နိုင်ငံက မီဒီယာများ တက်ရောက်ခဲ့သော တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ လန်ချန်း-မဲခေါင် (၁၀)ရက်ကြာ ခရီးစဥ်အတွင်း ဇူလိုင်(၄)ရက်မှာ ခရီးစဉ်နောက်ဆုံးနေ့အဖြစ် ယူနန်ပြည်နယ် ဖူယွမ်ခရိုင်ရှိ မဂ္ဂါဝပ် ၈၀၀ ထွက်ရှိသော တောင်ပေါ် လေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။
အဆိုပါစီမံကိန်းမှာ တရုတ်နိုင်ငံအတွင်း တောင်ပေါ်ဒေသမှာ တည်ဆောက်ထားသော လေအားတာဘိုင် စီမံကိန်းများတွင် အကြီးဆုံးဖြစ်တယ်လို့သိရပြီး တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးဆဲတောင်ပေါ်ဒေသတွေ အမြန်ဆုံးဖွံ့ဖြိုးစေဖို့ လေတိုက်နှုန်းကောင်းတဲ့ တောင်ပေါ်ဒေသတွေမှာ အဆင့်မြင့်လေအားတာဘိုင်များကို အသုံးပြုကာ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နေခြင်းပဲဖြစ်ပါတယ်။
ယူနန်ပြည်နယ် ဖူယွမ်ခရိုင်ရှိ မဂ္ဂါဝပ် ၈၀၀ ထွက်ရှိမယ့် တောင်ပေါ် လေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းဟာဆိုရင် ၂၀၂၃ ခုနှစ် မေလ ၈ ရက်မှာ စီမံကိန်းကို အပြည့်အဝလည်ပတ်ခဲ့တာဖြစ်ပြီး ဒီစီမံကိန်းမှာဆိုရင် ၆ ဒသမ ၇ မဂ္ဂါဝပ်ထုတ်လုပ်နိုင်တဲ့ လေအားတာဘိုင်ပေါင်း ၁၃၅ ခု တည်ဆောက်ပြီးတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေတာဖြစ်ပါတယ်။
လေအားတာဘိုင်တစ်ခုကနေ လျှပ်စစ်ဓာတ်အား ၆ ဒသမ ၇ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ဖို့ တာဘိုင်တစ်ခုရဲ့ ဗဟိုချက်အမြင့် (ပင်မတိုင်)ကို ၁၁၀ မီတာ၊ မော်တာအချင်း ၁၉၁ မီတာနဲ့ အမြင့်ဆုံးအလေးချိန် တန် ၁၅၀ အထိ တည်ဆောက်ခဲ့ရတာဖြစ်ပြီး တရုတ်နိုင်ငံမှာ လေရဟတ်တာဘိုင်များ ဆောက်လုပ်မှုစံချိန်သစ် ရေးထိုးနိုင်ခဲ့တာဖြစ်တယ်လို့လည်း လေ့လာခွင့်ရရှိခဲ့ပါတယ်။
အဆိုပါစီမံကိန်းကနေ တရုတ်နိုင်ငံရဲ့ မဟာဓာတ်အားလိုင်းသို့ နှစ်စဥ် လျှပ်စစ်ဓာတ်အား ၂,၀၆၀ ဂစ်ဂါဝပ်နာရီ(GWh) ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး အခွန်ငွေ ယွမ်သန်း ၁၀၀ ကျော်ရရှိမယ်လို့ မျှော်မှန်းထားတာပါ။ ဒါ့အပြင် စံကျောက်မီးသွေးတန်ချိန် ၆၄၁,၀၀၀ ကို ကယ်တင်နိုင်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန် ၁ ဒသမ ၇ သန်းကျော်နှင့် ဆာဖာဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန် ၁,၁၀၀ ကျော် လျော့ကျစေမှာဖြစ်တယ်လို့ ဖော်ပြထားတဲ့ အချက်အလက်များအရ သိရပါတယ်။
