Published_ 3 October 2023
မလေးရှားနိုင်ငံ ကို သွားရောက် အလုပ်လုပ်ကိုင်ရန် အတွက် ကော့သောင်းဘက်မှ ထိုင်းနိုင်ငံ ရနောင်းခရိုင် သို့ လှေဖြင့် ခိုးကာ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၉ ဦး ဖမ်းဆီးခံရ ကြောင်းထိုင်းသတင်းဌာန များ ၏ဖေါ်ပြ ချက် အရ သိရသည်။
စက်တင်ဘာ ၂ရက် နံနက် ၁နာရီ ဝန်းကျင်က အမှတ် (၂၅) ခြေမြန်တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာသူများရှိနေကြောင်း သတင်းရရှိသဖြင့် လှည့်လည်စစ်ဆေးရာ မှ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ယင်းအလုပ်သမားများ တင်ဆောင်လာသည့် ကားသည် အမှတ် ၆၊ ကျောလောပေါကျေးရွာအနီးရှိလမ်းမပေါ်တွင် စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ယင်း ကား ၂ စီးမှာ မောင်းနှင်ထွက်ပြေးသွား သဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရ ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၁၉ ဦးမှာ ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် မန္တလေးမြို့မှ လေယာဉ်ဖြင့် ကော့သောင်းမြို့သို့ ရောက်ရှိလာခဲ့ပြီး ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်ဘက်မှ လှေဖြင့် ရနောင်းဘက်သို့ ဝင်ရောက်လာခဲ့ကာ ပွဲစားခအဖြစ် တစ်ဦးလျင် ထိုင်းဘတ်ငွေ (၄၄၀၀၀) စီ ပေးချေခဲ့ရကြောင်း စစ်ဆေးချက်များ အရ သိရသည်။
Yangon_Time/LW
#Local_News
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 2 October 2023
၁။ မင်္ဂလာခန်းမများတွင် ကြိုတင်ဘိုကင်ယူသူများလာ၊ ယခုနှစ်တွင်ဝါထပ်၍ အောက်တိုဘာလကုန်ပိုင်းမှ မင်္ဂလာအခမ်းအနားများကျင်းပနိုင်မည်
၂။ ဒညင်းကုန်းလက်ကားဈေးကြီးတွင် အခြေခံစားသောက်ကုန်များကို လက်ကားရောင်းချနိုင်မည့် ဈေးရုံအသစ် ယခုနှစ်ကုန်တွင် ထပ်မံဖွင့်လှစ်မည်
၃။ မိုးစပါးပေါ်ချိန်ဖြစ်၍ ပြည်တွင်းစား ဆန်ဈေးနှုန်းဆက်တိုက်ကျဆင်းလာနေဟုဆို
၄။ ပင်လယ်ဖြတ်သန်းမောင်းနှင်မည့် တရုတ်နိုင်ငံဖူကျိုး-ရှာမင်အမြန်ဆုံး မီးရထားလမ်းစတင်ဖွင့်လှစ် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Local_News
Published 2 October 2023
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အရှေ့ဘက်၊ ချွန်ဘူရီပြည်နယ်၊ ဆီရာဇာမြို့နယ်၊ ဘော်ဝင်ကျေးရွာအုပ်စုတွင် မြန်မာအလုပ်သမား အချင်းချင်း စကားများ ရန်ဖြစ်ခဲ့ရာမှ လူမှားပြီး ထိုင်းနိုင်ငံသားလူငယ်တစ်ဦးကို ဓါးဖြင့် ထိုးမှုဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက် အရ သိရသည်။
ဓါးနှင့်ထိုးခံရသည့် ထိုင်းလူငယ်ဟာ အသက် ၃၀ နှစ် အရွယ် Mr. Chalermsak Sona ဖြစ်ပြီး ကွန်ဒိုတစ်ခုအနီး တစ်ဦးတည်းထိုင်ကာ ဘီယာသောက်နေစဉ် မြန်မာအလုပ်သမားအချင်းချင်းရန်ဖြစ်ကာ လူမှားပြီး ဓားနဲ့ထိုးခဲ့တာဖြစ်ကြောင်း သိရသည်။
