ရေဘေးအလှူပန်းချီနဲ့စာအုပ်ရောင်းချပွဲမှရရှိတဲ့ အလှူငွေတွေကို ရမည်းသင်းရှိရေဘေးသင့်ပြည်သူတွေကို သွားရောက်လှူဒါန်းမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 23 September 2024
#ပန်းချီကားနှင့်စာအုပ်များရောင်းချရငွေ #ရေဘေးသင့်ပြည်သူများကိုလှူ
#YMG/tthl #Yangon_Times
ရန်ကုန်ရွှေရည်ညွှန်းဈေး ခုနှစ်သောင်းကျော်တက်မြင့်တက်လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 23 September 2024
#ရွှေရည်ညွှန်းဈေး #ခုနှစ်သောင်းကျော်တက်
#YMG/NN #Yangon_Times
ကလောမှာအိမ်ပြိုသွားတဲ့ အိမ်ထောင်စု (၁၅၀)ကျော်အတွက် ခိုင်နှင်းဝေဖောင်ဒေးရှင်းမှ တစ်အိမ်ထောင်စုကို ကျပ်သိန်း(၃၀)စီထောက်ပံ့လိုက်တယ်လို့ သိရပါတယ်။
#Local_News
Published 23 September 2024
#အိမ်ပြိုသွားသည့်အိမ်ထောင်စု #ကျပ်သိန်း(၃၀)စီထောက်ပံ့
#YMG/tthl #Yangon_Times
#Local_News
Published 23 September 2024
▪️ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်ဖြင့် အရန်ဆန် ၁၀၀၂ ဒသမ ၇၁ တန်ကို ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထောက်ပံ့ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
▪️ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် စက်တင်ဘာ ၂၂ရက် တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အာဆီယံ+၃ အရန်ဆန်သိုလှောင်ရုံအတွင်း အရန်ဆန်များ စနစ်တကျသိုလှောင်ထားရှိမှုနှင့် သိုလှောင်ရုံများကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ၌ဒုတိယဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ ပြောကြားရာတွငိ APTERR အစီအစဉ်ဖြင့် အရန်ဆန် ၁၀၀၂ ဒသမ ၇၁ တန်ကို ယခုကြုံတွေ့ခဲ့ရသည့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော တိုင်းဒေသကြီး/ပြည်နယ်များသို့ ထောက်ပံ့ဖြန့်ဖြူးပေးရေး ဆောင်ရွက်လျက်ရှိရာ ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်၍ သက်ဆိုင်ရာဒေသများသို့ အမြန်ဆုံးတင်ပို့ဖြန့်ဖြူးပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၂၂ စက်တင်ဘာ ၂၀၂၄
"စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ် " မှ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် အကူအညီပေးရေးစီမံကိန်း လွှဲပြောင်းပေးအပ်ခြင်းနှင့် ဖွင့်လှစ်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၂၂ ရက်က ရန်ကုန်မြို့ရှိ U-Energy Thaketa Power Company (UREC) ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ယူနန်ပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာလျိုယုံ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးသံမှူးကြီး Cao Jing၊ ယူနန်ပြည်နယ် သဘာဝစွမ်းအင်ဌာန ညွှန်ကြားရေးမှူးချုပ် Mr.Chen