၅ နိုဝင်ဘာ ၂၀၂၄

မြန်မာနိုင်ငံနှင့်ယူနန်ပြည်နယ်အကြား နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်နိုင်ရန် နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး အလေးထားဆောင်ရွက်ကြရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲဝင်နှင့် ယူနန်  ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူး Mr. Wang Ning နှင့် နိုဝင်ဘာ ၅ ရက်က ကူမင်းမြို့တွင် တွေ့ဆုံစဉ် တိုက်တွန်းပြောကြားခဲ့တယ်လို့သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟာ ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူးနှင့် တွေ့ဆုံစဉ် နှစ်ဘက် ပူးပေါင်းဆောင်ရွက် မည့်ကိစ္စများဆွေးနွေးရာ၌ အဆိုပါအချက်ကိုထည့်သွင်းဆွေးနွေးခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန် ချက်မှာဖော်ပြထားတာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးက နှစ်နိုင်ငံအကြား ခွဲခြား၍မရသည့်ဆက်ဆံရေးကောင်းကိုပိုင်ဆိုင်ထားမှုမြန်မာနိုင်ငံ နှင့် ယူနန်  ပြည်နယ်အကြားနှစ်ဘက် ပူးပေါင်း ဆောင်ရွက်မှုများကိုပိုမိုမြှင့်တင်နိုင်ရေးအတွက်  နယ်စပ်ဒေသတည်ငြိမ်  အေး  ချမ်းရေးကို အလေးထားဆောင်ရွက်သွားရန်လိုအပ်တယ်လို့ပြောခဲ့ပါတယ်။

ယင်းအပြင်နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှသာ သွင်းကုန်    ပို့ကုန်ကဏ္ဍကိုပိုမိုဆောင်ရွက်နိုင်မှာဖြစ်ပြီး  စီးပွား ရေးအရကူးလူးဆက်သွယ်မှုကို ပိုမိုအကောင်အထည်ဖော်နိုင်မှာဖြစ်တဲ့အတွက် နှစ်နိုင်ငံအကြား နယ်စပ်ဒေသ    တည်ငြိမ်အေးချမ်းရေးကို အတူတကွပူးပေါင်းဆောင်ရွက်သွားဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

Mr. Wang Ning ကလည်း ယူနန်ပြည်နယ်နှင့်မြန်မာနိုင်ငံအကြား အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှု နယ်ပယ်အလိုက်ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ရေး နှစ်နိုင်ငံသဘောတူညီပြီးဖြစ်သည့် စီမံကိန်းလုပ်  ငန်းများ အမြန်ဆုံးအကောင် အထည်ဖော်နိုင်ရေးကြိုးပမ်းဆောင်ရွက်မည့်ကိစ္စများကို ဆွေးနွေးခဲ့ပါတယ်။

နှစ်ဘက်ဆွေးနွေးကြရာတွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲကဏ္ဍများအပါအဝင် ရင်းနှီးမြှပ်နှံ   နိုင်မည့် အခြေအနေများ၊မြန်မာနိုင်ငံနှင့်ယူနန်ပြည်နယ်အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ ၊ရင်းနှီးမြှပ်နှံမှု ကုန်သွယ်မှုနှင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် လူသားအရင်းအမြစ်များမွေးထုတ်ရေးစသည့်ကိစ္စများ ဆွေးနွေး ခဲ့ကြတာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

@ymg/knl