အခုလအတွင်း စတင်လိုက်တဲ့ ကြက်သွန်နီနဲ့ပတ်သက်တဲ့ ပို့ကုန်မူဝါဒအပြောင်းအလဲကြောင့် ပြည်ပတင်ပို့တာတွေ လျော့ကျလာတယ်လို့ ကြက်သွန်နီ တင်ပို့သူတွေဆီက သိရပါတယ်။
#Local_News
Published 19 November 2024
#ပို့ကုန်မူဝါဒ #ကြက်သွန်နီ
#YMG/NN #Yangon_Times
ပုဂံဘုရား(၄)ဆူမှာ မိုးကြိုးလွှဲတပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းတွေဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 19 November 2024
#ပုဂံဘုရား(၄)ဆူ #မိုးကြိုးလွှဲတပ်ဆင်ခြင်
#YMG/tthl #Yangon_Times
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ အခုနှစ်လေးလတာအတွင်းဘုရားဖူးသိန်း၂၀ နီးပါးလာရောက်ဖူးမြှော်ခဲ့ကြတယ်လို့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။
#Local_News
Published 19 November 2024
#ရန်ကုန်မြို့ #ရွှေတိဂုံစေတီတော်
#YMG/NN #Yangon_Times
တန်ဆောင်တိုင်ပိတ်ရက်အပြင် လာမယ့်ဒီဇင်ဘာလကျောင်းပိတ်ရက်မှာ ချောင်းသာအပန်းလာဖြေဖို့ ဘိုကင်တင်ထားသူတွေနဲ့ပြည့်နေတယ်လို့ သိရပါတယ်။
#Local_News
Published 19 November 2024
#ချောင်းသာ #ဒီဇင်ဘာကျောင်းပိတ်ရက်
#YMG/tthl #Yangon_Times
#Local_News
Published 19 November 2024
▪️ သန်လျင်မြို့နယ်ရှိ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှုတစ်ခု ယနေ့မနက်ပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ နိုဝင်ဘာ ၁၉ ရက်နေ့၊ မနက် ၃ နာရီ ၄၅ မိနစ်အချိန်ခန့်က၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ အမှတ်၂လမ်းမကြီး၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ LUF-60ယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ LUF-60ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး တို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် မနက်၃ နာရီ ၅၈အချိန်၌ Level 1 ယာဉ်အုပ်စုများ ထပ်မံထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၄နာရီ ၁၅မိနစ်အချိန်၌ မီးထိန်းနိုင်ခဲ့ပြီး ၄ နာရီ ၁၈ မိနစ်အချိန်၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️ ယင်းဖြစ်စဉ်ကြောင့် လူထိခိုက်မှုမရှိဘဲ ဆုံးရှုံးမှုတန်ဖိုးများအပါအဝင် ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 19 November 2024
▪️ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)ရှိ သင်တန်းများအားလုံးကိုနိုဝင်ဘာ၂၁ရက်မှစတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် ပထမနှစ်ဝက်သင်တန်းများ၏ ကျောင်းအပ်လက်ခံခြင်း၊ စတုတ္ထနှစ်နှင့်ဘွဲ့လွန်တန်း ဒုတိယနှစ်ဝက်သင်တန်းများ၏ သတင်းပို့လက်ခံခြင်းကိုလည်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်ပေးရာတွင် နိုဝင်ဘာ၁၄ရက်မှ စတင်၍ နေ့စဉ်ပိတ်ရက်မရှိ ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်သင်တန်းအားလုံးကို နိုဝင်ဘာ၂၁ရက်နေ့ကြာသပတေးနေ့မှစတင်၍ လက်ခံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 18 November 2024
၁။ သက်ကြီးစာပေပညာရှင် ပူဇော်ကန်တော့ပွဲတွင် အသက်(၁၀၀) ကျော်စာရေးဆရာကြီး(၂)ဦးပါပူဇော်ကန်တော့မည်
၂။ မော်တော်ယာဉ်အားလုံး ယာဉ်စစ်ဆေးပြီးမှသာ ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဟု ထပ်မံအသိပေး
၃။ အခုအပတ်စားအုန်းဆီ ရည်ညွှန်းဈေးနှုန်းအနည်းငယ်တက်လာ
၄။ ပီရူးနိုင်ငံမှ ချန်ကိုင်ဆိပ်ကမ်းဖွင့်ပွဲအခမ်းအနား တရုတ်နှင့်ပီရူးသမ္မတတို့တက်ရောက်ဖွင့်လှစ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 732 of 2532