#Local_News
Published - 24 June 2022

 

ရေနံချက်စက်ရုံအမှတ်(၁)ရှိ ဆိပ်ခံဗော(Pontoon) ကို ပြင်ဆင်ပြီး တိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် အသစ်တည်ဆောက်မည်ဖြစ်သော ဆိပ်ခံဗောတံတား (Jetty) တွင် အသုံးပြုမည့်ဆိပ်ခံဗော(Pontoon) အဖြစ် အသုံးပြုမည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်၊၊

ဇွန်လ (၂၃) ရက်တွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တာဝန်ခံအရာရှိတို့ ပါဝင်သည့်အဖွဲ့များသည် သန်လျင်မြို့နယ်၊ရေနံချက်စက်ရုံရှိအမှတ်(၁)ဆိပ်ခံဗော (Pontoon) ကို သွားရောက်ကြည့်ရူ စစ်ဆေးခဲ့ကြောင်းသိရသည်၊၊

 

အဆိုပါ ဆိပ်ခံဗော (Pontoon)မှာ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တွင် အသစ်တည်ဆောက်မည်ဖြစ်သော ဆိပ်ခံဗောတံတား (Jetty) တွင် အသုံးပြုမည့် ဆိပ်ခံဗောဖြစ်ပြီး အရွယ်အစား ပေ(၈၀’x ၂၀’x၆’) ရှိပြီး လက်ရှိအခြေအနေတွင် ပြည်တွင်း ရေကြောင်းမှ ပြင်ဆင်ရမည့်လုပ်ငန်းများကို အသေးစိတ်တွက်ချက်၍ ပြည်တွင်းရေကြောင်းပိုင်သင်္ဘောကျင်းတွင် ဒေါက်တင်ပြင်ဆင်မည်ဖြစ်ပြီး ကောင်းမွန်သွားလျှင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊

 

ymg/tthl
#Yangon_Media_Group