Published_ 10 January 2024
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်ခုနစ်ထပ်ဆောင် တည်ဆောက်ရေး လုပ်ငန်း များကို ၂၀၁၈ ခုနှစ် မေ ၂၇ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါအချောသပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မကြာမီဖွင့်လှစ်နိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါခုနစ်ထပ်ဆောင်သစ်ကြီးသည် ခုတင်(၄၀၀)ဆံ့ ဖြစ်ကာ ပြီးစီးသွားပါက ရန်ကုန်တိုင်းဒေသကြီးမှသာမက အနယ်နယ်အရပ်ရပ်မှ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အကုန်အကျသက်သာစွာ ဝန်ဆောင်မှုပေးနိုင်မှာ ဖြစ်ပါတယ်။
ခုနစ်ထပ်ဆောင်သစ်တွင် ဓာတ်မှန်ခန်းခြောက်ခန်းနှင့် ကွန်ပျူတာဓာတ်မှန်ခန်း နှစ်ခန်း၊ ဓာတ်ခွဲခန်းများ၊ ဖျားနာကုသဆောင်များ၊ သွေးရောဂါကုသဆောင်များ၊ ရိုးတွင်းခြင်ဆီအစားထိုးကုသဆောင်များ၊ အမျိုးသား အမျိုးသမီးလူနာ ဆောင်များ၊ သီးသန့်လူနာခန်းများ၊ တာဝန်ကျဆရာဝန်၊ ဆရာမများ၊ သူနာပြုများနားနေခန်းများနှင့် အခြားအထွေထွေရောဂါကုသသည့် အဆောင်များပါဝင်မှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၈ ရက်က အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ(၁)မှ တာဝန်ယူတည်ဆောက် လျက်ရှိသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်ခုနစ်ထပ်ဆောင် ဆောက်လုပ်ရေး လုပ်ငန်းခွင်သို သွားရောက်ကြည့်ရှုစစ်ဆေးကြပါတယ်။
ဆေးရုံတည်ဆောက်မှုကို ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပါမောက္ခချုပ် (ဆေးရုံအုပ်ကြီး) ဒေါက်တာသီတာလှနှင့် တာဝန်ရှိသူများက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်ခုနစ်ထပ်ဆောင် အချောသပ်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မကြာမီပြီးစီးတော့မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များမှာကြားပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။
Ymg_mnn
#Local_News
#Published_ 10 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 10 January 2024
ခရီးသွား ဧည့်သည်များ ဦးစားပေးလည်ပတ်သင့်သည့် ခရီးစဉ်ဒေသ (၁၄) ခုတွင်ပါဝင်သည့် ရှမ်းပြည်န
ယ်သို့ ၂၀၂၃ခုနှစ်ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ကာလတူထက် ပိုမိုဝင်ရောက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ရှမ်းပြည်နယ်)မှ သိရသည်။
ရှမ်းပြည်နယ်သို့ ၂၀၂၃ခုနှစ်အတွင်းပြည်တွင်းခရီးသွားဧည့်သည် (၁၄)သိန်းနှင့် ပြည်ပခရီးသွားဧည့်သည် (၆)သောင်းဝန်းကျင် စုစုပေါင်း ခရီးသွားဧည့်သည် (၁၅)သိန်းနီးပါး ဝင်ရောက်ခဲ့ပြီး ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခရီးသွားဧည့်သည်အများစုသည် ကလော၊ အောင်ပန်း၊ပင်းတယ၊ ရွာငံ၊ တောင်ကြီး၊ အင်းလေးအပါဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံနှင့် တာချီလိတ်သို့ သွားရောက်လည်ပတ်ကြပြီး ရှမ်းပြည်နယ်တွင် လိုင်စင်ရဟိုတယ်စုစုပေါင်း ၄၅၀ ကျော်ရှိပြီး ၃၃၇ လုံးဖွင့်လှစ်ထားကာ အခန်းပေါင်း ၁၆၀၀၀ ကျော်ရှိကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 10 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published_ 10 January 2024
ရွှေတောင်လုပ်ငန်းစု၏အမည်နာမ၊ အမည်အမှတ်အသား၊အမှတ်တံဆိပ်ကိုအသုံးပြုပြီး အွန်လိုင်းမှ ငွေကြေးလိမ်လည်နေသဖြင့်သတိပြုရန် ရွှေတောင်လုပ်ငန်းစုမှအသိပေးကြေညာချက်ထုတ်ပြန်လိုက်သည်။