Jie၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး စီးပွားရေးနှင့်ကုန်သွယ်မှုဌာန သံမှူး မစ္စတာ Ou Yang Dao Bing၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဘိုဌေး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး အပါအဝင် ယူနန်ပြည်နယ် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် မြန်မာနိုင်ငံအခြေစိုက် ယူနန်ပြည်နယ် စီးပွားကူးသန်းကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများ၊ U -Energy Group Company ရုံးမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
"စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်" မှ ရန်ကုန်တိုင်း သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင်လှုဒါန်းမှုပရောဂျက်ကို မြန်မာနိုင်ငံရှိ ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်ရုံးက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီး Yunnan Energy Investment သာကေတ ဓာတ်အားပေးစက်ရုံမှ ရန်ပုံငွေတစ်စိတ်တစ်ပိုင်းဖြင့် ပံ့ပိုးပေးလျက်ရှိကြောင်းသိရသည်။
သာကေတမြို့နယ် လမ်းများပေါ်တွင် ဆိုလာလမ်းမီး အစုံ (၄၀) တပ်ဆင်ပေးကာ ပရောဂျက်တန်ဖိုးမှာ ယွမ် (၃၈၀၀၀၀) ဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်က ပရောဂျက် စတင်ခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ မေလတွင် ပြည်တွင်း၊ ပြည်ပ တင်ဒါခေါ်ဝယ်ယူရေးလုပ်ငန်းပြီးစီးခဲ့ပြီး အလုံးစုံတပ်ဆင်လက်ခံခြင်းလုပ်ငန်းကို သြဂုတ်လကုန်ပိုင်းက ပြီးစီးခဲ့ခြင်းဖြစ်သည်။
"စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ် " သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ဘေးပတ်ဝန်း ကျင်နိုင်ငံများတွင် ဆောင်ရွက်နေသည့် ပြည်သူ့အကျိုးဆောင်စီမံကိန်းတစ်ခုဖြစ်ကြောင်း နှင့် ၂၀၂၂ခုနှစ် တွင် ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်း (၉)ကျောင်းတွင် အားကစားဆိုင်ရာ အဆောက်အအုံများ တိုးမြှင့် ဆောင်ရွက်ခဲ့ပြီး သုဝဏ္ဏမြို့နယ် ဆိုလာလမ်းမီး လှုဒါန်းမှု ပရောဂျက်ကိုလည်း ပံ့ပိုးကူညီခဲ့ပြီးဖြစ်သည်။
၂၀၂၃ ခုနှစ်ကလည်း "မိုခါ" မုန်တိုင်းတိုက်ခတ်စဥ် ရန်ကုန်နှင့်မန္တလေးမြို့များသို့ ပြန်လည် တည်ဆောက် ရေးပစ္စည်းများ လှုဒါန်းခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုတစ်ကြိမ် သာကေတမြို့နယ် ဆိုလာလမ်းမီး လှုဒါန်းမှု ပရောဂျက်နှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ပရောဂျက် (၄)ခုရှိပြီး လှုဒါန်းမှုပမာဏ ယွမ် (၁ ဒသမ ၀၈သန်း) ရှိပြီဖြစ်သည်။
@ymg/ee
#Daily_News
Published 21 September 2024
၁။ ဗုဒ္ဓဂါယာဘုရားဖူးပို့ဆောင်မည့် ခရီးသွားကုမ္ပဏီများ မှတ်ပုံတင်စာရင်းပေးသွင်းနိုင်
