#Local_Health
Published_ 13 March 2022
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံပြည်သူများသို့လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး AstraZeneca အမှတ်တံဆိပ် ၁ သန်း doses အနက် ပထမအသုတ် ကာကွယ်ဆေး ၅ သိန်း Doses နှင့် ဆေးထိုးအပ် ၅ သိန်းအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဧည့်ခန်းမဆောင်၌ ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွန့်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ရန်နောင်ထွန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ Charge d' affaires, Mrs.Kanokwan Pengsuwan, Minister Counsellor- Ms.Chana Sindhvananda ၊ First Secretary, Ms.Chalermkwan Worranit နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။
ယခုလှူဒါန်းတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို နယ်စပ်ဒေသများ အပါအဝင် ကာကွယ်ဆေး လွှမ်းခြုံမှုနည်းပါးလျက်ရှိသည့် ဒေသများတွင် ဦးစားပေး၍ ထိုးနှံပေးသွားမယ်လို့ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် မတ် ၁၂ ရက်အထိ လူဦးရေ စုစုပေါင်း (၂၄ ဒသမ ၇) သန်းကို ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ (၂၁ ဒသမ ၄) သန်းနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ (၃ ဒသမ ၃) သန်း ရှိပြီဖြစ်ကြောင်း သိရပါတယ်။
မတ်လ ၁၂ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း (၄၇ ဒသမ ၀၁) သန်း ထိုးနှံပြီးဖြစ်ပါတယ်။
#ymg_mnn
#Yangon_Media_Group
#LocalNews
Published - 13 Mar 2022
မတ်လ ၁၂ ရက်နေ့က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိတံတားတစ်ခုပေါ်မှ ယာဥ်တစ်စီးထိုးကျတိမ်းမှောက်ရာ ယာဥ်ပေါ်ပါလာသူနှစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ယမန်နေ့ ၃ နာရီ မိနစ် ၄၀ အချိန်ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ရန်ကုန်ဘက်မှမောင်းနှင်လာသည့် ယာဉ်မောင်း ဦးဝင်းနိုင်ဦး မောင်းနှင်လာသော ယာဉ်အမှတ် 6Q/1259 better အဖြူ ရောင်ယာဉ်သည် ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိူင်ဘဲ အမြန်လမ်း မိုင်တိုင် ၁၇၀/၁ ဖါလုံ အနီးရှိ ဂုံမင်းကွင်းတံတားအောက်သို့ထိုးကျပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်ပါလာသော ယာဉ်မောင်း ဦးဝင်းနိုင်ဦးနှင့်အတူပါလာသော မဖြူ နှင်းအေး တို့ ၂ ဦးလုံးသေဆုံးခဲ့ပြီး ယာဉ်အမှတ် HSE/2577 မေတ္တာရှင် ပရဟိတ နာရေကူညီမှုအသင်းကားဖြင့် ဖြူးမြို့ ပြည့်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published_13 March 2022
မြန်မာနိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားလိုသူများအနေနှင့် မတ်လ ၂၁ ရက် (တနင်္လာနေ့) မှ စတင်၍ Online Booking စနစ်ဖြင့်ရက်ချိန်းရယူပြီးမှသာ Passport လျှောက်ထားနိုင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က သိရသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ တစ်နေ့လျှင် မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားသူ ၂,၅၀၀ ဦးခန့်အား နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိရာ လူအများအပြားလာရောက်ကြိုတင်တန်းစီနေကြရသောကြောင့် အချိန်ကြာမြင့်စွာတန်းစီစောင့်ဆိုင်းရသည့်အတွက် ကိုဗစ်-၁၉ ရောဂါအန္တရာယ်မှ လျော့နည်းလာစေရန်အတွက် ပြောင်းလဲရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ထားသည်။
နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများအနေဖြင့် လျှောက်ထားသူတစ်ဦးချင်း၏ အမည်၊ အဘအမည်၊ မွေးနေ့၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ကျား၊မ စသည့် အချက်အလက်များကို website တွင် မှန်ကန်စွာဖြည့်သွင်း၍ Online Booking ရက်ချိန်းရယူကြရမည်ဖြစ်ကြောင်းနှင့် Online Booking စနစ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို www.passport.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_12 March 2022
သက်ဆိုင်ရာကနေ ကုန်ကားကြီးသမားတွေအတွက် စက်သုံးဆီအထူးဆိုင်တွေ သတ်မှတ်ပြီးရောင်းတာကို ထိထိမိမိလုပ်ပေးဖို့လိုတယ်လို့ မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေက ဆိုပါတယ်။
#Yangon_Media_Group
#HealthMatter
Published - 12 March 2022
၁။ စိတ်ထောင်းလိုကိုယ်ကြေ ဆိုတဲ့ မြန်မာဆိုရိုးတစ်ခုဟာ ကိုဗစ်ကပ်ဘေးမှာ ဘယ်လောက်အထိမှန်သလဲ ??
၂။ ဘာကြောင့်ကိုဗစ်နှင့်ဆက်စပ်ပြီး စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကို မီးမောင်းထိုးပြနေကြတာလဲ??
၃။ စိတ်ဝေဒနာအသက်သာဆုံးဖြစ်အောင် ဘယ်လိုပြုမူနေထိုင်သင့်ပါသလဲ ?? .. ဆိုတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဆရာကြီးဒေါက်တာခင်မောင်လွင်က ယခုလို ဆွေးနွေးပြောဆိုထားပါတယ်။
#Yangon_Media_Group
#LocalNews
Published_ 12 March 2022
စက်သုံးဆီဈေးတွေ မြင့်တက်နေပေမယ့်လည်း ရခိုင်ပြည်နယ်ကို ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းတွေ ဈေးမတက်သေးဘဲ ပုံမှန်ပြေးဆွဲနေသေးတယ်လို့ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းမှာရှိတဲ့ ရခိုင်ဂိတ်တာဝန်ရှိသူတွေက တညီတညွတ်တည်း ပြောဆိုကြပါတယ်။
#Yangon_Media_Group
#LocalNews
Published - 12 March 2022
အခုလက်ရှိမှာ ငါးသံယံဇာတမဆုံးရှုံးစေဖို့ နှစ်စဉ် ငါးမဖမ်းရရာသီကို တစ်လစောပြီးသတ်မှတ်လာပါတယ်။ အရင်က ငါးမဖမ်းရရာသီကို မေ၊ ဇွန်၊ ဇူလိုင် မှာ သတ်မှတ်ခဲ့ပြီး အခုနှစ်မှာတော့ တစ်လစောကာ လာမယ့် ဧပြီ၊ မေ၊ ဇွန် ၃ လကို သတ်မှတ်လိုက်တာပါ။
#Yangon_Media_Group
Page 2170 of 2243