Published 12 January 2023
ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ အိန္နြာ(၁၁)လမ်းရှိ နေအိမ် တစ်အိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဘေးအိမ်ရှိ EVကားတစ်စီးပါ လောင်ကျွမ်း သည့်အထဲပါသွားကြောင်း ဒေသခံများထံမှသိရသည်။
ယနေ့ ဇန်နဝါရီ (၁၂)ရက် နံနက် (၉) နာရီ (၁၅)မိနစ် အချိန်ခန့်ကမြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ အိန္နြာ(၁၁)လမ်းရှိ နေအိမ် တစ်အိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာမီးစတင်လောင်ကျွမ်းသည့်အိမ်မှမီးသည် EVကားရှိသည့် ဘေးအိမ်ဘက်သို့ကူးစက်လောင်ကျွမ်းခဲ့ရာ မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
အဆိုပါ မီးလောင်မှု သတင်းအရ မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း ၊ထိုသို့ ငြှိမ်းသတ်ခဲ့ရာ နံနက် (၉)နာရီ (၂၈)မိနစ်အချိန်တွင် မီးထိန်းနိုင်ပြီး နံနက် (၉)နာရီခွဲတွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ် အသေးစိတ်ကို မီးသတ်တပ်ဖွဲ့ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 12 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 12 January 2024
လာမည့် ပြည်ထောင်စုနေ့တွင်ကျင်းပမည့် မြန်မာ့ရိုးရာနှင့် နိုင်ငံတကာမြင်းစီးအား ကစားပြိုင်ပွဲအတွက်စည်းကမ်းချက်များကို မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။
"(၇၇) ကြိမ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့်ပြည်နယ်များ ပြည်ထောင်စုတံခွန် စိုက်ဖလား မြန်မာ့ရိုးရာနှင့် နိုင်ငံတကာမြင်းစီးအား ကစားပြိုင်ပွဲ”ကြီးကိုဖေဖော်ဝါရီ၅ရက်မှ ၁၂ရက်အတွင်း ရန်ကုန်မြို့မြောက်ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၌ ကျင်းပသွားမည်ဖြစ်ရာ ယင်းပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်သူများအတွက် စည်းကမ်းချက်များထုတ်ပြန်ခြင်းဖြစ်သည်။
အဆိုပါစည်းကမ်းချက်များတွင် မြန်မာ့ရိုးရာဒုန်း ပြိုင်ပွဲအမျိုးအစား တစ်မျိုးမျိုးတွင် ပါဝင် ယှဉ်ပြိုင်သော မြင်းအား အခြားမည်သည့် ပြိုင်ပွဲအမျိုးအစားတွင်မျှ ထပ်မံယှဉ်ပြိုင်ခွင့်မပြုကြောင်း၊အခြားသောပြိုင်ပွဲအမျိုးအစား (ဥပမာ - အသား ကျ၊ စက်ထိုး၊ ဓါးရေး) တစ်ခုခုတွင် ပါဝင်သော ပြိုင်ပွဲဝင်မြင်း တကောင်အား နောက်ထပ် အခြားပြိုင်ပွဲ အ မျိုးအစား (၂) မျိုး စုစုပေါင်း (၃)မျိုးအထိ ယှဉ်ပြိုင်ခွင့်ပြုကြောင်း၊သို့သော် ပြိုင်ပွဲ တစ်ကြိမ်နှင့် တစ်ကြိမ်အကြား အဖွဲ့ ချုပ် တိ/ကုဆေးအဖွဲ့က စစ်ဆေးပြီး ခွင့်ပြုမှသာ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်။
