#Local_News
Published - 24 June 2022

 

မန္တလေးတွင် ယာဉ်မောင်းနှင်ပါက ယာဉ်မောင်းလိုင်စင်အပြင် မှတ်ပုံတင်မူရင်းတို့ကိုပါ တပါတည်းယူဆောင်လာရမည်ဟု အမိန့်ထုတ်ပြန်ထားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 

မော်တော်ယာဥ်အပါအဝင် မော်တော်ဆိုင်ကယ် မောင်းနှင်သူများအနေဖြင့် လိုင်စင်နှင့်အတူ မှတ်ပုံတင်မူရင်းကိုပါ ယူဆောင်ရမည်ဟု ယခုရက်ပိုင်းအတွင်း သက်ဆိုင်ရာအဖွဲ့အစည်းမှ လိုက်လံကြေညာထားကြောင်း သိရသည်။

 

" မန္တလေးမှာက ကားထက်ဆိုင်ကယ်ကို စီးတာများတယ်။ ဒီလိုမျိုးတွေကန့်သတ်တော့ အခက်အခဲတွေရှိတာပေါ့"ဟုမန္တလေးမြို့ဒေသခံတစ်ဦးက ပြောသည်။

 

ယင်းအပြင်ဆိုင်ကယ်စီးပါက နှစ်ယောက်စီးခွင့်မရှိကြောင်းနှင့် မော်တော်ယာဉ်မောင်းနှင်ရာတွင်လည်း ခါးပတ်ပတ်ထားရမည်ဟု ကြေညာချက်တွင်ပါရှိသည်။

 

လက်ရှိတွင် မန္တလေးမြို့၏ နေရာအနှံတွင် ဆိုင်ကယ်၊ ကားများကို စစ်ဆေးမှုများဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group