Published_ 28 July 2023
တရားမဝင် ကုန်သွယ်မှုများအနေဖြင့် ရှောင်ကွင်းလမ်းများ အသုံးပြု သယ်ဆောင်မှုများရှိသကဲ့သို့ တရားဝင် ကုန်သွယ်မှုလမ်းကြောင်းအတိုင်း စစ်ဆေးရေး ဂိတ်များ၊ လုံခြုံရေးဂိတ်များကို ငွေပေးပြီး ဖြတ်သန်းနေမှုများ လည်း ရှိနေကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။
ဇူလိုင်လ ၂၇ ရက်ကပြုလုပ်ခဲ့သော တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ အစည်းအဝေးအတွင်း ယင်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းကို ဖမ်းဆီးရမိ စစ်ကြောချက်များအရ သိရှိရသောကြောင့် အထူးအဖွဲ့ဥက္ကဋ္ဌများနှင့် OSS ဌာနဆိုင်ရာ စစ်ဆေးရေးဂိတ်၊ လုံခြုံရေးဂိတ်များတွင်လာဘ်ပေးလာဘ်ယူမှုများမရှိအောင် ကြပ်ကြပ် မတ်မတ် ဆောင်ရွက်ကြရန် နှင့် စစ်ဆေးဖော်ထုတ်တွေ့ရှိခဲ့ပါက သက်ဆိုင်ရာ တာဝန်ကျ ဝန်ထမ်းများအပြင် တာဝန်ရှိသူအဆင့်ဆင့်ကိုပါ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းတွင် သယံဇာတများကို တရားမဝင် တူးဖော်သည့် ခန့်မှန်းတန်ဖိုး ကျပ်(၄ ဒသမ ၅၃၁)ဘီလီယံရှိ ဘက်ဟိုးယန္တရား(၅၇)စီး ဖမ်းဆီးနိုင်ခဲ့ ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ တရားမဝင်သစ်မျိုးစုံ အမှုတွဲ(၁၄၆၂ )မှု၊ ခန့်မှန်းတန်ဖိုး ကျပ် (၄ ဒသမ ၄၂၁) ဘီလီယံ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိမှု စုစုပေါင်း၏(၃ ဒသမ ၄၈) ရာခိုင်နှုန်း ဖြစ်ကြောင်း၊ သို့သော် နိုင်ငံအတွင်း သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်နေမှု များသည် ရှိနေဆဲပင်ဖြစ်သောကြောင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များ အနေဖြင့် နိုင်ငံ၏ သယံဇာတပစ္စည်းများ တရားမဝင် ထုတ်လုပ်မှုကိုလည်း ထိထိရောက်ရောက် တားဆီး၊ စစ်ဆေးအရေးယူကြရန် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
#Daily_News
Published_ 27 July 2023
၁။ စားအုန်းဆီဈေး နောက်နှစ်ပတ်လောက်နေမှ ဈေးပြန်တည်ငြိမ်မည်၊ဈေးမကွာတော့၍ ပြည်တွင်းဆီဈေးကွက်ပိုရလာ
၂။ အခြေခံစားကုန်နှင့်သွင်းကုန်ပစ္စည်းများ ဈေးတက်နေသဖြင့် စားသောက်ဆိုင်လုပ်ငန်းများ အခက်ကြုံနေ
၃။ ရခိုင်ပြည်နယ်ရှိ မြို့နယ် (၇) မြို့နယ်အတွင်း မိသားစုဝင်တစ်သောင်းကျော်အတွက် စပါးမျိုးစေ့များ ICRC က ပေးဝေ
၄။အွန်လိုင်းတွင် ဗီဒီယိုတင်ရင်း နာမည်ကျော်ကြားလာပြီးနောက် လော့စ်အိန်ဂျလိစ်၌ စားသောက်ဆိုင်ဖွင့်နိုင်ခဲ့သည့် ဗီယက်နမ်စားဖိုမှူး .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 27 July 2023
လူကယ်ပြန်ဝန်ကြီးဌာနက အများပြည်သူထံတောင်ရမ်းစားသောက်ခြင်းအတွက် လိုင်စင် လျောက်ထားရမည်ဆိုသော ထုတ်ပြန်ချက်မှာ အတုတစ်ခုသာဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါ ထုတ်ပြန်ချက်အတုတွင် တောင်းရမ်းစားသောက်သူများအနေဖြင့် လူကယ်ပြန်ဝန်ကြီး ဌာန၌ လိုင်စင် ပုံစံ (က)၊ ပုံစံ(ခ)၊ ပုံစံ(ဂ)နှင့် ပုံစံ-အထူးတို့ကို တောင်းရမ်းစားသောက်သည့် လုပ်ငန်းအပေါ်မူတည်၍ လျောက်ထားရမည်ဟု ဖော်ပြပါရှိသည်။
