#LocalNews
Published - 24 June 2022

ဧရာဝတီမြစ်ရေတက်လာပြီဖြစ်၍ ညောင်ဦးမြို့နယ်ရှိကမ်းနားရပ်ကွက်များက နေအိမ်အချို့၌မြစ်ရေများ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက YMG ကို ပြောသည်၊၊

 

မြစ်ရေတက်လာပြီး ရေဘေးအန္တရာယ်ကြုံနိုင်သည့်အတွက် မြစ်ကြောင်းတစ်လျှောက်တွင် ဌာနကချထားပေးသည့် စပိဘုတ်ရေယာဥ်ဖြင့် တပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးတာဝန်ချထားပြီဖြစ်ကြောင်းသိရသည်၊၊

 

လတ်တလောတွင် ညောင်ဦးမြို့နယ်ရှိ ကမ်းနားနေအိမ်အချို့သို့ မြစ်ရေများ စတင်ဝင်ရောက်လာပြီဖြစ်သော်လည်း နေရာရွေ့ပြောင်းပေးရတဲ့အခြေ အနေမျိုးတော့ မရောက်သေးဘူးဟု ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့၊ဦးစီးအရာရှိ ဦးကျော်မင်းသူကYMG ကို ပြောသည်၊၊

 

"မြစ်ရေတက်လာပြီး ရေဘေးအန္တရာယ်ကြုံနိုင်တဲ့အတွက် မြစ်ကြောင်းတစ်လျှောက်မှာ ဌာနကချထားပေးတဲ့ စပိဘုတ်ရေယာဥ်နဲ့ တပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးတာဝန်ချထားပြီဖြစ်ပါတယ်၊၊
မြစ်ရေကတော့ ကမ်းနားရပ်ကွက်တွေမှာ နေအိမ်အချို့မှာတော့ ခြံဝန်းထဲထိ နေအိမ်ထဲထိရေဝင်တာ တွေရှိပါတယ်၊၊ အိမ်အောက်ထပ်အထိ ဝင်ရောက်နေပြီ၊၊ နေရာရွေ့ပြောင်းပေးရတာမျိုးအန္တရာယ်တော့ မရှိသေးပါဘူး၊၊ စိုးရိမ်ရေမှတ်ရောက်ဖို့( ၄.၇၅)ပေလောက် လိုသေးတယ်၊၊ ကျွန်တော်တို့ ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့အနေနဲ့ ကြိုတင်ပြင်ဆင်မှု အနေနဲ့ မြို့နယ်မှာ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲဝင် အင်အား (၃၅)ဦးနဲ့ ပြင်ဆင်ထားတာပါ၊၊ သဘာဝဘေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုတွေနဲ့ ပစ္စည်းပစ္စယတွေလည်း ကြိုတင်စုဆောင်းထားပါတယ်၊၊
"ဟု ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ ၊ဦးစီးအရာရှိ ဦးကျော်မင်းသူက ပြောသည်၊၊

 

ဧရာဝတီမြစ်ရေ (၁၉၇၅)စင်တီမီတာရှိပြီးသည် ညောင်ဦးမြို့နယ်တွင် နောက်(၂၄)နာရီအတွင်း (၂၅)စင်တီမီတာတိုးကာ (၂၀၀၅)စင်တီမီတာထိရောက်ရှိမည်ဖြစ်ကာ ညောင်ဦးမြို့နယ်၏ စိုးရိမ်ရေအမှတ်(၂၁၂၀)စင်တီမီတာရောက်ရန် (၁၁၅)စင်တီမီတာသာလိုတော့မည်ဖြစ်ကြောင်း မိုး/ဇလက ဇွန်လ၂၄ရက်တွင် ထုတ်ပြန်ထားသည်၊၊

 

ymg/tthl
#Yangon_Media_Group