ဆောက်လုပ်ရေးလုပ်ငန်းများနှင့်အိမ်ခြံမြေလုပ်ငန်းများသာ အဓိကထားဆောင်ရွက်နေသည့် လုပ်ငန်းစုဖြစ်ပြီး ရွှေတောင်လုပ်ငန်းစု၏နာမည်၊အမှတ်တံဆိပ်ကိုအသုံးပြုကာ အွန်လိုင်းငွေကြေးထည့်ဝင်ရန်ဖိတ်ခေါ်ခြင်း၊ အွန်လိုင်းဒစ်ဂျစ်တယ်ဈေးကွက် ရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းများကိုပါဝင်လုပ်ကိုင်ရန် အွန်လိုင်းမှ တစ်ဆင့်ဆက်သွယ်ဆောင်ရွက်နေကြောင်းသိရသည့်အတွက် အများပြည်သူများအနေဖြင့် သတိပြုကြရန် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် တရားဝင် အသိပေးချက်ထုတ်ပြန်ထားကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 10 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 10 January 2024
ကိုရီးယားသို့ EPSစနစ်ဖြင့် လုပ်သား ၁၅၀ကျော် ယနေ့စေလွတ်လိုက်ကြောင်း မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သိရသည်။
အဆိုပါ ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်သော ကုန်ထုတ်လုပ်သားသစ် ၁၅၁ ဦးသည် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်းသိရသည်။
ထိုသို့ရောက်ရှိလာသော အလုပ်သမားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 10 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
ရှမ်းပြည်နယ်က ထွက်ရှိတဲ့ အချို့ကုန်စိမ်းသီးနှံတွေဟာ ရန်ကုန်ဈေးကွက်မှာ အရောင်းဝယ်အေးနေတဲ့အတွက် ပွဲရုံ တွေက မှာယူတာ လျော့နည်းလာတယ်လို့ ကုန်သည်တွေထံ ကသိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 10 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
‘‘ကောင်းကင်ရဲ့ဂြိုဟ်တွေသွားလာမှုအရနဲ့ မြန်မာပြည်ရဲ့ လွတ်လပ်ရေးဇာတာအရ၂၀၂၄ခုနှစ် မတ်လကုန်မှာ ပိုကောင်းလာဖို့ရှိပြီး ပညာနဲ့အသိပညာနဲ့ ဆုံးဖြတ်သွားဖို့ရှိတယ်။ စီးပွားရေးဆိုင်ရာမှာလည်း လုပ်ငန်းလုပ်ကိုင်သူတွေထဲမှာ ပညာတကယ်တတ်တဲ့ ပညာရှင်တွေပါဝင်လာပြီး စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာနိုင်တယ်” မြန်မာနိုင်ငံနက္ခတ်ပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ပါရဂူဒေါက်တာကြည်ကြည်စိန်
Yangon Times/tthl
#Local_News
#Published_ 10 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 10 January 2024
မန္တလေးမြို့၌ တစ်ရက်ထဲ မီးနှစ်နေရာ တစ်ပြိုင်နက်လောင်ကျွမ်းပြီး လူတစ်ဦး ေ-သဆုံး ခဲ့ကြောင်း ဒေသခံများနှင့်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်များမှာ ဇန်နဝါရီ ၁၀ရက်နေ့၊ မနက် ၁နာရီ ၁၅မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၊မြို့သစ် (၅)ရပ်ကွက်၊ (၁၁၁/၁၁၂)ကြား၊ (၆၈) လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်တစ်လုံးလောင်ကျွမ်းခဲ့ရာ သက်ကြီးပိုင်းအမျိုးသားတစဦး မီးလောင် ေ-သဆုံးခဲ့ကြောင်းနှင့် 11လမ်း 88လမ်း၌လည်း သစ်စက်မှ သစ်ပုံမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
' မီးကတစ်ပြိုင်နက် နှစ်နေရာလောင်တာ ၆၈လမ်းကတော့ လူတစ်ဦး ေ-သဆုံးပါတယ်၊ သစ်စက်ကတော့ သစ်ပုံလောင်တာပါ။ 'ဟု ဒေသခံတစ်ဦးကပြောသည်။
ထို့ အပြင် (၁၁၁/၁၁၂)ကြား၊ (၆၈) လမ်းတွင်ဖြစ်ပွားခဲ့သည့် မီးလောင်မှုအတွက် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မီးသတ်စခန်းများမှ အုပ်ချုပ်မှု ယာဉ် (၂)စီး၊ မီးငြှိမ်းသတ်ယာဉ် (၁၀)စီး၊ မီးသတ်ရေသယ်ရေယာဉ်(၉)စီး၊ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁ နာရီ ၅၈ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်းနှင့်11 လမ်း 88 လမ်း၌လည်း သစ်စက်မှ သစ်ပုံမီးလောင်မှုကိုလည်း နယ်မြေခံယာဉ်များ ထွက်ခွာငြိမ်းသတ်ခဲ့ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 10 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Page 749 of 2116