ယင်းထုတ်ပြန်ချက်အား ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်က အမိန့်ကြော်ငြာစာအမှတ် (၃၇/ ၂၀၂၃) အရ ဇူလိုင်(၂၃ )ရက်တွင် ထုတ်ပြန် သည်ဟု ဖော်ပြထားသည်။
ထုတ်ပြန်ချက်အတုတွင် တောင်းရမ်းစားသောက်သည့် အမျိုးအစား (၇)မျိုး ထည့်သွင်းဖော်ပြထားပြီး၊ စေတီပုထိုးများတွင်တောင်းရမ်းစားသောက်သူ၊ ဘတ်စ်ကားဂိတ်များတွင် တောင်းရမ်းသူ၊ လမ်သွားလမ်းလာများတွင် တောင်းရမ်းသူ၊ လမ်းဆုံလမ်းခွများ မီးပွိုင်များတွင် တောင်းရမ်းသူ၊ ပွဲလမ်းသဘင်များတွင် တောင်းရမ်းသူ၊ ဈေးဝယ်စင်တာများတွင်တောင်းရမ်းသူနှင့် လူကူးကုန်ကျော်တံတားများတွင် တောင်းရမ်းသူဟူ၍ အမျိုးအစားခွဲခြားဖော်ပြထားသည်။
“ ဒါက နစက ကို သက်သက် ဂုဏ်သိက္ခာ ညိုးနွမ်းအောင် ရည်ရွယ်ချက်ရှိရှိကို လုပ်နေတဲ့ လုပ်ရပ်ဖြစ်နေတယ်။
ထုတ်ပြန်ချက်မှာ အကြောင်းအရာဘဲ ပြောင်းသွားတာ စာအမှတ်ကမပြောင်းသွားဘူး။
အကြောင်းအရာတွေက ဖြစ်သင့်လား၊ မဖြစ်သင့်လားဆိုတာတော့ လူတိုင်း စဉ်းစားချင့်ချိန်သင့်တယ်လေ။
ဟိုရက်ကလည်း ဗေဒင်ဟောတဲ့ သူတွေ လိုင်စင် လုပ်ရမယ်ဆိုတာ ထွက်လာသေးတယ်။ အဲ့ဒီမှာလည်း စာအမှတ်က ၃၇/၂၀၂၃ ဘဲ။
ဒါတွေကို ကြည့်တာနဲ့ အတုလား အစစ်လား ခွဲခြားလို့ ရပါတယ်” ဟု ရန်ကုန်မြို့ခံတစ်ဉီးက Yangon Times ကို ပြောသည်။
ပြီးခဲ့သော ဇူလိုင် (၂၃) ရက်ကလည်း ဗေဒင်နှင့် အကြားအမြင်ဟောတမ်းထုတ်သူများ လိုင်စင်လျောက်ထားရမည်ဆိုသော ထုတ်ပြန်ချက်ကို လူမှုကွန်ရက်စာမျက်နှာတွင် သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်သယောင် မျှဝေခဲ့သေးသည်။
ယင်းအပေါ် ပြည်တွင်းသတင်းမီဒီယာတစ်ခုက သာသနာရေးဝန်ကြီးဌာနအား မေးမြန်းရာတွင် သတင်းအမှားသာဖြစ်ကြောင်း တုန့်ပြန်ဖြေကြားထားသည်။
Yangon Times/my
#Local_News
#YMG #Yangon_Times
Published_ 27 July 2023
ဂျပန်နိုင်ငံ၊ Ministry of Education, Culture, Sports, Science and Technology of Japan (Monbukagakusho: MEXT) မှ “Young Leaders’ Program (YLP)” အစီအစဉ်ဖြင့် Master of Business Administration Course နှင့် Master of Law Course ပညာသင်ဆု အစီအစဉ်ကိုလျှောက်ထားနိုင်ကြောင်း ကုန်သည်စက် မှုအသင်းချုပ်မှ သိရသည်။
အနာဂတ်ခေါင်းဆောင်များ မွေးထုတ်ပေးရန်နှင့် ဂျပန်နှင့်အာရှနိုင်ငံများအကြား မူဝါဒရေးရာ စီစဉ်ဆောင်ရွက်မှု အရည်အသွေးများ တိုးတက်ပြီး ချစ်ခင်ရင်းနှီးမှု ပိုမိုခိုင်မြဲလာစေရန်နှင့် ဂျပန်နိုင်ငံအကြောင်း ပိုမိုသိရှိနားလည်စေရန် ဖြစ်ပါသည်။ ပညာသင်ဆုရရှိပါက Monthly Allowance, Education Fees နှင့် Travelling Cost တို့ကို ပညာသင်ဆုအစီအစဉ်မှ ခံစားခွင့်ရရှိမည်ဖြစ်သည်။
ပညာသင်ဆုများသို့ ပူးတွဲပါ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသော ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်များ (သို့) ဝန်ထမ်းများ၊ အသင်းချုပ် အသင်းဝင် ကုမ္ပဏီများ၏ ဒါရိုက်တာ အဖွဲ့ဝင်များ (သို့) ဝန်ထမ်းများ လျှောက်ထားနိုင်သည်ဟု သိရသည်။
လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် အထောက်အထားများ၊ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်(သို့)ဝန်ထမ်း၊ အသင်းချုပ် အသင်းဝင်ကုမ္ပဏီများမှ ဒါရိုက်တာအဖွဲ့ဝင် (သို့)ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာ၊ Passport မိတ္တူ၊ UMFCCI အသင်းဝင်ကဒ် (အနည်းဆုံးသက်တမ်း ၁နှစ်)ရှိ မိတ္တူ၊ ပညာသင်ဆု လျှောက်လွှာမူရင်းနှင့် မိတ္တူ(၁)စုံ ပူးတွဲလျက် ဩဂုတ်လ(၁၆)ရက်နေ့(ဗုဒ္ဓဟူးနေ့) နောက်ဆုံးထားပြီး အသင်းချုပ် HRD ဌာနသို့ လာရောက်လျှောက်ထားနိုင်ပြီး ဖော်ပြပါ Link: https://shorturl.at/nvCT6 တွင်လည်း အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်သည်ဟု သိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times
ကရင်ပြည်နယ်အပါအဝင် ပြည်နယ်လေးခုအား အရေးပေါ်အခြေအနေသတ် မှတ်၍ အကူအညီများပေးနေဟု UNHCR ထုတ်ပြန်
နိုင်ငံတစ်ဝန်းရှိ ပဋိပက္ခဖြစ်ပွားမှုတွေကြောင့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီလိုအပ်ချက်ဟာ မြင့်တက်နေ
Yangon_Times/my
#Local_News
#Published_ 27 July 2023
#YMG #Yangon_Times
ဟိုပင်ရှိ မြေနိမ့်ပိုင်း နေအိမ်အချို့ရေနစ်မြုပ်
‘တောင်ကျချောင်းရေလျှံတဲ့အတွက် မြေနိမ့်ပိုင်းရှိ နေအိမ်တွေကိုရေတွေဝင်ရောက်ပြီး လည်ပင်းလောက် အထိနစ်မြုပ်ခံတဲ့အတွက် ဟိုပင်နယ်မြေမီးသတ်အဖွဲတွေ၊ လူမှုကူညီရေးအဖွဲ့တွေက ကူညီပြီးတော့ ပြောင်းရွေ့ပေးခဲ့ရတယ်’ လူမှုကူညီရေးအဖွဲ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 27 July 2023
#YMG #Yangon_Times
Published_ 27 July 2023
မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများကြောင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းရရှိမှုများ ဖန်တီးပေးနိုင်ခဲ့ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ မှသိရသည်။
ယင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ ဇူလိုင် (၂၆)ရက် နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်တွင်းလုပ်ငန်းရှင်တစ်ဦး၏ ရင်းနှီးမြှပ်နှံမှု မတည်ငွေပမာဏ ကျပ် ၅၉၇၀ ဒဿမ ၂၃၉ သန်းဖြစ်သည့် ဟိုတယ်တစ်ခုကိုခွင့်ပြုပေးခဲ့ရာ၊ လုပ်သားပေါင်း ၆၁၇ ဦးကို အလုပ်အကိုင် ရရှိခဲ့ကြောင်း သိရသည်။
အလားတူ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၁,၈၀၂) ဦး တိုးမြှင့်ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၁)ခု အပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၅)ခု၏ တင်ပြချက်များကို တိုင်းဒေသကြီးအစိုးရ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌတို့ ဆက်လက် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
Yangon Times/my
#Local_News
#Published_ 27 July 2023
#YMG #Yangon_Times
Page 841 of 1904