ဒီလိုစံချိန်အသစ်တွေ ရေးထိုးနိုင်ခဲ့တဲ့ လေအားလျှပ်စစ်စီမံကိန်းကိုတော့ တရုတ်နိုင်ငံရဲ့ ကုမ္ပဏီတစ်ခုဖြစ်သော နိုင်ငံတော်လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းလီမိတက်(SPIC)ရဲ့ SPIC Yunnan International Power Investment Co., Ltd (SPICYN)က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
SPIC က PV စွမ်းအင်၊ လေအားလျှပ်စစ်၊ နျူကလီးယားစွမ်းအင်၊ ရေအားလျှပ်စစ်၊ ကျောက်မီးသွေးစွမ်းအင်၊ သဘာဝဓါတ်ငွေ့စွမ်းအင်နဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စတဲ့စွမ်းအင်မျိုးဆက်နဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
လန်ချန်း-မဲခေါင် စီမံကိန်းတွေထဲက တစ်ခုအဖြစ် SPICYN ကနေ မြန်မာပြည်မြောက်ပိုင်း ချီဖွေမြို့နယ်အတွင်း ဧရာဝတီမြစ်အဖျားပိုင်းတွင် အဓိကစတင်မြစ်ဖျားခံရာမေခမြစ်ရဲ့ မြစ်လက်တက်ဖြစ်သော ချီဖွေမြစ်ပေါ်မှာ ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်းကတော့ ၉၉ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သော စက်တပ်ဆင်ထားပြီး စက်ရုံကနေထွက်ရှိသော လျှပ်စစ်ဓာတ်အားရဲ့ ၆၉ ရာခိုင်နှုန်းကို မြန်မာနိုင်ငံမြောက်ပိုင်းသို့ ထောက်ပံ့ပေးထားတာဖြစ်ပြီး ၂၀၂၂ ခုနှစ် နှစ်အကုန်အထိ မြန်မာနိုင်ငံမြောက်ပိုင်း ဓာတ်အားကွန်ယက်စနစ်အတွင်းသို့ ၁၉,၀၀၀ ဂစ်ဂါဝပ်နာရီ (GWh) ပို့လွှတ်ပေးနိုင်ခဲ့တယ်လို့ လေ့လာသိရှိခဲ့ရပါတယ်။
ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်းက ပန်းဝါစစ်ဆေးရေးဂိတ်မှ ကီလိုမီတာ ၈၀ နဲ့ မြစ်ကြီးနားမြို့မှ ကီလိုမီတာ ၁၂၀ ကွာဝေးပြီး ကချင်ပြည်နယ်အတွင်း အဓိကရေထောက်ပံ့ရာစီမံကိန်းဖြစ်တာကြောင့် မြစ်ကြီးနားမြို့ရဲ့ မြို့ပြဧရိယာ၊ မိုးကောင်း၊ မိုးညှင်းနဲ့ ဖားကန့်နယ်မြေများကိုပါ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်ခဲ့တာပါ။
ထို့အတူ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းမှာလည်း တရုတ်-မြန်မာ ပူးပေါင်းပြီးတော့ လေအားလျှပ်စစ်စီမံကိန်းတွေ တည်ဆောက်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ ဒီလိုပူးပေါင်းမှု ခြေလှမ်းအဖြစ် ရခိုင်ပြည်နယ်အတွင်း အမ်းမြို့၊ ဂွမြို့နဲ့ သံတွဲမြို့တို့မှာ စုစုပေါင်းမဂ္ဂါဝပ် ၃၆၀ ထွက်ရှိမယ့် လေအားလျှပ်စစ် စီမံကိန်းသုံးခုအတွက် သဘောတူညီမှုစာချွန်လွှာ (MOA)ကို ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
