#Local_News
Published_ 22 June 2024

▪️ ဓာတ်အားလိုင်းနှင့်မလွတ်သည့် သစ်ပင်သစ်ကိုင်း ရှင်းလင်းမည်ဖြစ်၍ မြို့နယ်(၃)ခုမနက်ဖြန်ဇွန်လ (၂၃)ရက်၌ လျှပ်စစ်မီးယာယီပြတ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)၏ ထုတ်ပြန်ချက်အရသိရသည်။

 

▪️ ထုတ်ပြန်ချက်တွင်ရန်ကုန်အရှေ့ပိုင်းခရိုင်၊ 230 kV သာကေတဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးထားသော 66kV သာကေတ - ပုသိမ်ညွန့် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းကို မြို့နယ်စုဖွဲ့အင်အားဖြင့် (၂၃.၆.၂၀၂၄)ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၄:၀၀)နာရီ အချိန်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်ဟုဆိုသည်။

 

▪️ အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း သာကေတမြို့ နယ်၊ တာမွေမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့၏ ရပ်ကွက်နေရာ အချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာလျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့လေးစားစွာ အသိပေးပန်ကြားအပ်‌ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။

 

#tthl #Yangon_Times