စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်ဈေးကွက်အတွက်ဒီကနေ့ ထုတ်ပြန်ချက်အရ စက်သုံးဆီအမျိုးအစားအများစု ဈေးနှုန်းမြင့်တက်လာတယ်လို့ သိရပါတယ်။
#Local_News
Published 27 September 2024
#စက်သုံးဆီဈေးမြင့်တက် #ရန်ကုန်ဈေးကွက်
#YMG/NN #Yangon_Times
မြန်မာ-ဗီယက်နမ်ကုန်စည်ပြပွဲကို နိုဝင်ဘာလအတွင်း ကျင်းပဖို့ရှိပြီး ပါဝင်ပြသမယ့် မြန်မာ၊ဗီယက်နမ်လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
#Local_News
Published 27 September 2024
#မြန်မာ-ဗီယက်နမ် #ကုန်စည်ပြပွဲ
#YMG/tthl #Yangon_Times
#Local_News
Published_27 Sept 2024
▪️ MNDAA ထိန်းချုပ်ထားသော လားရှိုးမြို့သို့ ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက်တွင် လေကြောင်း တိုက်ခိုက်မှု ခံခဲ့ရသောကြောင့် လူ ၂ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါလေကြောင်းတိုက်ခိုက်ခံရသည်မှာ ၈ ကြိမ်မြောက်လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ကြောင်း၊ ယနေ့ တိုက်ခိုက်ခံရစဉ်တွင် လားရှိုးမြို့ မြို့မဈေးကြီး ချယ်ရီရုံပေါ်ကျရောက်ပေါက်ကွဲ မီးလောင်ပျက်စီးခဲ့ကြောင်း၊ ယင်းအပြင် ရပ်ကွက်(၁)နယ်မြေ(ရပ်ကွက်(၂) Green Park ဟိုတယ်အနီးဖြစ်ကြောင်း သိရသည်။
▪️ လေကြောင်းတိုက်ခိုက်မှုတွင် ပေါင် ၅၀၀ ဗုံး နှင့် ပေါင် ၂၀၀ ဗုံးများအသုံးပြုခဲ့ကြောင်း ၊ပြီးခဲ့သည့် သြဂုတ်လ ၃၀ ရက်က စ၍ လားရှိုးမြို့ကို လေကြောင်းမှ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း MNDAA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
▪️ MNDAA အနေဖြင့် စစ်ပြီးပြီဟုကြေညာကာ လားရှို့မြို့ပြန်လည်ထူထောင်ရေးဟုဆိုကာလုပ်ဆောင်နေစဉ် လေ ကြောင်တိုက်ခိုက်မှုကိုခံနေရခြင်းလည်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်၊စက်တင်ဘာလ ၉ ရက် ၊ စက်တင်ဘာလ ၁၀ ရက်၊ စက်တင်ဘာလ ၁၃ ရက်၊စက်တင်ဘာလ ၂၁ ရက် စက်တင်ဘာလ ၂၄ ရက်၊စက်တင်ဘာလ ၂၅ ရက်၊ ယနေ့ စက်တင်ဘာလ ၂၇ ရက်ထိ လေကြောင်းတိုက်ခိုက်ခံရမှု ဆက်တိုက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

#Yangon_Times/PP
#Local_News
Published 27 September 2024
▪️ ဆေးတက္ကသိုလ်နှင့်သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ဝင်ခွင့် လူတွေ့နှုတ်မေးစာမေးပွဲကို ယခုလကုန်၌ နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်နှင့်သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဦးစားပေးလျှောက်ထားသူများအနက် ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲသို့ဝင်ရောက်ဖြေဆိုခွင့်ရရှိသူများစာရင်းနှင့် ခုံအမှတ်၊ ဖြေဆိုရမည့် နေ့ရက်နှင့် နေရာများကို သက်ဆိုင်ရာ ဝက်ဆိုက်များ၌ ကြေညာထားကြောင်း သိရသည်။
▪️ အဆိုပါကဲ့သို့ကြေညာရာတွင် ကျန်းမာရေးဝန်ကြီး ဌာန၏ website ( www. moh. gov. mm ) ၊ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီး ဌာန၏ website ( www. hrh. gov. mm )
၊ဆေးတက္ကသိုလ်နှင့်သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၊ အဆင့်မြင့်ပညာဦးစီးဌာန website တို့တွင် ကြေညာထားပြီး ဖြစ်သည်။
▪️ အဆိုပါ ကြေညာချက်ပါအချက်အလက်များကိုသေချာစွာဖတ်ရှုပြီး သူနာပြုသင်တန်းကျောင်း၊ နေပြည်တော်နှင့်သားဖွားသင်တန်းကျောင်း၊ နေပြည်တော်တို့၌ ကျင်းပပြုလုပ်မည့် ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲသို့ မိမိတို့ဖြေဆိုရမည့်သတ်မှတ်နေ့ရက်များအတိုင်း အချိန်မှီလာရောက်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
▪️ ဖြေဆိုရမည့် နေ့ရက်များမှာ စက်တင်ဘာ ၃၀ရက်၌ ခုံအမှတ် ၁မှ ၅၀၀ အထိ အောက်တိုဘာ ၁ရက်၌ ခုံအမှတ် ၅၀၁ မှ ၁၀၀၀ အထိ ၊အောက်တိုဘာ ၁ရက်၌ ခုံအမှတ် ၁၀၀၁
မှ ၁၄၂၉ အထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 September 2024