အဆိုပါ သဘောတူညီမှုစာချွန်လွှာ (MOA)အရ အမ်းလေအားလျှပ်စစ်စီမံကိန်း ၁၅၀ မဂ္ဂါဝပ်၊ ဂွလေအားလျှပ်စစ်စီမံကိန်း ၁၀၀ မဂ္ဂါဝပ်၊ သံတွဲလေအားလျှပ်စစ်စီမံကိန်း ၁၁၀ မဂ္ဂါဝပ်တို့ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ဂွစီမံကိန်းရဲ့ ပထမအဆင့် ၅၀ မဂ္ဂါဝပ်ကို စတင်ဆောင်ရွက်မှာဖြစ်ပြီးတော့ စီမံကိန်းသုံးခုလုံးကို လာမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းအထိ ရရှိတဲ့အချက်အလက်များအရ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာတော့ သဘာဝဓာတ်ငွေ့မှ ၅၆ ရာခိုင်နှုန်း၊ ရေအားမှ ရာခိုင်နှုန်း ၄၀ ၊ ကျောက်မီးသွေးမှ သုံးရာခိုင်နှုန်း၊ ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များမှ တစ်ရာခိုင်နှုန်း ထုတ်လုပ်လျက်ရှိပါတယ်။
မြန်မာနိုင်ငံအနေဖြင့် လာမယ့် ၂၀၃၀ ပြည့်နှစ်မှာတော့ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက် ဆောင်ရွက်နေပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုရဲ့ ကိုးရာခိုင်နှုန်းကို နေစွမ်းအင် (Solar Energy)၊ လေအားလျှပ်စစ် (Wind Energy) စတဲ့ ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်တွေကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ရည်မှန်းထားတာဖြစ်ပါတယ်။
ဒီလို တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မယ့် လေအားလျှပ်စစ်စီမံကိန်းတွေကနေ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ထုတ်လုပ်မှုအပေါ် ဘယ်လောက်အထိ ထဲထဲဝင်ဝင် ပါဝင်နိုင်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ဇယျေ ရေးသားသည်
Published_ 14 July 2023
မွန်ပြည်နယ်တွင် (၆) လအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ (၅၀၀) ကျော်ရှိပြီး (၂) ဦးသေဆုံးခဲကြောင်းမွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့နယ်တွင် သွေးလုပ်တုပ်ကွေး ရောဂါအများဆုံးဖြစ်ပွားခဲ့ပြီး ပေါင်မြို့နယ်သည် ဒုတိယအများဆုံးဖြစ်ပွားခဲ့ကာ သေဆုံးသူ (၂)ဦးမှာ သံဖြူဇရပ်မြို့နယ်နှင့် ပေါင်မြို့နယ်ကဖြစ်သည်။