Show Jumping ( တန်းခုန်ပြိုင်ပွဲ )၌ပါဝင်ယှဉ်ပြိုင် သောမြင်းကို Dressage ပြိုင်ပွဲမှလွဲ၍ အခြားမည်သည့် ပြိုင်ပွဲအမျိုးအစားတွင်မျှ ယှဉ်ပြိုင်ခွင့်မပြုပါကြောင်း၊ကနဦး ပြိုင်ပွဲတစ်မျိုးတွင် မတူသောအသင်းများက အနည်းဆုံး ပြိုင်ပွဲဝင် အတွဲ (၄) တွဲရှိမှသာလျှင် ပြိုင်ပွဲဖြစ်မည်ဖြစ်ပြီး (ဥပမာ - အသားကျပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ရန် စာရင်းသွင်းသော အတွဲ (၄)တွဲသာရှိပြီး (၄)တွဲစလုံးသည် ပဲခူးတိုင်းဒေသကြီးမှ ဖြစ်ပါက ပြိုင်ပွဲမဖြစ်ကြောင်း၊ အလားတူ မတူသောအသင်းများမှ ပြိုင်ပွဲဝင် အတွဲ (၃)တွဲသာ ရှိလျင်လည်း ပြိုင်ပွဲ မဖြစ်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 12 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
၁၂ ဇန်နဝါရီ ၂၀၂၄
-မြောက်ပိုင်းသုံးဖွဲ့နှင့် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုရရှိခဲ့ကြောင်း
_ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာစေရေး မြောက်ပိုင်းသုံးဖွဲ့နှင့် ဆက်လက်ဆွေးနွေးမှုတွေလုပ်ဆောင်သွားမည်ဖြစ်ကြောင်း
-နယ်စပ်ကုန်သွယ်ရေးဂိတ်များပြန်လည်ဖွင့်လှစ်နိုင်ရေး တရုတ်-မြန်မာနှစ်နိုင်ငံဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြားချက်များကို ဖော်ပြပေးအပ်ပါတယ်။
ငွေကြေးလိမ်လည်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ သရုပ်ဆောင်အကယ်ဒမီမိုမိုမြင့်အောင်တို့ ဇနီးမောင်နှံက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့ ရုံးချိန်းကို မလာဘဲ ဆေးခွင့်တိုင်တယ်လို့ သိရပါတယ်။ မနေ့က ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တရားလို ဖြစ်တဲ့ ငွေကျပ်သိန်း ၅၀၀၀ ထုတ်ချေးပေးခဲ့သူ ဦးစိုးလှိုင်ကို သရုပ်ဆောင်အကယ်ဒမီမိုမိုမြင့်အောင်ရဲ့ ခင်ပွန်း ဦးမောင်မောင်ကျော်က ဖုန်းဆက်လာပြီးတော့ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ငွေပေးချေမယ့်အကြောင်း ဖုန်းနဲ့ ပြောလာသေးတယ်လို့ တရားလို ဦးစိုးလှိုင်က အခုလို ပြောပါတယ်။
Yangon Times/PP
#Local_News
#Published_ 12 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
" အကယ်ဒမီပွဲတက်မယ့် အကယ်ဒမီဆုရှင် တွေကို ရွှေစင်ရုပ်တု ရွှေရင်ထိုးများ ပေးအပ်မယ်။ မနှစ်က (၁၂၀)ကျော် အကယ်ဒမီပေးပွဲတက်ရောက်ခဲ့ကြောင်းနဲ့ အခုနှစ်မှာတော့ ဖိတ်စာတွေဖိတ်ထားပြီဖြစ်တယ်" ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ရေး စီစစ်အကဲဖြတ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ထပ်ဆင့်အကယ်ဒမီ ဦးဇော်မြင့်ဦး
Yangon Times/tthl
#Local_News
#Published_ 12 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
၁၂ ဇန်နဝါရီ ၂၀၂၄
မြန်မာတပ်မတော်နှင့် မြန်မာပြည်မြောက်ပိုင်းမှ လက်နက်ကိုင်အဖွဲ့များ အပစ်အခတ်ချက်ခြင်းရပ်စဲရန် သဘောတူညီချက် ရရှိခဲ့ကြပြီဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရရှိသူ မောင်နင်းက ယနေ့ ဇန်နဝါရီ ၁၂ ရက်က အတည်ပြုပြောဆိုပါတယ်။
တရုတ်နိုင်ငံ ဘေဂျင်းတွင်ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တစ်ဦးရဲ့ အမေးအပေါ် ပြောရေးဆိုခွင့်ရသူ မောင်နင်းက ယင်းကဲ့သို့အတည်ပြုပြောကြားခဲ့ခြင်းဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့မှာဇန်နဝါရီ ၁၀ရက်မှ ၁၁ရက်အထိ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုဖြင့် ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်(၃)ဖွဲ့ဖြစ်တဲ့ MNDAA၊TNLA နှင့် AA တို့ရဲ့ ကိုယ်စားလှယ်များအကြား တရားဝင်အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိခဲ့ကြတာဖြစ်တယ်လို့ မောင်နင်းကပြောပါတယ်။
