#Daily_News
Published 17 March 2025
၁။ YPS ကတ်များငွေဖြည့်သွင်းခြင်းကို mobile money မှတဆင့် ဖြည့်သွင်းနိုင်ရန်ဆောင်ရွက်နေ
၂။ ရည်ညွန်းဈေး ဆက်တိုက်ကျဆင်းနေသည့် စားအုန်းဆီပြင်ပပေါက်ဈေးကျဆင်းရန်လို
၃။ ကမ္ဘာ့ရွှေ စံချိန်တင်မြင့်တက်နေသော်လည်း ရည်ညွှန်းဈေးကျပြီး အရောင်းအဝယ်အေးနေ
၄။ အမေရိကန်စစ်မှုထမ်းဟောင်းများ ဝါရှင်တန်ဒီစီကပ်ပီတိုလ်လွှတ်တော်ရှေ့၌ဆန္ဒထုတ်ဖော် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 17 March 2025
▪️ ဘုရားစေတီပုံများရိုက်နှိပ်ထားသည့် တစ်ခါသုံးကော်ဖီခွက်များကို အသုံးပြုကာ လက်ဖက်ရည်ထည့်ရောင်းချနေမှုအား မတ်လ ၁၆ ရက်ကသွားရောက် စစ်ဆေးသိမ်းဆည်းခဲ့ကြောင်း သိရသည်။
▪️ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ (၃၉)မိုင်ယာဥ်ရပ်နား စခန်းဝန်းအတွင်းရှိ ရွှေပလ္လင်စားသောက်ဆိုင်၌ တစ်ခါသုံးကော်ဖီခွက်တွင် ဘုရားစေတီပုံများရိုက်နှိပ်ထားပြီး လက်ဖက်ရည်ထည့်ကာရောင်းချနေ ကြောင်းသတင်း အရ မတ်လ၁၆ရက် ည၇နာရီ ၄၅မိနစ်က ဘုရားကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိုင်းကြိုင်ကြိုင်တိုး ဦးစီးသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ဘုရားကြီးမြို့နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ်ကျော်ဆန်းဝင်း ဦးစီးတပ်ဖွဲ့ဝင်များ၊ (၃၉)မိုင်စစ်ဆေးရေးဂိတ်မှ ဒုရဲအုပ်ရဲနိုင် ဦးစီးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့စစ်ဆေးရာတွင် ရွှေပလ္လင်စားသောက်ဆိုင်အတွင်း၌ တစ်ခါသုံး ကော်ဖီခွက်တွင် ဘုရားစေတီပုံများရိုက်နှိပ်ထားသည့်ကော်ဖီခွက်(၂၅)ခွက်အားတွေ့ရှိခဲ့ရာ ဆိုင်မန်နေဂျာ ဦးမျိုးဝင်းမှအပ်ပေးသဖြင့် ဘုရားကြီးမြို့နယ်အုပ်ချုပ်ရေးမှူး မှ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေကို ပြီးခဲ့တဲ့ တပေါင်းလပြည့် အစိုးရရုံးပိတ်ရက်ကာလအတွင်း တစ်ရက်ကို ခရီးသွား(၂၅၀၀)ကျော် အထိ လာရောက်လည်ပတ်ခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားရေးဝန်ကြီးဌာန ကသိရပါတယ်။
#Local_News
Published 17 March 2025
#ချောင်းသာနှင့်ငွေဆောင်ကမ်းခြေ #ဟိုတယ်နှင့်ခရီးသွားရေးဝန်ကြီးဌာန
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေစံချိန်တင်မြင့်တက်နေသော်လည်း ရည်ညွှန်းဈေးအနည်းငယ်ကျနေပြီး ဈေးကွက်ထဲမှာ အရောင်းအဝယ်အေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 17 March 2025
#ကမ္ဘာ့ရွှေစံချိန်တင်မြင့်တက် #ရည်ညွှန်းဈေးကျ
#YMG/NN #Yangon_Times
စားအုန်းဆီ ရည်ညွန်းဈေးတွေ ဆက်တိုက်ကျဆင်းနေတာမို့ ပြင်ပမှာရောင်းချတဲ့ဈေးတွေလည်းကျဆင်းဖို့ လိုအပ်တယ်လို့ စားသုံးသူတွေက ပြောပါတယ်။
#Local_News
Published 17 March 2025
#စားအုန်းဆီပြင်ပပေါက်ဈေးကျ #ရည်ညွန်းဈေးကျဆင်း
#YMG/SW #Yangon_Times
YBS ယာဉ်များ စီးနင်းရာမှာ အသုံးပြုတဲ့ YPS ကတ်တွေကို mobile money နဲ့ ငွေဖြည့်သွင်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ သိရပါတယ်။
#Local_News
Published 17 March 2025
#YPSကတ် #mobile_moneyမှတစ်ဆင့်ငွေဖြည့်ခြင်း
#YMG/SW #Yangon_Times
#Local_News
Published 17 March 2025
▪️ တက္ကသိုလ်ဝင် ကျောင်းသား/သူများ စာမေးပွဲဖြေဆိုနေချိန်အတွင်း အရေးပေါ်နှင့် မီးသတ်ယာဉ်များ ဥသြသံပေး မောင်းနှင်သွားမည်မဟုတ်ကြောင်း သိရသည်။
▪️ ယနေ့ မတ်လ (၁၇)ရက်နေ့မှ (၂၂ )ရက်နေ့အထိ တက္ကသိုလ်ဝင် ကျောင်းသား/သူများ စာမေးပွဲဖြေဆိုနေချိန်အတွင်းမီးလောင်မှုဖြစ်စဉ်များ၊ယာဉ်တိုက်မှုအရေးပေါ်လူနာပို့ဆောင်မှုများအား မီးသတ်ယာဉ်များလူနာတင်ယာဉ်များမှ ဥသြသံပေး မောင်းနှင်သွားမည်မဟုတ်ကြောင်း ဆိုထားသည်။
▪️ သို့သော် မီးသတ်ယာဉ်၊ လူနာတင်ယာဉ်ပေါ်၌ပါရှိသော အရေးပေါ်မီးလည်းနှင့်မီးတန်းများဖွင့်၍လည်းကောင်း၊ ရှေ့မီးကြီးမျာဖွင့်၍ လည်းကောင်း မောင်းနှင်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ပုံစံဖြင့်မီးသတ်ယာဉ်များ၊ လူနာတင်ယာဉ်များမောင်းနှင်လာပါက လမ်းမပေါ်ရှိမိဘပြည်သူများအနေဖြင့် မိမိ၏ယာဉ်အား လမ်းဘေးသို့ကပ်/ချပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအသိပေးထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 196 of 2136