ယခုနှစ်အတွင်း အသက် (၁)နှစ်အောက်ကလေးများထဲက အသက် (၁)လ၊ (၄)လ ကလေးများတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ အထူးများပြီး ကလေးအငယ်လေးများတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားလာသည့်အတွက် သွေးလန့်နှုန်းများ အရမ်းများလာပြီး ကုသရခက်ခဲကြောင်းလည်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ယင်းအပြင် ၆ လအတွင်း ထူးခြားမှုအဖြစ် အသက်ကြီးသည့် (၁၇)၊ (၁၈) ကလေးများတွင်လည်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသည်ကို မြင်တွေ့ရသည်ဟု သိရသည်။
လက်ရှိတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် ဆေးရုံတက်နေသည့်သူ (၄၃)ဦးသာရှိပြီး ကျန်သူများ ဆေးရုံက ဆင်းသွားပြီဖြစ်သည်။ ဆေးရုံးတက်ရောက်နေသည့် (၄၃)ဦးသည်လည်း အသက်အန္တရာယ်မရှိတော့ကြောင်း သိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Times
၁၃ ဇူလိုင်-၂၀၂၃
တရားမဝင်အလုပ်ပွဲစားတစ်ဦးက ပြည်သူ့ဆက်ဆံရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ရမည်ဟု လိမ်လည်ပြောဆိုကာ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခံရသည့် ထိုင်းအမျိုးသမီး(၄)ဦးထဲမှ (၂)ဦးက သူတို့ကို ကူညီကြပါရန် တောင်းပန်နေကြောင်း ဘန်ကောက်ပို့စ်အွန်လိုင်းတွင်ယနေ့ဖော်ပြထားပါတယ်။
တစ်တော့ခ် TikTok မှ တရားမဝင်အလုပ်ပွဲစားတစ်ဦးက သူတို့ကို ပြည်သူ့ဆက်ဆံရေး(PR) ဝန်ထမ်းများအဖြစ် အလုပ်လုပ်ကိုင်ရမည်ဟု လိမ်လည်ခေါ်ယူကာ ပြည့်တန်ဆာအဖြစ် အတင်းအကြပ် ခိုင်းစေခံရသည့်အတွက် ထိုင်းအမျိုး သမီး(၄)ဦးက သူတို့ကို ထိုင်းနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ပေးကြပါရန် တောင်းဆိုနေကြတာဖြစ်ပါတယ်။
ဇူလိုင်၁၂ ရက် ဗုဒ္ဓဟူးနေ့က နင်ဂျာတူဒေး ဖေ့စ်ဘုတ်ခ် fan page တွင် ထိုအမျိုးသမီး(၂)ဦးက အိမ်သို့ပြန်ခေါ်ပေးကြဖို့ မေတ္တာရပ်ခံအကူအညီတောင်းသည့် ဗွီဒီယိုတင်ထားပြီးနောက် ယခုဇာတ်လမ်း လူသိလာခဲ့ပါတယ်။
“ကျွန်မတို့ကိုကူညီကြပါ။ ကျွန်မတို့အိမ်ပြန်ချင်ပါတယ်၊ မြန်မာနိုင်ငံမှာ ကျွန်မတို့ကို အလုပ်လုပ်ဖို့ လိမ်လည်ခေါ်တာ ခံခဲ့ရတာပါ” လို့ အမျိုးသမီးတစ်ဦးက မျက်ရည်တွေစီးကျရင်း ပြောပါတယ်။ “ ကျွန်မတို့ ကျွန်မတို့သိတဲ့ ထိုင်းအစိုးရ အေဂျင်စီတိုင်းကို ဆက်သွယ်ခဲ့ပေမယ့် ဘယ်သူမှမကူညီကြပါဘူး။ စောင့်ပေးပါလို့ပဲပြောကြတယ်။ ကျွန်မတို့ကိုကူညီပေး ကြပါရှင်” လို့ သူမကပြောပါတယ်။
