Published_3 Jun 2024
နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်အောင်ပြုလုပ်နေသူ ၁၄ ဦးအားဖမ်းဆီးထားပြီး နောက်ကွယ်က ဆောင် ရွက်လျက်ရှိသူ ၁၁ ဦး ကို ခေါ်ယူစစ်ဆေးနိုင်ရေးဆောင်ရွက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်သွားကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ဇွန်လ ၃ ရက်တွင် ထုတ်ပြန် လိုက်သည်။
ဝိသမလောဘသားများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို အနှောင့်အယှက်အဟန့် အတား ဖြစ်စေရန် ရည်ရွယ်၍ ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်စေရန် လူမှုကွန်ရက်မီဒီယာများမှ တစ်ဆင့် ဝါဒဖြန့်ချိ ဈေးကစားခြင်း၊ ထို့အပြင် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ် ပေးခွင့်လိုင်စင်ရှိသည့် Money Changer အချို့သည်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စည်မျဉ်းသတ်မှတ်ချက်များကိုချိုးဖောက်၍ နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကစားပြီး နိုင်ငံ့စီးပွားရေး မငြိမ်မသက်ဖြစ်စေရန်ဆောင်ရွက်လျက်ရှိကြောင်း သ တင်းရ ရှိသည့်အတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများမှ အထက်ပါအတိုင်း ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်အောင်ဆောင်ရွက်လျက်ရှိသည့် တရား မဝင် နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်နေသူများနှင့် ပွဲစားများအပါအဝင် ၁၄ ဦး အား ဖော်ထုတ်ဖမ်းဆီးစစ်ဆေး လျက် ရှိကြောင်း ၊၎င်းတို့ကို စစ်ဆေးဖော်ထုတ်ချက်များအရ နောက် ကွယ်မှ ဆောင်ရွက်လျက်ရှိသည့် ၁၁ ဦး အား ဥပဒေနှင့်အညီ ခေါ်ယူစစ်ဆေးနိုင်ရေးဆောင်ရွက်ခဲ့ရာ ၎င်းတို့ က ဖမ်းဆီးခြင်းမခံရစေရန် ထွက်ပြေးတိမ်း ရှောင်လျက်ရှိ ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
ယခုအခါ ဖမ်းဆီးရမိ သူ ၁၄ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ထွက် ပြေးတိမ်းရှောင်လျက်ရှိသည့် ၁၁ ဦးကို လည်း ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းတို့ကို သိရှိပါက သက်ဆိုင်ရာ လုံခြုံ ရေး အဖွဲ့အစည်းများထံ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ကြောင်းနှင့် လက်ခံထားသူများ ကို လည်း တရားဥပဒေ အရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက သတင်းထုတ် ပြန်ရေး က ထုတ်ပြန်ထား သည်။
Yangon_Times/PP
#Local_News
#Published_03 June 2024
#YMG #Yangon_Times #Yangon_Media_Group