#LocalNews
Published - 24 June 2022

 

ဇွန်လ ၂၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မြွေဟင်္သာကျေးရွာမှ စကျင်ကျေးရွာသို့ မောင်းနှင်လာသော စက်လှေ(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်၊၊

 

မတ္တရာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ Madaya Rescue နှင့် လက်ပံလှ Rescue အသင်းဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်၊၊

ယင်းကဲ့သို့ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ရာမှ လှေပေါ်ပါ ကျား(၅)ဦးအနက် ကျား(၄)ဦးအား အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ပြီး (၁၁ ၅၅) အချိန်တွင် ကျန် ကျား(၁)ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ကာ Madaya Rescue အသင်းမှ သူနာတင်ယာဉ်ဖြင့် မတ္တရာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်၊၊

 

ymg/tthl
#Yangon_Media_Group