#LocalNews
Published_24 June 2022

 

ပြန်ပေးဆွဲခံခဲ့ရသည့် ပညာရေးဝန်ထမ်း ၂ ဦးအား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က မြန်မာနိုင်ငံဘက်သို ဇွန်လ ၂၃ ရက် ည ၁၀ နာရီခွဲခန့်က တရားဝင်လွှဲပြောင်းလိုက်ပြီးနောက် ယနေ့ ဇွန်လ ၂၄ ရက်တွင် မိသားစုနှင့် ပြန်ဆုံခွင့်ရပြီဖြစ်ကြောင်း သိရသည်။

 

မောင်တော မြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားထိပ်၌ ကော့ဘဇားမြို့အခြေစိုက် အမှတ် (၃၄) BGB နယ်ခြားစောင့် တပ်ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးက မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးထံ လွှဲပြောင်းအပ်နှံခဲ့ခြင်းဖြစ်သည်။

 

ဆရာနှင့် ဆရာမတို့နှစ်ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးကာတာ သိန်း ၅၀ နှင့် ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်သောကြောင့် ယင်းငွေနှင့်ညီမျှသော မြန်မာကျပ်ငွေ ၁၀၄၁ သိန်းဖြင့် ပြန်လည်ရွေးယူခဲ့ရခြင်း ဖြစ်ကြောင်း၊ ယင်းငွေကို ရရှိချိန်တွင် ဆရာနှင့် ဆရာမနှစ်ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်ဖ်မြို့နယ်၊ နီလာအုပ်စု၊ ခြံချောင်း (ခ)Kharang Khali(ရခိုင်) ကျေးရွာအနီး လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်၊ ယင်းနောက် တက္ကနာဖ်ပ်မြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မော်တော်ယာဉ် ၂ စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးအားခေါ်ဆောင်၍ တက္ကနာဖ်ပ်မြို့နယ်ရဲစခန်းသို့ခေါ်ဆောင်ခဲ့ပြီးနောက် အထက်ပါအတိုင်း ပြန်လည်လွှဲအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ-အောင်သက်
ymg/mt
#Yangon_Media_Group