ဗွီဒီယိုမှာပါတဲ့ အကြောင်းအရာတွေအရညသူမဟာ ယူဘွန်ရက်ချာသနီကဖြစ်ပြီး သူမနှင့်သူမရဲ့ သူငယ်ချင်း (၃)ဦးတို့ဟာ မယ်ဆိုင်ခရိုင် ချင်းရိုင်ရဲ့တစ်ဘက်က နယ်စပ်မြို့ တာချီလိတ်မှာ အလုပ်ရမယ်ဆိုတဲ့ကတိကြောင့် ဇွန်လမှာရောက် လာခဲ့ကြတာဖြစ်ပြီး သူတို့လေးဦးကို မိုင်းပေါက် Mong Pauk သို့ ပို့ပြီး ပြည့်တန်ဆာလုပ်ခိုင်းကြောင်းသိရပါတယ်။ မိုင်းပေါက်ဟာ “ဝ” ဒေသမှာရှိပြီး တရုတ်နယ်စပ်နှင့် ၁၀ကီလိုမီတာခန့်သာဝေးကွာပါတယ်။ အဲဒီနေရာဟာ တရုတ်ဧည့်သည်တွေအတွက် ဖျော်ဖြေရေးလုပ်ငန်းတွေနှင့်စည်ကားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။
အမျိုးသမီးလေးဦးအနက် ယူဘွန်ရက်ချာသနီက ကေဆိုပြီး အမည်ပေးထားတဲ့ အသက် ၃၅နှစ်အရွယ် အမျိုးသမီးက သူမကို အလုပ်ခန့်သူက လစာကောင်းကောင်းပေးမယ် ၊စားစရာ နေစရာ အခမဲ့ရတယ်။ ထိုင်းကနေ တာချီလိတ်အထိ ခရီးစရိတ်လည်းပေးမယ်လို့ ကတိပေးခဲ့တယ်လို့ပြောပါတယ်။
သူမက အလုပ်လျှောက်လိုက်တဲ့အခါ ခရီးစရိတ်အတွက်ဆိုပြီး ဘတ်တစ်သောင်းရပါတယ်။ အဲဒီနောက် မယ်ဆိုင်အထိ ရောက်လာခဲ့ပါတယ်။ အဲဒီနောက် “ကေ”ကို အမျိုးသားတစ်ဦးက တာချီလိတ်အထိ နယ်စပ်ကိုဖြတ်ခေါ်လာခဲ့ပါတယ်။ အဲဒီနောက် နောက်မြို့တစ်မြို့အထိ ခြောက်နာရီခရီးဆက်သွားရပါတယ်။ အဲဒီတော့မှ သူတို့ဟာ အလုပ်လိမ်ခေါ်ခံ လိုက်ရပြီလို့ သိတော့တယ်လို့ဆိုပါတယ်။
မိုင်းပေါက်ကိုရောက်ပြီးနောက် သူနှင့်သူ့သူငယ်ချင်းတွေကို ပြည့်တန်ဆာအဖြစ် အလုပ်လုပ်ခိုင်းတယ်လို့သိရပါတယ်။ အဲသလိုမှမလုပ်ရင် သူတို့ ညှင်းပန်းနှိပ်စက်ခံရမှာဖြစ်တယ်လို့ ကေ ကပြောပါတယ်။ ကံကောင်းသေးတာက သူတို့ဟာ မိုဘိုင်းဖုန်းသုံးနိုင်ပြီး အကူအညီတောင်းလို့ရနေသေးတာပဲဖြစ်ပါတယ်။
သူတို့ဟာ ဓာတ်ပုံတွေနှင့် ဗွီဒီယိုတွေကို ဖေ့စ်ဘုတ်ပေ့ချ် CSI LA ကိုပို့ခဲ့ပါတယ်။ အဲဒီကမှ ယူဘွန်ရက်ချာသနီအခြေစိုက် အားနည်းသူတွေကို အကူအညီပေးနေတဲ့ ဘန်ဟိုင်ချမ်နှင့် နောက်ပိုင်းအဆက်အသွယ်ရခဲ့ပါတယ်။ ဘန်ဟိုင်ချမ်ရဲ့ ကိုယ်စားလှယ်တွေဟာ ပြည်နယ်ရဲချုပ် ရဲမှူးကြီး ခန်နိုဂရစ်ဒါရာ၊ဒေသနိုင်ငံရေးသမားတွေ၊ နင်ဂျားတူဒေးပေ့ချ်တို့နှင့် ဆက်သွယ်အကူအညီ တောင်းခံခဲ့ပါတယ်။
သူတို့လေးဦး ပြန်လည်လွတ်မြောက်ဖို့ ဘတ်ငွေ ၁.၂ သန်းပေးဖို့ လိုအပ်တယ်လို့ CSI LAက ပြောပါတယ်။
အဲဒီထိုင်းအမျိုးသမီးလေးဦးကိစ္စကို ရဲမှူးကြီး ခန်နိုဂရစ်ဒါရာက သူ့အကြီးအကဲထံ သတင်းပို့ အမှုဖွင့်ထားပြီးသူတို့ ထိုင်းကို ပြန်ရောက်တဲ့အခါ ယူဘွန်ရက်ချန်သနီမှာ သူတို့ကို ကူညီပေးနိုင်မှာဖြစ်တယ်လို့ ရဲမှူးကြီးကပြောပါတယ်။