၂။ ရေဘေးကြောင့် သက်ကယ်အင်္ကျီများ ပစ္စည်းပြတ်သည့်အထိရောင်းချရ
၃။ ရေဘေးသင့်ဒေသများအတွက် ဝယ်ယူကြသောကြောင့် ဒန်အိုး၊ဒန်ခွက်များ ပစ္စည်းပြတ်သည်အထိ အော်ဒါမှာယူမှုများပြား
၄။ အရပ်ဘက်သုံးကိရိယာပစ္စည်းများအား ကြားခံလက်နက်အဖြစ်အသုံးမပြုရန် ကုလအထွေထွေအတွင်းရေးမှူးချုပ်သတိပေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၁ စက်တင်ဘာ ၂၀၂၄
အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ်ဖြစ်တဲ့ မဏိပူရပြည်နယ်မှာ မြန်မာနိုင်ငံဘက်ကနေ ကူကီးသူပုန် ၉၀၀ ခန့် အလုံးအရင်းနှင့်ဝင်လာမယ်လို့ ထောက်လှမ်းရေးသတင်းတွေရရှိထားလို့ အဆင့်မြင့် တပ်လှန့် နှိုးဆော်ထား ရတယ်လို့ လုံခြုံရေးအရာရှိတစ်ဦးက သောကြနေ့က ပြောပါတယ်။
မဏိပူရပြည်နယ်လုံခြုံရေးအကြံပေး ကူဒီယတ်ဆင်းက သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကိုပြောကြားခဲ့တာဖြစ်ပြီး ကူကီးသူပုန်တွေနှင့်ပတ်သက်တဲ့ သတင်းအချက်အလက် တွေကို ထောက်လှမ်းရေးအဖွဲ့တွေအမျိုးမျိုးထံ ပေးဝေထားပြီးဖြစ်တယ်လို့လည်း သူကပြောပါတယ်။
၂၀၂၃ မေလကစပြီး လူအများစု မေတေးနှင့် လူနည်းစု ကူကီးတွေအကြား စီးပွားရေးနှင့် ခွဲတမ်းကိစ္စတွေ မပြေမလည်ဖြစ်ကြရာကနေ အကြမ်းဖက်မှုတွေဖြစ်လာနေတာကို မဏိပူရကပါ လာအမှုပတ်နေရတာ ဖြစ်ပါတယ်။
မဏိပူရတောင်ပိုင်းမှာ အခြေချနေထိုင်ကြတဲ့ ကူကီးလူမျိုးတွေဟာ မြန်မာနိုင်ငံက ချင်းလူမျိုးနွယ်စုဝင် တွေဖြစ်ကြပါတယ်။
ကူကီးတွေဟာ ဒရုန်းတွေအသုံးပြုပြီး တိုက်ခိုက်မှုတွေပြုလုပ်နေတယ်ဆိုတဲ့ နောက်ဆုံးထောက်လှမ်းရေ သတင်းတွေရရှိပေမယ့် ကူကီးကိုယ်စားလှယ်တွေကတော့ ဒီသတင်းဟာ မဟုတ်ဘူးလို့ ငြင်းဆိုထားကြ ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် မေတေးဆန္ဒပြသူတွေဟာ အင်ဖာမှာ အကြီးအကျယ် စုဝေးမှုတွေပြုလုပ်ခဲ့ကြပြီး ကူကီသူပုန်တွေကို အရေးယူပေးဖို့ တောင်းဆိုလာကြပါတယ်။
မငြိမ်မသက်မှုတွေကို နှိမ်နှင်းနေတဲ့ကြားထဲက ဒီလစောစောပိုင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်မေလကစပြီး ယခုထက်ထိ ပဋိပက္ခကြောင့် လူ ၂၃၇ ဦးသေဆုံးခဲ့ပြီး လူ ခြောက်သောင်းခန့်ဟာ လူဦးရေ ၃.၂သန်းရှိတဲ့ မဏိပူရထဲကို ရွှေ့ပြောင်းနေထိုင်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ်က အိန္ဒိယအစိုးရက ကာလရှည်မူဝါဒတစ်ခုဖြစ်တဲ့ ဗီဇာမလိုနယ်စပ်ဖြတ်ကျော်ခွင့်ကို ဖျက်သိမ်းခဲ့ပြီးနောက် အိန္ဒိယရူပီး ၃၁၀ ဘီလျံကုန်ကျမယ့် နယ်စပ်စည်းရိုးကာမယ့် အစီအစဉ်ကို ကြေညာ ခဲ့ပါတယ်။
အဲဒီအရေးယူဆောင်ရွက်ချက်ကို နယ်စပ်ဖြတ်ကျော်သွားလာနေကြတဲ့ ကူကီးအုပ်စုတွေက ဝေဖန် ပြစ်တင်ခဲ့ကြပါတယ်။
မဏိပူရမှာ မျိုးနွယ်စုနှစ်ခုဟာ နယ်မြေပိုင်းခြားနေထိုင်နေကြပါတယ်။ မေတေးတွေဟာ တောင်ကြားတွေ မှာ ထိန်းချုပ်ထားကြပြီး ကူကီးတွေကတော့ တောင်ပေါ်မှာ ကြီးစိုးနေကြပါတယ်လို့ သိရပါတယ်။
Source BKK Post
Page 742 of 2482