မြန်မာနိုင်ငံအဝှမ်းမှာ ဒီကနေ့အောက်တိုဘာ ၁ရက်နေ့ကစတင်ပြီး သန်းခေါင်စာရင်း တွေစတင်ကောက်ယူနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
#Local_News
Published 1 October 2024
#သန်းခေါင်စာရင်း #စတင်ကောက်ယူ
#YMG/NN #Yangon_Times
အခုအောက်တိုဘာလပထမပတ်(၁၀)ရက်တာအတွင်းဧရာဝတီမြစ်၊ ချင်းတွင်းမြစ်စတဲ့မြစ်ရေတွေထပ်တိုးဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 1 October 2024
#မြစ်ရေများထပ်တိုး #မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#YMG/tthl #Yangon_Times
ထောပတ်သီးဈေးကွက်အတွင်းမှာ ဈေးကောင်းရရှိနေတဲ့ ဗီယက်နမ် "034" ဇီးရိုးသရီးဖိုးမျိုးတွေကို ဆက်လက်တိုးချဲ့စိုက်ပျိုးနေတယ်လို့ မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းက သိရပါတယ်။
#Local_News
Published 1 October 2024
#ဗီယက်နမ်မျိုး #ထောပတ်သီး
#YMG/NN #Yangon_Times
သင်္ဘောသားဖြစ်လိုသူတွေအတွက် အခမဲ့ကုန်းပတ်သင်တန်းအခု အောက်တိုဘာလထဲမှာထပ်ဖွင့်ဖို့ရှိတယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်(MSF)မှ သိရပါတယ်။
#Local_News
Published 1 October 2024
#အခမဲ့ကုန်းပတ်သင်တန်း #သင်္ဘောသား
#YMG/tthl #Yangon_Times
#Local_News
Published 1 October 2024
▪️ ယခုအောက်တိုဘာလအတွင်း၌ ကုန်သေတ္တာတင်ယာဉ် ၅၂ စင်းဝင်ရောက်ဆိုက်ကပ်မည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။
▪️ ရန်ကုန်ဆိပ်ကမ်းဧရိယာ၌ အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား ၂၇ စင်း၊ ရန်ကုန်သီလဝါ အပြင်ဆိပ်ကမ်းဧရိယာမှာ ဆိပ်ကမ်းတံတား ၁၉ စင်း စုစုပေါင်း ၄၆ စင်းဖြင့် ဝန်ဆောင်မှုပေးနေခြင်း ဖြစ်သည်။
▪️ မြန်မာနိုင်ငံသည် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ကုန်သွယ်မှုလုပ်ငန်းများကို ပိုမိုဆောင်ရွက်နေပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ ကုန်သေတ္တာတင်သင်္ဘောများ လစဉ်ပုံမှန် ဝင်ရောက်ဆိုက်ကပ်လျက်ရှိရာ ယခုနှစ် ၇ လတာ အတွင်း ပြည်တွင်းသို့ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် ၄၆၄ စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ပြီးဖြစ်သည်။
▪️ လအလိုက်ဆိုက်ကပ်မှုအနေဖြင့် ဇန်နဝါရီလတွင် ၄၉ စင်း၊ ဖေဖော်ဝါရီလတွင် ၅၃ စင်း၊ မတ်လတွင် ၅၅ စင်း၊ ဧပြီလတွင် ၅၀ စင်း၊ မေလတွင် ၅၂ စင်း၊ ဇွန်လတွင် ၅၀ စင်း ၊ ဇူလိုင်လတွင် ၅၀ စင်း၊ ဩဂုတ်လတွင် ၅၀ စင်း၊စက်တင်ဘာလတွင် ၅၅ စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင်မူ နိုင်ငံတကာသင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော ၆၄၇ စင်းဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်ထိ တစ်နှစ်တာကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော ၆၄၅ စင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 1 October 2024