Source Bangkok Post
#Mong_Pauk
#Illegal_Job_broker
#Daily_News
Published_ 13 July 2023
၁။ နိုင်ငံခြားငွေလဲလှယ်ခွင့်ရ ကုမ္ပဏီ(၁၀)ခုကို လိုင်စင်ထပ်မံရုပ်သိမ်း
၂။ ဩဂုတ်လအတွင်း စာသင်ကျောင်းများ၌ ကလေးငယ်များကို နိုနှင့်နိုထွက်ပစ္စည်းအာဟာရများ တိုက်ကျွေးမည်
၃။ ပါချုပ်ဆရာတော်ကြီး၏ ပုံစံတူ ဆီလီကွန်ရုပ်တု စတင်ထုလုပ်နေ
၄။ မက္ကဆီကိုမီးတောင်ထိပ်ဝတွင် တည်ရှိနေသည့်ဘောလုံးကွင်း .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
Published-13 July2023
ရန်ကုန်မြို့ရှိ ကျောက်တံတားမြို့နယ်နှင့်သာတေတမြို့နယ်တို့တွင် ဇူလိုင်လ ၁၃ရက် ယနေ့နံနက်ပိုင်းက အိမ်ခြေမဲ့ အလောင်းနှစ်လောင်းတွေ့ရှိကြောင်းလူမှုကူညီရေးအသင်းများထံကသိရသည်။
ဇူလိုင်လ၁၃ရက်နံနက် ၆နာရီဝန်းကျင်ခန့်က ရန်ကုန်မြို့လယ်ကျောက်တံတားမြို့နယ် လမ်း၄၀ အနော်ရထားလမ်းထိပ်တွင် အိမ်ခြေမဲ့အမျိုးသား၁ဦးလဲကျသေဆုံးလျက်တွေ့ရှိခဲ့၍ လင်းလက်လူမှုကူညီရေးအသင်းက ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ထို့အတူ ယနေ့နံနက် ၁၀ နာရီဝန်းကျင်အချိန်ကသာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီး၊ မြေနီမှတ်တိုင်အနီး အိမ်ခြေမဲ့ အလောင်းတစ်လောင်း တွေ့ရှိကြောင်း အကြင်နာကုသိုလ်လူမှုကူညီရေးအသင်းကသိရသည်။
" ဒီနားတဝိုက် မှာ အမြဲတွေ့နေကျပဲ၊ ဟိုသွားလိုက် ဒီသွားလိုက်နဲ့ အကောင်းကြီးပါ။ ဒီမနက် ရေအိုးစဉ်မှာရေသောက်ရင်းလဲကျသွားတာကနေ အသက်ပါသွားတာပါ"ဟုအဆိုပါလူမှုကူညီရေးအသင်းကသိရသည်။
သေဆုံးသူ၂ဦးလုံးမှာအိမ်ခြေမဲ့ဖြစ်သောကြောင့် ပိုင်ရှင်မဲ့အလောင်းများကိုမြို့နယ်လူမှုကူညီရေးအသင်းများမှ ရန်ကုန်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။
Yangon_Times/BM
#Local_News
#YMG #Yangon_Times
ဒီဂျစ်တယ်ငွေပေးချေမှု သိသိသာသာမြင့်တက်လာသည့်အတွက် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ အသိပညာပေးမှု လိုအပ်လာ
ပထမဆုရရှိတဲ့ ဗီဒီယိုဖိုင်ကို ဘရူနိုင်းနိုင်ငံမှာ ကျင်းပမယ့် ASEAN-JAPAN Cyber Security Awareness Video Competition-2023 ပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြုပေးပို့မည်
Yangon_Times/my
#Local_News
#Published_ 13 July 2023
#YMG #Yangon_Times
Page 867 of 1903