▪️ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင် ကုန်စိမ်းတင်လာသည့် စကားဝါမြေခရီးသည် ယာဉ်တိမ်းမှောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ စက်တင်ဘာ ၂၇ရက်နေ့၊ မနက် ၅နာရီ ၅၅မိနစ် အချိန်ခန့်က ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၅၇/၄နှင့် ၅၇/၅ ကြားတွင် ကုန်စိမ်းများ တင်ဆောင်လာသော စကားဝါမြေ ခရီးသယ်ယာဉ်တိမ်းမှောက်နေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဘောနီအမြန်လမ်းမီသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
▪️ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း ကျား(၁)ဦး (ဦးခေါင်းနောက်စေ့ ထိခိုက်ဒဏ်ရာမစိုးရိမ်ရ)နှင့် ယာဉ်နောက်လိုက် ကျား(၂)ဦး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 September 2024
▪️ ပို့ကုန်ရငွေများပြန်လည်သွင်းပြီးဖြစ်၍ ကုမ္ပဏီ (၅၉)ခုကို အမည်ပျက်စာရင်း(အမည်မည်းစာရင်း)မှ ပယ်ဖျက်လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ ဗဟိုဘဏ်အနေဖြင့်(၂၀၁၉)ခုနှစ်တွင် ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသော ကုမ္ပဏီ (၁၃၇)ခုကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အမည်မည်း စာရင်းသွင်းပြီးအရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
▪️ အရေးယူခံရသည့် ကုမ္ပဏီ (၁၃၇)ခုအနက် ကုမ္ပဏီ (၅၉)ခုတွင် ပို့ကုန်ရငွေ အပြည့်အဝပြန်လည်ဝင်ရောက်ပြီးဖြစ်သောကြောင့် အဆိုပါကုမ္ပဏီ (၅၉)ခုနှင့်ပူးတွဲဖော်ပြထားသည့် ကုမ္ပဏီများ၏ဒါရိုက်တာအဖွဲ့ဝင်မျာစကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမည်မည်းစာရင်းမှ ပယ်ဖျက်လိုက်ပြီးပယ်ဖျက်လိုက်သည့် ကုမ္ပဏီများစာရင်းကို စက်တင်ဘာလ (၂၇)ရက်ထုတ်နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြထားကြောင်း သိရသည်။
#YMG/tthl #Yangon_Times
Nay Pyi Taw , September 26, 2024
The ruling body of Myanmar, the State Administration Council (SAC), has urged organizations opposing the state to abandon violence and pursue political engagement instead, seeking solutions to political issues through electoral channels.
The statement published on September 26 made an offer that could pave the way for political dialogue.
The statement reads: "In light of the suffering and losses caused by armed conflict and violence within the nation, and to achieve lasting peace and development together with the people, we call on the armed groups opposing the state, including ethnic armed organizations, residual violent groups, and the PDF, to abandon the path of armed conflict. We invite them to pursue a political route, whether through party politics or electoral processes, to resolve political issues through political means."
The statement noted that the process of collecting census data to ensure the accuracy of the voter list for the upcoming multi-party general elections will commence on October 1. This period will also be dedicated to preparations and efforts to ensure a smooth electoral process.
The SAC's announcement indicates that the Tatmadaw (military) has formed the State Administration Council in line with the constitutional framework, ensuring balanced representation of both military and civilian members. Additionally, it has established and is actively implementing a roadmap and objectives.
"The SAC aims to conduct free and fair multi-party democratic elections and transfer power to the resulting government. However, the decision of certain individuals and groups to pursue armed conflict and violence instead of resolving political issues peacefully has resulted in significant losses in human resources, essential infrastructure, and the well-being of citizens. This situation has severely undermined national stability, peace, and development," the statement said.
#ymg/kml
Page 736 of 2482