#LocalNews
Published _ 24 June 2022

 

ယနေ့ ဇွန်လ ၂၄ရက် နံနက် (၁၁း၄၀) အချိန်ခန့်က ရန်ကုန်တိုင်းအတွင်း မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက် ချမ်းသာလမ်းရှိ ဆောက်လက်စ တိုက်ပေါ်မှ အမျိုးသားတစ်ဦး မတော်တဆပြုတ်ကျခဲ့ကြောင်း မြန်မာ့ကြယ်ဖြူ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

 

"ကျွန်တော်တို့ အသင်းကို လူတစ်ယောက် တိုက်ပေါ်ကနေ ပြုတ်ကျသွားတယ်လို့ ရပ်ကွက်က အကြောင်းကြားလာတာကြောင့် အရေးပေါ်လူနာတင်ယာဥ် တစ်စီးနဲ့သွား ရောက်ခဲ့ပါတယ်။ရောက်သွားတော့ လူနာက ဝဲနားထင်ကွဲ၊ ဝဲပေါင်ရိုးကျိုး၊ ယာလက်ကောက်ဝတ်ကျိုး ဒဏ်ရာတွေရခဲ့တာကြောင့် မြေပြင်ပြုစုမှုတွေနဲ့ သွေးထိန်ပြီး မြောက်ဥက္ကလာပဆေးရုံ အရေးပေါ်ဌာနကို အချိန်မီ ကူညီပို့ဆောင်ပေးခဲ့ကြပါတယ်" လို့ မြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ဆယ်ရေးအသင်းဝင် ကိုလွင်မောင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေထားသည်။

 

မတော်တဆဖြစ်ရပ်နှင့်ပတ်သက်၍ အသေးစိတ်မသိရှိရသေးပဲ ယင်းလူနာဟာ မြောက်ဥက္ကလာပဆေးရုံတွင်ဆေးကုသမှုခံယူဖို့ အသင်းမှ ကူညီပေးထားကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group