ဓားထိုးခံရသည့် ထိုင်းလူငယ်ကို လဲမ်ချာဘန်းဆေးရုံကို အမြန်ပို့ဆောင်နိုင်ခဲ့ပြီး မြန်မာအလုပ်သမားများ ကိုလည်း အမှုမှန်ပေါ်ပေါက်နိုင်ဖိုထိုင်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကာ ကျူးလွန်သူကို ဥပဒေအရ ဖမ်းဆီးအရေးယူ သွားမည် ဖြစ်ကြောင်းသိရသည်။
ထိုင်းနိုင်ငံတွင် မြန်မာ ရွေ့ပြောင်း အလုပ်သမား အများပြား ရောက်ရှိနေပြီး မကြာခဏ ခိုက်ရန် ဖြစ်ပွားမှုများ ဖြစ်ပေါ်လျက်ရှိရာ ပြီးခဲ့သည့် စက်တင်ဘာ ဒုတိယပတ်တွင်လည်း ထိုင်းနိုင်ငံ စမွတ်ခရိုင် ပြည်နယ် ထားဆိုင်ကျေးရွာအနီးတွင်လည်း မြန်မာနိုင်ငံသား အမျိုးသားနှစ်ဦး အချင်းများပြီး သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း သိရသည်။
#Local_News #ထိုင်းနိုင်ငံ #ထိုင်းလူငယ်ကိုလူမှားပြီးဓါးဖြင့်ထိုး #YMG/LW #Yangon_Times
#Local_News
Published_ 2 October 2023
အာရှအားကစားပြိုင်ပွဲတွင် အမျိုးသားလေးယောက်တွဲ ပိုက်ကျော်ခြင်းပွဲစဉ်၌မြန်မာအသင်းက ဗီယက်နမ်အသင်းကိုအနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ သိရသည်။
မြန်မာ( လေးယောက်တွဲ ) အမျိုးသားပိုက်ကျော်ခြင်းအသင်းသည်အုပ်စုအတွင်းမှာ အင်ဒိုနီးရှားတစ်သင်းကိုသာရှုံးနိမ့်ထားပြီး လာအိုအသင်းနှင့် ဗီယက်နမ်အသင်းတို့ကို အနိုင်ရရှိခဲ့ခြင်းကြောင့် အောက်တိုဘာလ ( ၃ ) ရက်နေ့လည် ( ၁၂ ) နာရီခွဲအချိန်တွင် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
မြန်မာပိုက်ကျော်ခြင်းအသင်းသည် အုပ်စုဒုတိယနေရာမှထိုက်ထိုက်တန်တန် အုပ်စုတက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
#Local_News #မြန်မာပိုက်ကျော်အသင်း #ဆီမီးဖိုင်နယ်တက်ပြီ #tthl #Yangon_Times
လာမယ့် ကြံကြိတ်ခွဲရာသီအတွက် မြန်မာ့သကြားဝယ်ယူဖို ကို ပြည်ပနိုင်ငံတွေက ကမ်းလှမ်းမှုတွေ များနေပေမယ့်ပြည်တွင်းစားသုံးမှုဖူလုံပြီး ပိုလျှံတဲ့သကြားတွေကိုသာ တင်ပို့သွားမယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းထံက သိရပါတယ်။
Published_ 2 October 2023
#Local_News
#မြန်မာ့သကြား #ကြံထွက်ပစ္စည်း
#YMG/NN #Yangon_Times
‘စားအုန်းဆီတွေကို အခုချိန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ စည်ပင်တွေကနေစီစဉ်ပြီးတော့ လိုက်လံရောင်းချပေးနေတဲ့အတွက် အရင်ကထက်စာရင်တော့ကျယ်ကျယ်ပြန့်ပြန့်လေးတော့ရရှိသွားမှာဖြစ်တယ်’ ဘုရင့်နောင်စားအုန်းဆီလက်ကားဒိုင်မှ တာဝန်ရှိသူတစ်ဦး
Published_ 2 October 2023
#Local_News
#စားအုန်းဆီ #လိုက်လံရောင်းချပေး
#tthl #Yangon_Times
စက်တင်ဘာလနှောင်းပိုင်းက စတင်ကျဆင်းလာတဲ့ ပြည်တွင်းစားဆန်ဈေးနှုန်းတွေဟာ အခုအပတ်မှာ ဆက်လက်ကျဆင်းနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်းက သိရပါတယ်။
Published_ 2 October 2023
#Local_News
#မိုးစပါးပေါ်ချိန် #မြန်မာနိုင်ငံဆန်စပါး
#YMG/LW #Yangon_Times
Page 738 of 1917