နှစ်ဘက်ဟာ ချက်ခြင်းအပစ်အခတ်ရပ်စဲဖို့နှင့် တိုက်ပွဲတွေရပ်တန့်ဖို့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာညှိနှိုင်းဖြေရှင်းကြဖို့ သဘောတူခဲ့ကြတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲဒီအပြင် နယ်စပ်မှာနေထိုင်ကြတဲ့တရုတ်နိုင်ငံသားတွေ၊တရုတ်စီမံကိန်းတွေနှင့် မြန်မာနိုင်ငံအတွင်းက တရုတ်နိုင်ငံသားတွေကို အန္တရာယ်မဖြစ်စေဖို့ နှစ်ဘက်လုံးက ကတိပြုခဲ့ကြတဲ့အပြင် အပစ်အခတ်ရပ်ရေးသဘောတူညီချက် နှင့်အခြားအရေးကိစ္စတွေကိုလည်း ညိနှိုင်းတိုင်ပင်ခဲ့ကြတယ်လို မောင်နင်းက ဆက်လက်ပြောဆိုပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းမှာအပစ်အခတ်ရပ်ရေးနှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုအရှိန်အဟုန်ကိုဆက်လက်ထိန်းသိမ်းခြင်းဟာ မြန်မာနိုင်ငံမှာရှိတဲ့အဖွဲ့အားလုံးရဲ့အကျိုးစီးပွားဖြစ်တယ်လို့သူမကပြောပါတယ်။ တရုတ်-မြန်မာနယ်စပ်ဒေသမှာ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးထိန်းသိမ်းရာလည်းရောက်တယ်လို့သူမကပြောပါတယ်။
သဘောတူညီမှုရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်တဲ့အဖွဲ့တွေက စိတ်ထက်သန်စွာနှင့် အကောင်အထည်ဖော်ကာ တစ်ဖက်နှင့်တစ်ဖက် အစွမ်းကုန်သည်းခံကြပြီး ပြဿနာတွေကို ငြိမ်းချမ်းစွာစေ့စပ်ဆွေးနွေးခြင်းဖြင့်ဖြေရှင်းလျက် မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးတိုးတက်မှုကို အတူတကွမြှင့်တင်ကြလိမ့်မယ်လို့ တရုတ်နိုင်ငံက ယုံကြည်မျှော်လင့်တယ်လို့လည်း မောနင်းကပြောပါတယ်။
တရုတ်နိုင်ငံအနေနှင့်လည်း ယခုကိစ္စတွေမှာ တတ်စွမ်းသမျှကူညီပံ့ပို့းမှုတွေပြုလုပ်ပေးသွားမှာဖြစ်ပြီး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေပါဝင်သွားမယ်လို့လည်း သူမကပြောဆိုတဲ့အကြောင်းသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
-ymg/knl
Published 12 January 2024
ချင်းပြည်နယ် ဂန့်ဂေါမြို့တွင် အင်အားအသင့်တင့်ရှိသည့် မြေငလျင် လှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန က ထုတ်ပြန်ထားသည်။
ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၂၃)မိနစ်၊ (၂၀)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့ဘက် (၂၈) မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (ဂန့်ဂေါမြို့၏ မြောက်-အနောက်မြောက်ဘက် (၃၄)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၆၇) ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၄.၀၄) ဒီဂရီ၊ အနက် (၇၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 12 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Page 745 of 2116