▪️ မန္တလေး ပြည်သူ့ဆေးရုံကြီး နှလုံးအထူးကုသဆောင်၌ မီးလောင်မှုတစ်ခု ယနေ့မနက်ပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အောက်တိုဘာ၁ ရက်နေ့၊ မနက် ၅ နာရီ ၂၀ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးပြည်သူ့ဆေးရုံ၊ နှလုံးအထူးကုဆောင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
▪️ "မန္တလေး ပြည်သူ့ဆေးရုံကြီး နှလုံးအထူးကုသဆောင်မှာ မီးသတင်းရလို့ နယ်မြေခံကား တွေ ထွက် ခွါငြှိမ်းသတ်ခဲ့ပါတယ်။ မိနစ်ပိုင်းအတွင်းမီးငြိမ်းခဲ့ပါတယ်၊ မီးလောင်မှုကြောင့် ဆေးရုံမှာရှိတဲ့ လူတွေထိခိုက်ဒဏ်ရာရရှိမှုမရှိပါဘူး"ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၅ နာရီ ၄၀မိနစ်အချိန်၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ မီးလောင်မှုကြောင့် ဆေးရုံရှိ လူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ မီးလောင်မှုဖြစ်စဉ်နှင့် ဆုံးရှုံးမှုတန်ဖိုးတို့အား စုံစမ်းလျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
၃၀ စက်တင်ဘာ ၂၀၂၄
🔳မြန်မာနိုင်ငံမှာ အွန်လိုင်းလိမ်လည်မှုတွေကျူးလွန်တဲ့ တရုတ်နိုင်ငံသား ခေါင်းဆောင် ၂၀ ဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရုတ်ရဲတွေက ဖမ်းဆီးခေါ်ယူခဲ့တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၉ ရက် ပြောကြားတယ်လို့ စီစီတီဗွီသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
🔳ဒါဟာ တရုတ်နှင့်မြန်မာနှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းလာခြင်းရဲ့ ရလဒ် ဖြစ်တယ်လို့လည်း သတင်းကဖော်ပြပါတယ်။
🔳ပြစ်မှုကျူုးလွန်သူတွေဟာ ကာလကြာကတည်းက မြန်မာနိုင်ငံမြောက်ပိုင်းက ကိုးကန့်ဂိုဏ်းအချို့နှင့် ပူးပေါင်းကြံ စည်ပြီး လက်နက်ကိုင်အဖွဲ့များကို ထိန်းချုပ်ရန်၊အီလက်ထရွန်းနစ်လိမ်လည်မှုများကိုဆောင်ရွက်ပြီး တရုတ်နိုင်ငံ သားများအပေါ် အွန်လိုင်းလိမ်လည်မှုတွေ ကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။
🔳အာဏာပိုင်တွေဟာ မြန်မာနိုင်ငံမြောက်ပိုင်းက ကိုးကန့်ရာဇဝတ်ဂိုဏ်းတွေကို အပြင်းအထန်နှိမ်နှင်းခဲ့လို့ ရာဇဝတ် ဂိုဏ်းခေါင်းဆောင် ၂၀ ဦးဟာ ရန်ကုန်နှင့်မန္တလေးကို
ထွက်ပြေးခဲ့ကြပါတယ်။
🔳သူတို့ဘယ်မှာရှိနေတယ်ဆိုတဲ့ သတင်းအချက်အလက်များရရှိပြီးနောက် မြန်မာနှင့်တရုတ်ရဲတပ်ဖွဲ့တွေဟာ အလုပ် အစီအစဉ်ကို အသေအချာရေးဆွဲပြီးနောက် သူတို့ကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ကြတာဖြစ်ပါတယ်။
🔳သူတို့ကို တရုတ်နိုင်ငံသို့ပြန်လည်ခေါ်ဆောင်ပြီးနောက် အမှုတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်မယ်လို့လည်း သိရပါတယ်
Page 732 of 2482